အီရန်နိုင်ငံက ကလေးကစားစရာအရုပ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရခြင်းမျိုးသာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးပြော
Pika (NSS) - ဧပြီ ၂၁
ဧပြီလ(၁၉)ရက်က ဖြစ်ပွားခဲ့တဲ့ အီရန်နိုင်ငံအပေါ် ဒရုန်းတွေနဲ့တိုက်ခိုက်မှုရဲ့အရေးပါမှုကို အီရန်နိုင်ငံခြားရေး ဝန်ကြီး Hossein Amirabdollahian က နှိမ့်ချပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အသေးအဖွဲ့ သာဖြစ်ပြီး ကလေးကစားစရာအရုပ်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရခြင်းမျိုးသာဖြစ်တယ်လို့ Hossein Amirabdollahian က ပြောခဲ့ပါတယ်။
Isfahan မြို့ ကောင်းကင်ယံမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာဟာ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတစ်ခုဖြစ် တယ်လို့ မီဒီယာအချို့ရဲ့ဖော်ပြပြောဆိုချက်တွေဟာ တိကျမှန်ကန်မှုမရှိဘူးလို့ Hossein Amirabdollahian က ထပ်မံပြောခဲ့ပါတယ်။
Hossein Amirabdollahian က “ဧပြီလ(၁၉)ရက်က ဖြစ်ပွားခဲ့တာက တိုက်ခိုက်မှုတစ်ခု မဟုတ်ပါဘူး။ အဲဒီ တိုက်ခိုက်မှုမှာ ဒရုန်းအကြီးစားတွေမဟုတ်ဘဲ ကျွန်တော်တို့ကလေးတွေ ကစားတဲ့အရုပ်တွေလိုမျိုး သေးငယ်တဲ့ ဒရုန်း (၂)စင်း ဒါမှမဟုတ် (၃)စင်းလောက်ပဲ ပါဝင်ခဲ့တာပါ။ အဲဒီဒရုန်းတွေဟာ အီရန်နိုင်ငံအတွင်းကို ဝင်ရောက်လာ ပြီး မီတာ(၁ဝဝ)ကျော် ပျံသန်းပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရဲ့ ပစ်ချခြင်းကို ခံခဲ့ရတာပါ” လို့ ပြောခဲ့ပါတယ်။
ဧပြီလ(၁၉)ရက်က ဖြစ်ပွားခဲ့တဲ့ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုကို အစ္စရေးဘက်က အတည်ပြုတာမျိုး ဒါမှမဟုတ် မှတ်ချက်ပြုပြောဆိုတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံအနေနဲ့ အစ္စရေးနိုင်ငံအပေါ် နောက်ထပ်အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ အစီအစဉ်တွေလည်း မရှိဘူးလို့ Hossein Amirabdollahian က ပြောကြားခဲ့ပါတယ်။
၎င်းက “ကျွန်တော်တို့ရဲ့အကျိုးစီးပွားကို ဆန့်ကျင်တဲ့ အစ္စရေးရဲ့လုပ်ရပ်အသစ်တွေ မရှိသေးသရွေ့ ကျွန်တော်တို့ ဘက်က လက်တုံ့ပြန်မှုအသစ်တွေရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အစ္စရေးအာဏာပိုင်တွေက ရန်စတဲ့ ခြေလှမ်းတွေ ကို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် သူတို့နောင်တရစေမယ့် ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေကို ကျွန်တော်တို့ ဘက်က ချက်ချင်းလုပ်ဆောင်သွားမှာပါ” လို့ သတိပေးပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် နှောင့်နှေးနေဟု အိန္ဒိယအစိုးရပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ