အီရန်ရဲ့တိုက်ခိုက်မှုတွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - ဧပြီ ၁၁
အစ္စရေးကို အီရန်က တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ် ဖော်ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံရှိ အီရန်ကောင်စီဝန်ရုံးကို အစ္စရေးနိုင်ငံက လေ ကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် အီရန်စစ်ဗိုလ်ချုပ်နှစ်ဦးအပါအဝင် (၇)ဦးသေဆုံးခဲ့ပြီးနောက် အီရန်နဲ့ဆီးရီးယားနိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေက အီရန်ဟာ အစ္စရေးနိုင်ငံကို လက်တုံ့ ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က "ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံကို အီရန်နိုင်ငံရဲ့တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ လို လားနေပါတယ်။ အီရန်နိုင်ငံအပြင် အီရန်လက်အောက်ခံအဖွဲ့အ စည်းတွေရဲ့ ခြိမ်းခြောက်မှုတွေကနေ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးကို ကာကွယ်ပေးမယ်ဆိုတဲ့ကတိကို အကောင်ထည်ဖော်သွားမှာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးကို ကာကွယ်ပေးဖို့ အရာအားလုံးလုပ်ဆောင်သွားမယ်"လို့ ပြောပါတယ်။
အမေရိကန်ဟာ အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးနေတဲ့ အဓိကနိုင်ငံဖြစ်ပြီး ဂါဇာစစ်ပွဲမှာလည်း အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးနေဆဲဖြစ်ကြောင်းသိရပါတယ်။ ဒါပေမဲ့ အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ဟာ ဂါဇာစစ်ပွဲမှာအရပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီးအငြင်းပွားမှုတွေသဘောထားကွဲလွဲမှုတွေဖြစ်နေဆဲဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧပြီလအတွင်း ရန်ကုန်အပါအဝင် ပြည်နယ်နှင့် တိုင်းအချို့တွင် နေ့အပူချိန်များ တိုးလာနိုင်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း