လက်ရှိအချိန်က စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေရမည့်အချိန်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြော
Pika (NSS) - ဧပြီ ၁၁
မြောက်ကိုရီးယားနိုင်ငံပတ်ဝန်းကျင်တွင် ပထဝီဝင်နိုင်ငံရေးအခြေအနေများ မတည်မငြိမ်ဖြစ်ပွားနေမှု၏ အဓိပ္ပါယ်မှာ လက်ရှိအချိန်သည် စစ်ပွဲအတွက် ပြင်ဆင်မှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည့်အချိန်ဟု ဆိုလိုကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဧပြီလ(၁၁)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ကင်ဂျုံအန်းသည် နိုင်ငံ၏ အဓိကစစ်တပ်တက္ကသိုလ်ကို သွားရောက်စစ်ဆေးမှုများ လုပ် ဆောင်ချိန်အတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ကင်ဂျုံအန်းလက်ထက်တွင် မြောက်ကိုရီးယားသည် လက်နက်ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ရုရှားနှင့် ပိုမိုနီးကပ်သော စစ်ရေးနှင့်နိုင်ငံရေးအရ ဆက်ဆံမှုများကို တိုးမြှင့်ခဲ့ကြောင်းလည်း သိရသည်။ ကင်ဂျုံအန်းက 'ရန်သူတွေဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေလုပ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယားဟာ ပိုင်ဆိုင်သမျှအရာတွေအားလုံးနဲ့ ရန်သူတွေကို ပြန်လည်ချေမှုန်းတိုက်ခိုက်သွားမှာပါ။ ရှုပ်ထွေးနေတဲ့ နိုင်ငံတကာအခြေအနေတွေနဲ့ နိုင်ငံပတ်ဝန်းကျင်မှာရှိတဲ့ စစ်ရေးနဲ့နိုင်ငံရေး မတည်ငြိမ်မှုတွေက လက်ရှိအချိန်ဟာ စစ်ပွဲအတွက် ပြင်ဆင်မှုတွေကို ယခင်အချိန်တွေကထက်ပိုမိုလုပ် ဆောင်သွားရမှာကို ပြသနေပါတယ်။”ဟု ပြောဆိုခဲ့သည်။
ယခုလအစောပိုင်းတွင် ကင်ဂျုံအန်းသည် လောင်စာဆီအခဲသုံး အသံထက်မြန်သည့် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်အသစ် စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့ကြောင်းလည်းသိရသည်။အဆိုပါစမ်းသပ်ပစ်လွှတ်မှုသည် မြောက်ကိုရီးယား၏စွမ်းရည်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ၍ အများပြည်သူသုံးရထားခရီးစဉ်များကို ယာယီဖျက်သိမ်းခဲ့ရ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း