လတ်တလော ဒေါ်လာတန်ဖိုးတည်ငြိမ်လျက်ရှိ
ALynn (NSS) - ဧပြီ ၅
အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် အမေရိကန်ဒေါ်လာသည် နှစ်ပတ်တာခန့် တန်ဖိုး ကျနေသော် လည်း ယခုအခါ အခြားသော ငွေကြေးများနည်းတူ တန်ဖိုးပုံမှန်အနေအထားအတိုင်းဖြစ်နေသည်။ အမေရိကန် ဝန်ဆောင်မှုလုပ်ငန်းများ မမျှော်လင့်ဘဲ နှေးကွေးသွားခြင်းကြောင့် အတိုးနှုန်းများကျဆင်းသွားမည်ဟု မျှော်လင့် ထားသော်လည်း ငါးလတာကာလအတွင်း ဒေါ်လာ ဈေးမြင့်တက်နေရာမှ နှစ်ပတ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။
Minneapolis Federal Reserve ၏ ဥက္ကဋ္ဌ Neel Kashkari က အကယ်၍ ယခုနှစ်တွင် ငွေကြေးဖောင်းပွမှုသည် ဆက်လက်ဖြစ်ပွားနေပါက အတိုးနှုန်းဖြတ်တောက်ရန်မလိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဗဟိုဘဏ်မှ အရာရှိများကလည်း အတိုးနှုန်းဖြတ်တောက်မည်ဆိုပါက ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် လိုအပ်မည်ဟု ဖော်ပြခဲ့ သည်။
လာမည့်အပတ်၏ အလုပ်အကိုင်အချက်အလက်နှင့် ငွေကြေးဖောင်းပွမှုနှုန်းများသည် ဗဟိုဘဏ်၏ ဧပြီ ၃ဝ မှ မေ ၁ ရက်အထိနှင့် ဇွန် ၁၁ မှ ၁၂ အထိ မူဝါဒအစည်းအဝေးများ၏ မြော်မြင်ချက်များအပေါ် သက်ရောက်မှုရှိမည် ဖြစ်သည်။ စီးပွားရေးပညာရှင်များ၏ မျှော်မှန်းချက်အရ မတ်လအထိ အလုပ်အကိုင် ၂၀၀,၀၀၀ အထိ ထပ်တိုး လာကြောင်း သိရသည်။ နောက်ဆုံးအခြေအနေများအရ ဒေါ်လာအညွှန်းကိန်းသည် ၁၀၈.၁၈ ဖြင့် မပြောင်းမလဲဘဲ တန့်နေသည်။
အရှေ့အလယ်ပိုင်းရှိ ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် ကုန်သည်များက သတိထားလုပ်ကိုင် နေရသည်။ ဧပြီလ ၄ ရက် (ကြာသပတေးနေ့) တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ၌ ထိုးစစ်ဆင်မှု သည် အကူအညီပေးရေး ပရဟိတလုပ်သားများနှင့် အရပ်သားများကို အကာအကွယ်ပေးဖို့ သတိထားလုပ်ဆောင် သင့်ကြောင်း ပြောကြားလိုက်ပါသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို မနက်ဖြန်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် တာဝန်ရှိသူများတက်ရောက်မည်
RELATED POSTS
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
07 Sep 2024 | စီးပွားရေး,ပြည်တွင်း