Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“သင်္ကြန်ပွဲတော်"ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို အိန္ဒိယစင်တာ၌ ပထမဆုံးအကြိမ်ကျင်းပမည်

Tun Mon Thet (NP News) – မတ် ၃၁


“သင်္ကြန်ပွဲတော်"ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ၂ဝ၂၃ ခုနှစ် ဧပြီလ ၆ ရက်တွင် ဆွာမိဝိဝေကာနန်ဒ ယဉ်ကျေးမှုဌာန (SVCC) ၌ ကျင်းပသွားမည်ဖြစ်ကာ အသက်အရွယ်အပိုင်းအခြားအလိုက် မည်သူမဆို ဝင်ရောက်ပါဝင်နိုင်ကြောင်း အိန္ဒိယသံရုံးက ကြေညာထားသည်။ 


အဆိုပါ ပန်းချီပြိုင်ပွဲတွင် အသက်အပိုင်းအခြား အုပ်စု ၃ ခု သတ်မှတ်ထားပြီး အုပ်စု A အဖြစ် အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းရှိ ကလေးများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကာ အုပ်စု B တွင် အသက် ၁၂ နှစ်မှ ၁၆ နှစ်အထိ လည်းကောင်း၊ အုပ်စု C တွင် အသက် ၁၆ နှစ်အထက်စသည်ဖြင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 


“ယခု ပြိုင်ပွဲက အသက်အပိုင်းအခြားအလိုက် မည်သူမဆို ဝင်ရောက်ပါဝင်နိုင်မှာဖြစ်ပါတယ်။ သီးခြားကန့်သတ်ချက်တွေ မထားရှိပါဘူး။ ပြိုင်ပွဲရလဒ်ကို သံရုံးက ရွေးချယ်ထားတဲ့ ဒိုင်လူကြီးတွေက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်” ဟု အိန္ဒိယသံရုံး၏ ယဉ်ကျေးမှုဌာနမှ အကဆရာမဖြစ်သူ Lalan Desai က NP News ကိုပြောသည်။ 


အဆိုပါ “သင်္ကြန်ပွဲတော်"ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပန်းချီပြိုင်ပွဲသည် အိန္ဒိယနိုင်ငံ ယဉ် ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ (ICCR) တည်ထောင်သည့်နေ့ အထိမ်းအမှတ်အဖြစ် လုပ်ဆောင်ခြင်းဖြစ်ပြီး “သင်္ကြန်ပွဲတော်"ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို အိန္ဒိယစင်တာ၌ ပထမဆုံး စီစဉ်ကျင်းပခြင်းဖြစ်ကြောင်းလည်း Lalan Desai က NP News ကို အသိပေးထားသည်။ 


ပြိုင်ပွဲ၌ အနိုင်ရသူများကို ငွေသားဆုများ ချီးမြှင့်သွားမည်ဖြစ်ကာ ICCR တည်ထောင်သည့်နေ့ အထိမ်းအမှတ်လက်မှတ်များကိုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် cul.yangon@mea.gov.in သို့ အမည်စာရင်းပေးသွင်းနိုင်ပြီး စုံစမ်းမေးမြန်းလိုသည်များကိုလည်း အဆိုပါအီးမေး(လ်)သို့ တိုက် ရိုက်ဆက်သွယ်နိုင်ကြောင်း သံရုံးက အသိပေးကြေညာထားသည်။ 


အိန္ဒိယသံရုံး၏ ဆွာမိဝိဝေကာနန်ဒ ယဉ်ကျေးမှုဌာန (SVCC) သည် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်သည့် ပွဲများကို အခါအားလျော်စွာ ကျင်းပပေးလေ့ရှိကြောင်းလည်း သိရသည်။

zawgyi version


















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အငြိမ်းစား မြန်မာ့သစ်လုပ်ငန်းလက်ထောက် အထွေထွေမန်နေဂျာ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved