ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီး
သန့်ဇင် (NSS) - ဧပြီ ၉
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း ရွှေမဉ္ဇူလူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဧပြီလ ၉ ရက်)၊ မွန်းလွဲ ၁နာရီ ၅၅မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၁၂၀ လမ်းနှင့် ၆၈ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုလောင်တဲ့မီးက ပေါ့ဆမီးလို့ပြောရမှာပေါ့။ (၄၆)ဝန်းထဲမှာရှိတဲ့ လုံးချင်းအိမ်လေးတွေလောင်သွားတာပါ။ နေအိမ်(၂)ထပ်အိမ်တွေ လောင်သွားတာ။ အဲဒီကနေ ဘေးနာက တိုက်ကိုမီးဟပ်တာပေါ့”ဟု ရွှေမဉ္ဇူလူမှုကူညီရေးအသင်းမှ တာန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ မီးကိုမပေါ့ဆဖို့ပါပဲ။ မြန်မာနိုင်ငံရဲ့ရာသီတုဥကလည်း အယ်နီညိုကာလဆိုတော့ ပူတာကပူနဲ့။ ဒီကြားထဲမီးလောင်လို့ထပ်ပူတာမျိုးတော့မဖြစ်စေချင်ဘူး။ မီးလောင်မှုက ပြည်ကြီးတံခွန်မှာတင်ပဲ တစ်လတည်းကို (၁၀)ကြိမ်လောက် ဖြစ်နေတာ။ အဲဒီတော့ မီးကိုမပေါ့ဆဖို့ပဲပြောချင်ပါတယ်”ဟု ၎င်းကအကြံပြုပြောဆိုထားသည်။
ထို့ကြောင့် ၎င်းမီးလောင်မှုဖြစ်စဉ်ကို ပြည်ကြီးတံခွန်မြို့နယ်မီးသတ်တပ်ဖွဲ့အပြင် အခြားပရဟိတအသင်းအဖွဲ့များက Level 1 အဆင့်ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Arche အပါအဝင် အလှကုန်ပစ္စည်း(၃၀)မျိုး၌ တားမြစ်ဓါတုပစ္စည်းများပါဝင်နေခြင်းကြောင့်သုံးစွဲရန် မသင့်ကြောင်း FDA Myanmar အသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း