Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဈေးကွက်စီးပွားရေး၏ အခြေခံစံနှုန်းများကို လေးစားလိုက်နာရန် အမေရိကန်ကို တရုတ်အစိုးရတိုက်တွန်း

Pika (NSS) - ဧပြီ ၈

အမေရိကန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို နိုင်ငံရေးသဘောအရ မလုပ်ဆောင်ရန် နှင့် ဈေးကွက်စီးပွားရေး၏ အခြေခံစံနှုန်းများကို လေးစားလိုက်နာရန် တရုတ်အစိုးရက တိုက်တွန်းခဲ့ကြောင်းသိရသည်။


တရုတ်ဝန်ကြီးချုပ် လီချန်း နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလင်တို့သည် ဧပြီလ(၇)ရက်နေ့တွင် ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်တွန်းမှုများထွက်ပေါ်လာခြင်းဖြစ်သည်။ နှစ်နိုင်ငံကြားဆက်ဆံရေးမှာ တည်ငြိမ်နေသော်လည်း ပြဿနာအများအပြားကို လက်ရှိအချိန်အထိ ဖြေရှင်းနိုင်ခြင်းမျိုးမရှိသေးကြောင်း လီချန်းနှင့်ဂျဲနက်ယဲလင်တို့ကပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ ကယ်လီဖိုးနီးယားပြည်နယ်တွင် တွေ့ဆုံခဲ့ပြီးနောက် ဂျဲနက်ယဲလင်၏ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျဲနက်ယဲလင်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုများနှင့်ပတ်သက်ပြီး အကောင်းမြင်မှုများကို နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း သိသာသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ပုံမပေါ်ကြောင်းလည်း သိရသည်။ ဂျဲနက်ယဲလင်က 'နောက်ထပ်လုပ်စရာတွေ အများကြီးရှိနေပေမယ့်လည်း ပြီးခဲ့တဲ့နှစ်အတွင်းမှာ နှစ်နိုင်ငံကြားဆက်ဆံရေးကို ပိုမိုတည်ငြိမ်အောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်'ဟုပြောဆိုခဲ့သည်။ ထို့ပြင် ဈေးကွက်စီးပွားရေး၏ အခြေခံစံနှုန်းများကို လိုက်နာရန် ဂျဲနက်ယဲလင်ကိုလီချန်းက တိုက်တွန်းခဲ့သဖြင့် တရုတ်နိုင်ငံသည် အမေရိကန်၏ကုန်သွယ်မှုအလေ့ အထများကို တရားမျှတမှုမရှိဟု ရှုမြင်နေပုံပေါ်သည်။ လီချန်းက 'အမေရိကန်နိုင်ငံဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေးပြဿနာတွေကို နိုင်ငံရေး ဒါမှမဟုတ် လုံခြုံရေးပြဿနာတွေအဖြစ် ပြောင်းလဲခြင်းမှရှောင်ကြဥ်ပြီး တရားမျှတတဲ့ ယှဉ်ပြိုင်မှုနဲ့ ပွင့်လင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် ဈေးကွက်စီးပွားရေးရဲ့ အခြေခံစံနှုန်းတွေကို လေးစားလိုက်နာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်'ဟု ပြောဆိုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ထိပ်တန်းခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် တည်ငြိမ်စပြုနေပြီဖြစ်ကြောင်း လီချန်းကထပ်မံပြောဆိုခဲ့သည်။ နောက်ဆုံးတွင် နှစ်နိုင်ငံစလုံးသည် ရန်ဘက်များဖြစ်လာမည့်အစား အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နှင့် win-win ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် မိတ်ဖက်နိုင်ငံများဖြစ်လာနိုင်မည်ဟု မျှော်လင့်မိကြောင်း လီချန်းက ထပ်မံပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မကွေးမြို့၌ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌကို သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ယူဆောင်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved