Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လမ်းဘေးတွင် ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်ခဲ့ရာ ကလေးအပါအဝင်(၂)ဦးသေဆုံးမှု မော်လမြိုင်မြို့၌ဖြစ်ပွား

စော (NP News) - မတ် ၃၁


မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လမ်းဘေး၌ ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့် ဝင်တိုက်ခဲ့ရာ (၂)ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၃ဝ ရက်) နေ့လည် (၃)နာရီခွဲအချိန်တွင် မော်လမြိုင်မြို့၊ ၊အုတ်ဖိုလမ်းမကြီးတွင် ဖြစ်ပွားခဲ့ကြောင်း ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။


အဆိုပါ ဖြစ်စဥ်မှာ ကလေးနှင့်အတူ ဆိုင်ကယ်မောင်းလာသည့် အမျိုးသားသည် အုတ်ဖိုလမ်းမဘေးတွင်ရပ်ထားသည့် ရေသန့်ပို့သည့် ကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  


“ဆိုင်ကယ်မောင်းတဲ့ကောင်လေးက အခင်းဖြစ်ရာနေရာမှာ ဆုံးသွားပါတယ်။ သူနဲ့ပါလာတဲ့ကလေးက အသက်ကမှီသေးတာဖြစ်လို့ ကျွန်တော်တို့ မော်လမြိုင်ဆေးရုံကြီးကိုတင်လိုက်ပါတယ်။ တင်လိုက်တော့ တစ်နာရီလောက်ပဲကြာပါတယ် ဆုံးတယ်လို့ သိရတယ်” ဟု ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။


ဖြစ်စဥ်ကြောင့် သေဆုံးသွားသည့် အမျိုးသားသည် အသက်(၁၉)နှစ်အရွယ်ခန့်ရှိပြီး ကလေးဖြစ်သူသည် အသက်(၇)နှစ်ခန့်ရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။


အဆိုပါအမျိုးသားသည် အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးသွားခဲ့ပြီး ၎င်းအား ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ပိုဆောင်ထားကြောင်း သိရသည်။

zawgyi version

လမ္းေဘးတြင္ ရပ္ထားသည့္ကားကို ဆိုင္ကယ္ျဖင့္ဝင္တိုက္ခဲ့ရာ ကေလးအပါအဝင္(၂)ဦးေသဆုံးမႈ ေမာ္လၿမိဳင္ၿမိဳ႕၌ျဖစ္ပြား


ေစာ (NP News) - မတ္ ၃၁


မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ လမ္းေဘး၌ ရပ္ထားသည့္ကားကို ဆိုင္ကယ္ျဖင့္ ဝင္တိုက္ခဲ့ရာ (၂)ဦးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။


ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၃ဝ ရက္) ေန႔လည္ (၃)နာရီခြဲအခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ၊အုတ္ဖိုလမ္းမႀကီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း က်န္းမာခ်မ္းသာလူမႈကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။


အဆိုပါ ျဖစ္စဥ္မွာ ကေလးႏွင့္အတူ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသားသည္ အုတ္ဖိုလမ္းမေဘးတြင္ရပ္ထားသည့္ ေရသန႔္ပို႔သည့္ ကားကို ဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။  


“ဆိုင္ကယ္ေမာင္းတဲ့ေကာင္ေလးက အခင္းျဖစ္ရာေနရာမွာ ဆုံးသြားပါတယ္။ သူနဲ႔ပါလာတဲ့ကေလးက အသက္ကမွီေသးတာျဖစ္လို႔ ကြၽန္ေတာ္တို႔ ေမာ္လၿမိဳင္ေဆး႐ုံႀကီးကိုတင္လိုက္ပါတယ္။ တင္လိုက္ေတာ့ တစ္နာရီေလာက္ပဲၾကာပါတယ္ ဆုံးတယ္လို႔ သိရတယ္” ဟု က်န္းမာခ်မ္းသာလူမႈကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။


ျဖစ္စဥ္ေၾကာင့္ ေသဆုံးသြားသည့္ အမ်ိဳးသားသည္ အသက္(၁၉)ႏွစ္အ႐ြယ္ခန႔္ရွိၿပီး ကေလးျဖစ္သူသည္ အသက္(၇)ႏွစ္ခန႔္ရွိႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။


အဆိုပါအမ်ိဳးသားသည္ အခင္းျဖစ္ပြားရာေနရာတြင္ေသဆုံးသြားခဲ့ၿပီး ၎အား က်န္းမာခ်မ္းသာလူမႈကယ္ဆယ္ေရးအဖြဲ႕မွ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံသို႔ပိုေဆာင္ထားေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုပ္ပား ၊ မင်းလှ၊ မင်းတုန်း ဒေသတို့တွင် စုစုပေါင်း လေအားလျှပ်စစ် မဂ္ဂါဝပ်(၃၅ဝ)ကျော် ထုတ်လုပ်နိုင်ရန် ရုရှား Rosatom ကိုယ်စားလှယ်အဖွဲ့ လာရောက်တင်ပြ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved