Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနှင့်မဝေးသော ဟိမဝန္တာတောင်တန်းဒေသ၏ ပေကျင်း-နယူးဒေလီ အားပြိုင်မှု (သို့မဟုတ်) နီပေါနယ်မြေ ပြဿနာ (ဆောင်းပါး)

Htay Oung (NSS) - မေ ၂၃

တရုတ်ဟာ နီပေါနိုင်ငံအတွင်း ဩဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ နီပေါနိုင်ငံအတွင်း တရုတ် ရဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့တိုက်ကွက်တွေဟာ ဟိမဝန္တာတောင်တန်းဒေသ ကုန်းတွင်းပိတ် တိုင်းပြည်က အိန္ဒိယကို အလဲထိုးသွားနိုင်ပါတယ်။ အဲဒီအတောအတွင်း နယူးဒေလီနဲ့ ခတ္တမန္ဒူတို့ အကြား မတည်မငြိမ်ဖြစ်နေတဲ့ ဆက်ဆံရေးကို မီးဟုန်းဟုန်းတောက်လောင် သွားစေနိုင်တဲ့ကိစ္စကတော့ အိန္ဒိယက သူတို့ပိုင်ဆိုင်ကြောင်းပြောဆိုနေတဲ့ အငြင်းပွားနယ်မြေတွေကို နီပေါက သူ့နိုင်ငံရဲ့ ငွေစက္ကူသစ်မှာ ထည့်သွင်းဖော်ပြလိုက်ခြင်းပဲဖြစ်တယ်လို့ “ယူရေးရှားတိုင်းမ်” မေလ ၄ ရက်ကဖော်ပြပါတယ်။


နီပေါနဲ့အိန္ဒိယတို့ဟာ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေအရ နက်ရှိုင်းတဲ့နီးကပ်မှုတွေရှိခဲ့ပါတယ်။ နှစ်နိုင်ငံ ပြည်သူတွေအချင်းချင်း ဆွေမျိုးရင်းခြာပမာ ပွင့်လင်းစွာ ဆက်ဆံနေကြပေမယ့် နီပေါဟာ ဘယ်တုန်းကမှ အိန္ဒိယရဲ့နယ်မြေအစိတ်အပိုင်း မဖြစ်ခဲ့ပါဘူး။ ၁၈၁၄ -၁၈၁၆ ခုနှစ် စစ်ပွဲမှာ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ စစ်တပ်ကို နီပေါတို့အရေးနိမ့်ခဲ့လို့သာ အင်္ဂလိပ်အိန္ဒိ ယ ကိုလိုနီအင်ပါယာအတွင်း သွတ်သွင်းခံခဲ့ရဖူးတာတော့ရှိပါတယ်။ ဒါပေမဲ့ အိန္ဒိယတိုက်ငယ် လွတ်လပ် ရေးမရရှိမီ ၁၉၂၃ ခုနှစ်ကတည်းက နီပေါကို လုံးဝလွတ်လပ်တဲ့နိုင်ငံအဖြစ် အင်္ဂလိပ်တို့ကိုယ်တိုင် အသိ အမှတ်ပြုခဲ့ပါတယ်။ လွတ်လပ်ရေးရရှိပြီးနောက် နယူးဒေလီ ဟာ ၁၉၅၀ ပြည့်နှစ် ခတ္တမန္ဒူနဲ့ ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ သဘောတူညီချက်အရ ဂေါ်ရခါး အများစု နီပေါနိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်နေထိုင်နိုင်ခွင့်၊ အလုပ်လုပ်ကိုင်ပိုင်ခွင့်၊ ပညာသင်ယူပိုင်ခွင့်အပြင် ကျန်းမာရေးဝန်ဆောင်မှုတွေ လည်း ခံစားနိုင်ပါတယ်။ နီပေါတို့ရဲ့ နီပါလီဘာသာစကားဟာ အိန္ဒိယမှာလည်း တရားဝင် ရုံးသုံး ဘာသာ စကားဖြစ်နေပါတယ်။

ဒါပေမဲ့ နီပေါနဲ့အိန္ဒိယတို့အကြား နယ်ခြားသတ်မှတ်ရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုရှိနေခဲ့ပါ တယ်။ နှစ်နိုင်ငံအကြား ကာလီမြစ်ဟာ နယ်ခြားဖြစ်တယ်လို့ ခတ္တမန္ဒူကဆိုပေမယ့် နီပေါနဲ့ ဗြိတိသျှအိန္ဒိ ယအစိုးရတို့အကြား နယ်ခြားသတ်မှတ်စဉ် ကာလီမြစ်ဟာ လက်ရှိအခြေနေအတိုင်းမဟုတ်ဘူးလို့ အိန္ဒိယ ကငြင်းဆိုပါတယ်။ ၁၉၉၇ ခုနှစ် ကာလီမြစ် ရေအားလျှပ်စစ်စီမံကိန်းကို ခတ္တမန္ဒူက အကောင် အထည်ဖော်တဲ့အခါ နှစ်နိုင်ငံအငြင်းပွားမှုဟာ ပိုမိုပြင်းထန်သွားရပါတယ်။ မြစ်တည်ရှိရာ ကာလာပန်နီ ဒေသဟာ ၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယနယ်စပ် စစ်ပွဲပြီးဆုံးကတည်းက နှစ်နိုင်ငံတပ်တွေ ရန်စောင်နေကြရာ နယ်မြေဖြစ်နေပါတယ်။ မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးထက် အနည်းငယ်ပိုကြီးပြီး လူဦးရေ သန်း ၃၀ ခန့်နေထိုင်တဲ့ ဟိမဝန္တာတောင်တန်းဒေသ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဟာ တစ်ဖက်မှာလည်း တရုတ်နိုင်ငံနဲ့ နယ် နိမိတ်ချင်း ထိစပ်နေပါတယ်။ တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံထားပြီး ပေကျင်းနဲ့ တန်းတူ ညီမျှမှု၊ အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံလျက်ရှိပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း ဆိုရှယ်လစ် ဒီမိုကရေစီ နီပေါ နိုင်ငံမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံမျှ ရှိနေခဲ့ပါတယ်။


လမ်ပီယာဒူရာ၊ လီပူလက်ခ်နဲ့ ကာလာပါနီ တို့လိုနယ်မြေတွေကို အသစ်ရိုက်နှိပ်မယ့် နီပေါ ရူပီး ၁၀ဝ တန်ငွေ စက္ကူသစ်မှာ ထည့်သွင်းဖော်ပြဖို့ ခတ္တမန္ဒူဝန်ကြီးချုပ် ပွတ်ရှ်ပါးကမဲလ်ဒါဟဲက ဆုံးဖြတ် လိုက်ပါတယ်။ အဲဒီနယ်မြေတွေကိုပိုင်ဆိုင်ကြောင်း အိန္ဒိယရဲ့ပြောဆိုချက်တွေဟာ တရားမဝင်ဘူးလို့ လည်း ဝေဖန်လိုက်ပါတယ်။ အိန္ဒိယနဲ့ပိုင်ဆိုင်မှုအငြင်းပွားနေဆဲ နယ်မြေတွေကို ထည့်သွင်းဖော်ပြမယ့် ငွေစက္ကူသစ်အတွက် ဒီဇိုင်းရေးဆွဲခြင်းကို ဧပြီလနဲ့ မေလ နီပေါအစိုးရအဖွဲ့အစည်းအဝေးတွေမှာ အတည်ပြုခဲ့ပါတယ်။  အဲဒီနယ်မြေ သုံးခုစလုံးဟာ နီပေါနိုင်ငံအနောက်မြောက်ပိုင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား တည်ရှိနေပါတယ်။ အထူးသဖြင့် လီပူလက်ခ်တောင်ကြားလမ်းမှာအဆုံးသတ်တဲ့ ကာလာပါနီ-လီပူ လက်ခ်လမ်းမကြီးဟာ တရုတ်ရဲ့ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အိန္ဒိယ ဥတ္တာရာ ဟန်းပြည်နယ် အကြားဆက်သွယ်ထားတဲ့အတွက် နယ်မြေပိုင်ဆိုင်ကြောင်းအငြင်းပွားမှုဟာ အင်မတန် အရေးကြီးပါ တယ်။ ဒီပြဿနာဟာ ဒေသတွင်း အကျိုးစီးပွားရှိနေတဲ့ နီပေါ၊ တရုတ်နဲ့ အိန္ဒိယတို့အကြား ဆက်ဆံရေး အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက အိန္ဒိယဟာတိဗက် ဒေသ “ကိုင်လက်ရှ်” အနီး “မန်ဆာရိုဗာ”ကို မိုင်၅၀ အရှည်ရှိတဲ့ မော်တော်ကားလမ်းဖောက်လုပ်ခဲ့ပါတယ်။ လီပူလက်ခ်တောင်ကြားလမ်းအနီး “မန်ဆာရိုဗာ တောင်ပေါ်ရေကန်ကြီး”ကို ဘုရားဖူးလာရောက်ကြဖို့ ကြေညာဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီရေအိုင်ကြီးဟာ တိဗက် ဒေသ ကိုင်လက်ရှ်ရေခဲတောင်မှ ဆီးနှင်းပျော်ရည်တွေ စီးဝင်နေတဲ့ ရေချိုကန်ကြီးဖြစ်ပါတယ်။ အနီးမှာ အိန္ဒုမြစ်ကစီးဆင်းနေပြီး ဟိန္ဒူ-ဂျိန်းဘာသာနဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အထွတ်အမြတ်ထားရာ ဖြစ်ပါတယ်။


၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယ နယ်ခြားစစ်ပွဲပြီးဆုံးကတည်းက လီပူလက်ခ်နယ်မြေဟာ နှစ် ဖက်စစ်တပ်အချင်းချင်း ဆက်လက်ရန်စောင်နေခဲ့ကြပါတယ်။ အဲဒီလမ်းဟာ နယ်ခြားဒေသ “အမှန်တ ကယ် ထိန်းချုပ်ရေးမျဉ်း” LOA တစ်လျှောက် တရုတ်တို့နဲ့ ထိပ်တိုက်တွေ့နေရတဲ့ အိန္ဒိယစစ်တပ်ကို ဥတ္တာ ရာဟန်းပြည်နယ်မှ ထောက်ပို့ပေးဖို့ အလွန်အသုံးဝင်ပါတယ်။ ဂါတီယာဘတ်မြို့မှစတင်ပြီး တိဗက်နယ်စပ် လီပူလက်ခ်တောင်ကြားမှာ အဆုံးသတ်တာဖြစ်လို့ နယူးဒေလီအတွက် အလွန် အရေးကြီးပါတယ်။ နီပေါနဲ့အိန္ဒိယအကြား နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတာ နှစ်နေရာရှိပါတယ်။ နီပေါ-အိန္ဒိယ-တရုတ် သုံးနိုင်ငံဆုံရာ ၁၄ စတုရန်းမိုင် ကျယ်ဝန်းတဲ့ တြိဂံဒေသ ယခုဖော်ပြပါ ကာလာပါနီ နယ်မြေနဲ့ တခြားတစ်ခုကတော့ နီပေါနိုင်ငံ လုမ္ဗိနီ ပြည်နယ်နဲ့ဆက်စပ်နေပြီး ၇.၇ စတုရန်းမိုင်ကျယ်ဝန်းတဲ့ “ဆူစတာ” ဧရိယာဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓ ဖွားမြင်တော်မူရာနဲ့ တစ်ဆက်တည်းဖြစ်တဲ့ အဲဒီနေရာကို နယူးဒေလီက သူရဲ့ဘီဟားပြည်နယ် အနောက်မြောက်ပိုင်းအဖြစ် မှားယွင်းစွာ ထည့်သွင်းထားတယ်လို့ ခတ္တမန္ဒူက စွပ်စွဲပါတယ်။  အိန္ဒိယကတော့ အဲဒါ ကိုလိုနီခေတ် နီပေါနိုင်ငံသဘောတူထားတဲ့ မြေပုံတွေ အတိုင်းပဲလို့ ချေပပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွား နယ်ခြားဒေသရဲ့ တစ်ဖက်မှာတရုတ်က ကျေးရွာတွေကို တည်ဆောက် လာကြောင်းတွေ့ရှိရတဲ့အတွက် ICBR လို့ ခေါ်တဲ့ အိန္ဒိယ-တရုတ်နယ်ခြားလမ်းများကို အပူတပြင်း ဆောက်လုပ်ဖို့ ၂၀ဝ၅ ခုနှစ်မှာ နယူးဒေလီက စီမံကိန်းချမှတ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ တံတားတွေ၊ ဥမင်လိုဏ်ခေါင်းတွေ တည်ဆောက်ဖောက်လုပ်ဖို့ ပါဝင်ပါတယ်။ အိန္ဒိယနဲ့တရုတ်တို့အကြား ဒေသတွင်း ဖွံ့ဖြိုးမှုဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီလိုက်ကြတဲ့အခါ နယူးဒေလီနဲ့ ခတ္တမန္ဒူအကြား လီပူလက်ခ် နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုဟာ အမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားပါတယ်။ ၂၀၁၉ ခုနှစ်မှာ အဲဒီနယ်မြေတွေကို သူတို့ပိုင်ဖြစ်ကြောင်း တရားဝင်မြေပုံမှာ နယူးဒေလီက ထည့်သွင်းလိုက်တဲ့အခါ နီပေါနိုင်ငံတစ်ဝန်း အိန္ဒိယဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပါတယ်။ ၂၀၂၀ ပြည့်နှစ် ဥတ္တာရာဟန်းပြည်နယ်ကို အလည်အပတ်လာရောက်တဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ ဟိန္ဒူလူထုအစည်း အဝေးမိန့်ခွန်းနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ နီပေါနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခတ္တမန္ဒူ အိန္ဒိယသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နယူးဒေလီရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းပြတ်သားပြီး တစ်သမတ်တည်းရှိတယ်လို့ ဖော်ပြထားပါတယ်။

နယ်စပ်ဒေသကိစ္စကို ဖြေရှင်းနေဆဲဖြစ်ပြီး အဲဒီနေရာက တည် ဆောက်ရေးလုပ်ငန်းတွေကို  ရပ်တန့်ဖို့ နယူးဒေလီကိုတောင်းဆိုထားကြောင်း နီပေါအစိုးရက ဇန်နဝါရီ ၁၇ ရက်နေ့မှာပြောပါတယ်။ အိန္ဒိယစစ်တပ်အကြီးအကဲဟောင်းတစ်ဦးကတော့ နီပေါရဲ့ကန့်ကွက်မှုတွေနောက်ကွယ်မှာ တရုတ်က ကြိုးကိုင်နေတယ်လို့ စွပ်စွဲပါတယ်။ အဲဒီနယ်မြေတွေဟာ အိန္ဒိယအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ ဆယ်စု နှစ်များစွာတည်ရှိခဲ့ပြီး နေထိုင်သူတွေကလည်း အိန္ဒိယနိုင်ငံသားတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ နီပေါတို့ရဲ့ မှတ်တမ်းတွေမှာတော့ ကွဲလွဲချက်တွေရှိနေပါတယ်။ ၂၀၁၅ ခုနှစ် အိန္ဒိယဟာ နီပေါအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုချမှတ်ခဲ့ပါတယ်။ ကုန်းတွင်းပိတ် တိုင်းပြည်ကိုဦးတည်တဲ့လမ်းတွေမှာ ကုန်စည်စီးဆင်းမှုကို ကန့်သတ်လိုက်ပါတယ်။ အထူးသဖြင့် ဆစ်ခ်ဘာသာဝင် ပန်ချာပီတို့ဟာ အိန္ဒိယစစ်တပ်မှာ စည်ကမ်းအသေဝပ်ဆုံး သစ္စာအရှိဆုံးအဖြစ် နာမည် ကျော်ပါတယ်၊ အလားတူ နီပေါလူမျိုး ဂေါ်ရခါးတို့ကလည်း တိုက်ရည်ခိုက်ရည်နဲ့ သူရသတ္တိအပြောင် မြောက်ဆုံးအဖြစ် ထင်ရှားပါတယ်၊ ဂေါ်ရခါးတွေကို တပ်သားသစ်အဖြစ်စုဆောင်းခြင်းမှ အိန္ဒိယက ရပ် တန့်လိုက်ပါတယ်။ လွတ်လပ်ရေးရရှိစဉ် ဗြိတိသျှ အိန္ဒိယတပ်မတော်တပ်မဟာ (၇)ခုမှာ ဂေါ်ရခါးတပ် ရင်း (၃၉)ရင်းရှိခဲ့ရာက ယခုအခါ (၆)ရင်းမှ (၁၀)ရင်း အထိကျဆင်းသွားပြီး ၂၀၃၇ ခုနှစ်မှာ ဂေါ်ရခါးတပ် ရင်းတွေ လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။ အိန္ဒိယရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် နီပေါအနေနဲ့ ရင်းနှီး မြှုပ်နှံမှုတွေနဲ့ ချေးငွေတွေရရှိဖို့အတွက် တရုတ်နိုင်ငံဘက်သို့ ဦးလှည့်သွားခဲ့ပါတယ်။ အရင်က အိန္ဒိယနဲ့ နီးကပ်စွာဆက်ဆံခဲ့ပေမယ့် ခုအခါ လွတ်လပ်စွာရပ်တည်ရေးနည်းလမ်းကို ပိုမိုရှာဖွေနေပြီဖြစ်ပါတယ်။

တရုတ်ကတော့ သူရဲ့ BRI ရပ်ဝန်းနဲ့ လမ်းစီမံကိန်းမှတစ်ဆင့် နိုင်ငံတကာနဲ့ကုန်သွယ်ရေးကို တိုးချဲ့ဖို့အတွက် အရေးပါတဲ့မိတ်ဖက်အဖြစ် နီပေါကို ရှုမြင်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လမှာ အိန္ဒိယက “ဆယ်လာဥမင်လိုဏ်ခေါင်း”ကို ဖွင့်လှစ်လိုက်ပါတယ်။ အာသံပြည်နယ် ဂူဝါဟတ္တိနဲ့ အာရူနာချယ်ပရာ ဒက်ရှ် ပြည်နယ် “တာဝမ်တောင်ကြား”မှာတည်ရှိပြီး ပေ ၁၃၀ဝ၀ ခန့်မြင့်မားတဲ့ ဟိမဝန္တာတောင်တန်း တွေ အောက်မှာ ဖြတ်သန်းဖောက်လုပ်ထားပါတယ်။ ကမ္ဘာ့အမြင့်ဆုံးဒေသ အရှည်ဆုံးနှစ်လမ်းသွား ဥမင် ဟာ တရုတ်နိုင်ငံနဲ့ တင်းမာမှုဖြစ်ပွားနေတယ်လို့ အများသိရှိထားကြတဲ့ နယ်စပ်မျဉ်းအရောက် ရာသီဥ တုမရွေး အချိန်တိုအတွင်း အရောက်သွားနိုင်မှာဖြစ်တဲ့အတွက် စစ်ရေးဆိုင်ရာ အကျိုးအမြတ်အနေနဲ့လည်း အလွန်ကြီးမားလှပါတယ်။ဆီးနှင်းခဲတွေဖုံးလွှမ်းနေပြီး အရိုးကွဲမတတ် အေးမြလှတဲ့ ဆောင်းရာသီမှာပင် (၈) မိုင် နီးပါး ရှည် လျားတဲ့ တောင်ကြားလမ်းတွင်း ဖြတ်သန်းပြီး နယ်စပ်အရောက် တပ်ဖွဲ့ဝင်တွေ၊ စစ်လက်နက်တွေနဲ့ စက်ယန္တရားတွေကို လျင်မြန်စွာပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။ မိုင် ၂၁၀ဝ ကျော်ရှည်လျားတဲ့ နယ်နိမိတ် တစ်လျှောက် နယူးဒေလီနဲ့ ကာလကြာရှည်အငြင်းပွားနေရပြီး မကြာသေးမီနှစ်များအတွင်း နျူကလီး ယား လက်နက်ပိုင် အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံတို့ထိပ်တိုက်တွေ့ခဲ့ရတာကြောင့် နယ်စပ်မှာ တည်ရှိနေတဲ့ အဲဒီဥမင်ဟာ ပေကျင်းရဲ့အာရုံကိုဖမ်းစာနိုင်ခဲ့ပါတယ်။ တာဝမ်းတောင်ကြားဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့မှ အဖြောင့်တိုင်းလျှင် မိုင် ၃၄၀ ခန့်သာ ကွာဝေးပါတယ်။ ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံဟာ တောင်ပေါ်ဥမင်လိုဏ်ခေါင်းများမှတစ်ဆင့် နီပေါနဲ့ဆက်သွယ်ရန် စီမံကိန်းကို အဆိုပြုခဲ့ပေမယ့် ငွေကြေးဆိုင်ရာ ပြဿနာတွေကြောင့် နှောင့်နှေးမှုတွေနဲ့ရင်ဆိုင် နေရပါ တယ်။ နီပေါနိုင်ငံအလယ်ပိုင်း “ပိုခါရာမြို့” မှာ တရုတ်အကူအညီနဲ့ လေဆိပ်တစ်ခုကို တည်ဆောက် ထားပြီး ဖြစ်သော်လည်း ဝေဟင်အန္တရာယ်ကင်းကြောင်း အိန္ဒိယက အာမမခံခြင်းနဲ့ လေယာဉ်ပျံ သန်းမှုတွေကို ပိတ်ဆို့ထားပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရဖို့ အလားအလာများနေတဲ့အိန္ဒိယဝန်ကြီး ချုပ် မိုဒီ ဆိုတာ ဘယ်လိုလူစားမျိုးလဲ (အတ္ထုပ္ပတ္တိ)

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved