ပြီးခဲ့သည့် (၁၆)နှစ်အတွင်း ဘာမျှစားသောက်ခြင်းမျိုးမရှိဘဲ နေထိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ အီသီယိုးပီးယားအမျိုးသမီး
Pika (NSS) - မေ ၂၃
အီသီယိုးပီးယားနိုင်ငံမှ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည့် Muluwork Ambaw က ၎င်းသည် ပြီးခဲ့သည့်(၁၆)နှစ်အတွင်း ဘာမျှစားသောက်ခြင်းမျိုးမရှိဘဲ ဖြတ်သန်းခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ လူအများစုသည် မည်သည့်အရာကိုမျှစားခြင်းမျိုးမရှိဘဲ နာရီအနည်းငယ်သာ ခံနိုင်ရည်ရှိသော်လည်း Muluwork Ambaw က ၎င်းသည် အစားစားချင်စိတ်ပျောက်ကွယ်သွားခဲ့ပြီးနောက် (၁၀)နှစ်အရွယ်ကတည်းက အစားအစာစားခြင်းကို ရှောင်ကြဉ်ခဲ့သည်ဟု ပြောဆိုခဲ့သည်။
အစားစားခြင်းမျိုးမရှိသော်လည်း Muluwork Ambaw သည် ကျန်းမာရေးကောင်းမွန်သည့် အခြေအနေတွင်ရှိပြီး အခြားသူများအတွက် ချက်ပြုတ်ပေးခြင်းအပါအဝင် အလုပ်မျိုးစုံကို လုပ်ဆောင်ခြင်း နှင့် နေ့စဉ်အလုပ်များကို လုပ်ဆောင်နေကြောင်းသိရသည်။ အဆိုပါအမျိုးသမီးငယ်သည် အီသီယိုးပီးယားတွင် ဆေးစစ်မှုများစွာကို လုပ်ဆောင်ထားသော် လည်း ၎င်းကအမှန်တရားကိုပြောခြင်း ဟုတ်/ မဟုတ်ဆိုသည့်အချက်ကို မည်သူကမှအတည်ပြုနိုင်ခြင်းမျိုး မရှိသေးပေ။
ထို့ပြင် Addis Ababa မြို့ရှိ ဆေးရုံမှ ဆရာဝန်များက စစ်ဆေးမှုများပြုလုပ်ချိန်တွင် Muluwork Ambaw ၏ အူထဲတွင် မည်သည့် အစာမှမရှိဟုဆိုသည့် အထောက်အထားများမရှိကြောင်း အတည်ပြုခဲ့သည်။ ၎င်း၏ နှုတ်ခမ်းပေါ်မှ အစားအစာများဖြတ်သွားသည့် နောက်ဆုံးအကြိမ်ကို လက်ရှိအချိန်အထိ မှတ်မိသေးကြောင်း အသက် (၂၆)နှစ်အရွယ် Muluwork Ambaw ကပြောဆိုခဲ့သည်။ ၎င်းနောက်ဆုံးစားခဲ့သော အစားအစာမှာ ပုံမှန် အီသီယိုးပီးယားအစားအစားဖြစ်သော ပဲနီလေးစွပ်ပြုတ်ဖြစ်ကြောင်း Muluwork Ambaw က ပြောဆိုခဲ့သည်။ အစောပိုင်းကာလများတွင် အစားစားသည်ဟု ၎င်း၏မိသားစုများကို လိမ်ညာရန် ကြိုးပမ်းခဲ့သော်လည်း လက်တွေ့တွင် အမှန်တရားကို ပြောကြားခဲ့ကြောင်း Muluwork Ambaw က ပြောကြားခဲ့သည်။ ၎င်းက “ကျွန်မမိသားစုက မနက်စာ စားခိုင်းပြီး ကျောင်းတက်ခိုင်းပါတယ်။ ဒါပေမဲ့ ကျွန်မစားခဲ့ပြီးတဲ့ပုံစံမျိုးနဲ့ ဟန်ဆောင်နေခဲ့တာပါ။ ရေ ဒါမှမဟုတ် အစားအစာ တစ်ခုခုကို ကျွန်မ စားချင်စိတ်ပျောက်သွားခဲ့တာပါ”ဟု ပြောဆိုခဲ့သည်။
အဆိုပါအမျိုးသမီးက ၎င်းသည် ပြီးခဲ့သည့်(၁၆)နှစ်အတွင်း ဘာမျှမစားမသောက်သောကြောင့် အဆိုပါအချိန်အတွင်း အိမ်သာကို အသုံးပြုရန် မလိုအပ်ခဲ့ကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။ လူများသည် အစာမစားဘဲနှစ်ပေါင်းများစွာကြာ နေနိုင်သည်ဟု ကြားဖူးသော်လည်း Muluwork Ambaw သည် အရည်သောက်ဖို့မလိုအပ်ကြောင်း ပြောဆိုသူ အနည်းငယ်ထဲမှတစ်ဦးဖြစ်ပြီး ယုံကြည်ရန် ခက်ခဲကြောင်း လေ့လာသူများက ပြောကြားထားသည်။ အစားအစာနှင့်ရေမရှိဘဲ နေနိုင်သည့်အကြာဆုံးရက်မှာ (၁၈) ရက် ဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနှင့်မဝေးသော ဟိမဝန္တာတောင်တန်းဒေသ၏ ပေကျင်း-နယူးဒေလီ အားပြိုင်မှု (သို့မဟုတ်) နီပေါနယ်မြေ ပြဿနာ (ဆောင်းပါး)
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ