Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပုပ္ပား ၊ မင်းလှ၊ မင်းတုန်း ဒေသတို့တွင် စုစုပေါင်း လေအားလျှပ်စစ် မဂ္ဂါဝပ်(၃၅ဝ)ကျော် ထုတ်လုပ်နိုင်ရန် ရုရှား Rosatom ကိုယ်စားလှယ်အဖွဲ့ လာရောက်တင်ပြ

ရဲပြည့် (NP News) - မတ် ၃၁ 


ပုပ္ပား ၊ မင်းလှ၊ မင်းတုန်း ဒေသတို့တွင် စုစုပေါင်း လေအားလျှပ်စစ်  မဂ္ဂါဝပ်(၃ဝဝ)ကျော် ထုတ်လုပ်နိုင်ရန် ရုရှား Rosatom ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့ လာရောက်တင်ပြခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rဝsatom International Network, ROSATOM တို့အကြား မတ်လ(၃ဝ)ရက်တွင် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရန်ကုန်မြို့သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosatom မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်းရေအားလျှပ်စစ်ကဏ္ဍ၌ အသေးစားစီမံကိန်းများတွင် သာမက အကြီးစားရေအားလျှပ်စစ် စီမံကိန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့သည်။ 


ထို့ပြင် လေအား လျှပ်စစ်ကဏ္ဍတွင် နိုင်ငံတစ်ဝန်းဇုန် ခြောက်ခုတို့၌ စုစုပေါင်း တပ်ဆင်အင်အား မဂ္ဂါဝပ် (၈ဝဝဝ)ကျော်အထိ တင်ဒါခေါ်ယူသွားမည့် အစီအစဉ်များအပေါ် ရင်းနှီးမြှုပ်နှံမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 


ထို့ကြောင့် လက်ရှိတွင် ယင်းစီမံကိန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် ပုပ္ပား ဒေသတွင် ၂ဝဝ မဂ္ဂါဝပ်၊ မင်းလှဒေသတွင် ၁၁၆ မဂ္ဂါဝပ်နှင့် မင်းတုန်းဒေသတွင် ၅၆ မဂ္ဂါဝပ်တို့အတွက် Project Proposal များကို လာရောက်တင်ပြခဲ့ခြင်းလည်းဖြစ်သည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ Rosatom  ကိုယ်စားလှယ်အဖွဲ့၏ တင်ပြချက်များအား စိစစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ Feasibility Study ဆောင်ရွက်ခွင့်နှင့် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးနိုင်ရန် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောဆိုထားသည်။ 


ရုရှားနိုင်ငံ Rဝsatom ကိုယ်စားလှယ်အဖွဲ့က အပူစွမ်းအင်သုံးစီမံကိန်းများနှင့်ပတ်သက်၍  ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို လာမည့်ဇွန်လတွင် ပြန်လည်၍ ဖြေကြားသွားမည် ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်သည့် ၂ဝ မဂ္ဂါဝပ် ထွက်ရှိနိုင်သည့်နေရာများကိုလည်း ပြန်လည်သုံးသပ်၍ ဧပြီလအတွင်း ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

zawgyi version


ရဲပြည့် (NP News) - မတ် ၃၁ 















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်သမန်အင်းအနီးတွင် မွေးကင်းစအရွယ်ကလေးငယ်တစ်ဦးကို သေဆုံးလျက်တွေ့ရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved