Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရဖို့ အလားအလာများနေတဲ့အိန္ဒိယဝန်ကြီး ချုပ် မိုဒီ ဆိုတာ ဘယ်လိုလူစားမျိုးလဲ (အတ္ထုပ္ပတ္တိ)

ဂျန်ဇက် (NSS) - မေ ၂၃

အိန္ဒိယနိုင်ငံမှာကျင်းပလျက်ရှိနေတဲ့ ရွေးကောက်ပွဲတွေအတွင်း လက်ရှိဝန်ကြီးချုပ် နရန်ဒရာမီုဒီ ထပ်မံအနိုင်ရဖွယ်ရှိတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက သုံးသပ်ဖော်ပြနေပါတယ်။ လက်ရှိ အချိန်မှာအသက် ၇၄ နှစ်အရွယ်ရှိနေတဲ့ မိုဒီဟာ ဝန်ကြီးချုပ်မဖြစ်ခင် ဘဝကိုခက်ခဲပင်ပန်းစွာ ရုန်းကန် ဖြတ်သန်းခဲ့ရသူဖြစ်ပြီး ငယ်စဉ်ကလေးဘဝက လက်ဖက်ရည်ရောင်းရသူတစ်ဦးဖြစ်ခဲ့ပါတယ်။ 


အိန္ဒိယအာဏာရပါတီဖြစ်တဲ့ (BJP) ပါတီရဲ့ထိပ်သီးခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဒီဟာ မွေးချင်း ၆ ယောက်ထဲမှာ တတိယမြောက်သားဖြစ်ပြီး Vadn agar မီးရထားရုံမှာ ငယ်စဉ်ကလေးဘဝက လက် ဖက်ရည် ရောင်းခဲ့ရသူဖြစ်ပေမယ့်ဘဝကို စိတ်ပျက်အားငယ်မှုမရှိဘဲ အကောင်းဆုံးကြိုးစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ဖက်ရည်ရောင်းရချိန်ကာလအတွင်းမှာပဲ နိုင်ငံရေးစိတ်ဝင်စားခဲ့ပြီး အစ်ကိုဖြစ်သူ နဲ့အတူ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ မိုဒီဟာ မိသားစုက စီစဉ်ပေးတဲ့အမျိုးသမီး တစ်ဦးနဲ့အတူနေထိုင်ခဲ့ပေမယ့် တရားဝင်အိမ်ထောင်ပြု လက်ထပ်ထားတယ်ဆိုတဲ့အချက်ကို လူသိရှင်  ကြား ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ ဒါပေမဲ့ မိုဒီဟာ ၂၀၁၄ ခုနှစ်ကကျင်းပခဲ့တဲ့ အထွေထွေရွေး ကောက်ပွဲမှာ ဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံရပြီး နောက် ၎င်းနဲ့အတူနေထိုင်နေတဲ့အမျိုးသမီးကို တရားဝင်ဇနီးအဖြစ် လူသိရှင်ကြားလက်ထပ်ခဲ့ပါတယ်။

မိုဒီဟာ ငယ်စဉ်ကလေးဘဝက ဘဝကိုခက်ခဲပင်ပန်းစွာရုန်းကန်ခဲ့ရပေမယ့် ပညာရေးကိုအောင် မြင်အောင်ကြိုးစားခဲ့ပြီး ဒေလီတက္ကသိုလ်ရှိ  School of Open Learning မှ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ဘီအေဘွဲ့ကိုရရှိခဲ့သလို ဂူဂျာရတ်တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ မဟာဘွဲ့ကို ထပ်မံရယူ နိုင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ မာစတာဘွဲ့ရရှိခဲ့ပြီး နောက်ပိုင်းတည်းက နိုင်ငံရေးလောကထဲမှာ ထဲထဲ ဝင်ဝင်ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ တကယ်တော့ မိုဒီဟာ တက္ကသိုလ်ကျောင်းသား ဘဝမှာတည်းက အစိုးရဆန့်ကျင့်ရေး ဆန္ဒပြပွဲ တွေ၊ အတိုက်ခံပါတီတွေမှာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝ တည်းက နိုင်ငံရေး လှုပ်ရှားမှုတွေ၊ အစိုးရဆန့်ကျင့်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့အတွက် ဖမ်းဆီးခံရမှုက ရှောင်တိမ်းရတာမျိုးလည်းရှိခဲ့ပါတယ်။ မိုဒီဟာ ဂူဂျာရတ် ပြည်နယ်အတွင်းပြုလုပ်တဲ့ အစိုးရ ဆန့်ကျင် ရေး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရမှုတွေကိုရှောင်တိမ်းနိုင်ဖို့ မြေအောက်လှုပ်ရှားမှု တွေကို ပြောင်းလဲလုပ်ကိုင်ခဲ့ရပြီး ဆစ်ခ်လူမျိုးတစ်ဦးပုံစံမျိုးအပြင် ဘာသာရေး ဘုန်းတော်ကြီးတစ်ပါး ပုံစံမျိုး ဝတ်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မိုဒီဟာ မာစတာဘွဲ့ရရှိပြီးနောက် နိုင်ငံရေးသမားလုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်ခဲ့ရာ BJP  ပါတီရဲ့ထိပ်သီးခေါင်းဆောင်တွေမှာပါဝင်လာခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ပါတီရဲ့အထွေထွေအတွင်းရေးမှူး အဖြစ်ရွေးကောက်ခံခဲ့ရပါတယ်။ အဲဒီနှစ်အတွင်း ကျင်းပတဲ့ရွေးကောက်ပွဲမှာ BJP ပါတီဟာအနိုင်ရ ရှိခဲ့တဲ့အတွက် မိုဒီဟာ မဟာဗျူဟာတွေ ချမှတ် ဆောင် ရွက်ခဲ့ရာ အောင်မြင်မှုတွေရရှိခဲ့တယ်လို့ ဆိုပါ တယ်။ BJP ပါတီအထွေထွေ အတွင်းရေးမှူးဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ ပါတီကိုအနိုင်ရဖို့နဲ့ ပြည်သူလက်ခံနိုင်အောင် ကြိုးပမ်းခဲ့ရာ ရွေးကောက်ပွဲတွေမှာအနိုင်ရခဲ့ပြီး မိုဒီကိုယ်တိုင်လည်း ပြည်နယ်ဝန်ကြီးချုပ်အဖြစ် စတင်ရွေးကောက်ခံခဲ့ရပါတယ်။

မိုဒီဟာ ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ၂၀ဝ၁ ခုနှစ်မှာစတင်တာဝန်ယူခဲ့ပြီးနောက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ရာထူးကို ၂၀၁၄ ခုနှစ်အထိ တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အိန္ဒိယဝန်ကြီးချုပ်ရွေးကောက်ပွဲအတွက်  BJP “ပါတီရဲ့ဝန်ကြီးချုပ်လောင်းအဖြစ်ရွေးကောက်ခံရပြီး အနိုင်ရခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရေးသမိုင်းမှာ နှစ်ပေါင်းများစွာလွှမ်းမိုးထားတဲ့  Indian National Congress ပါတီရဲ့လွမ်းမိုးမှုတွေကို ချေဖျက်ပြီး        အိန္ဒိယဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။ မိုဒီဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ ကာလအတွင်း အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးပမ်းခဲ့ပေမယ့် အတိုက်ခံအုပ်စုတွေရဲ့ ဖိအားတွေ၊ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုဒီဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အိန္ဒိယနိုင်ငံရဲ့ဒီမိုကရေစီအဆင့်အတန်း ကျဆင်းနေတယ်လို့ ဝေဖန်မှုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ မိုဒီဟာ အဓိကအားဖြင့် အတိုက် အခံပါတီဖြစ်တဲ့ Indian National Congress ပါတီဝင်တွေကို ဖိနှိပ်တာတွေရှိခဲ့သလို လူအခွင့်ရေးချိုးဖောက်မှုတွေ၊  မီဒီယာလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာတွေ ရှိခဲ့တယ်လို့ ဝေဖန်ပြစ်တင်တာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ မိုဒီဟာ ဝေဖန်ပြစ်တင်မှုတွေကို ဂရုမစိုက်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကမ္ဘာ ဩဇာလွမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တွေစာရင်းထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။ မိုဒီရဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုတွေကို အသိမှတ်ပြုမှုအဖြစ် အမေရိကန်နိုင်ငံရှိအဖွဲ့စည်းတွေက အိန္ဒိယဝန်ကြီး ချုပ်မိုဒီကို ဂုဏ်ထူးဆောင်ဆုတွေလည်း ချီးမြှင့်ခဲ့ပါ တယ်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ဝန်ကြီးချုပ် မိုဒီကို အိန္ဒိယ-အမေရိကန်ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်မှုအတွက် ဂုဏ်ထူးဆောင်ဆုတွေချီးမြှင့် ခဲ့ဖူးပါတယ်။ မိုဒီဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ဆိုးရွားတဲ့သမိုင်းကြောင်းတွေဖြစ်ပွားခဲ့တဲ့ ကက်ရှ်မီးယားဒေသအရေးကို ကျွမ်းကျင် လိမ္မာစွာ ကိုင်တွယ်နိုင်ခဲ့သလို တရုတ်၊ ပါကစ္စတန်နိုင်ငံတို့နဲ့လည်း ဆက်ဆံရေး ပိုမိုမဆိုးရွားအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ အိန္ဒိယနိုင်ငံနဲ့ စစ်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နိုင်ငံတွေဖြစ်ခဲ့ဖူးပြီး မိုဒီဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန် ကာလ အတွင်းမှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားပိုင်နက် နယ်မြေ အငြင်းပွားမှုတွေကြောင့် အပြန်အလှန်ပစ်ခတ်မှု တွေဖြစ်ပွားခဲ့ပေမယ့် အခြေအနေတွေ ပိုမိုမဆိုးရွားအောင်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ မိုဒီဟာ အိန္ဒိယ ဝန်ကြီးချုပ်အဖြစ်၂၀၁၄ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ တာဝန်ယူခဲ့ပေမယ့် သူရဲ့ဆောင်ရွက်ချက်တွေဟာ နိုင်ငံနဲ့ပြည်သူတွေအပေါ် များစွာအကျိုးသက်ရောက်မှုတွေရှိခဲ့လို့ လာမယ့်လအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း အနိုင်ရဖို့ ပြည်သူအများစုက အားပေးထောက်ခံနေဆဲဖြစ်တယ်လို့ အိန္ဒိယ မီဒီယာတွေနဲ့ စစ်တမ်းတွေမှာဖော်ပြထားပါတယ်။   


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွေးကောက်ပွဲကို ဇူလိုင် ၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကြေညာ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved