Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ပြောင်းလဲရန်မရှိကြောင်း နစကပြောခွင့်ရဆို

NP News - မတ် ၃၁


မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကို ပြောင်းလဲရန်မရှိဘဲ မူလသတ်မှတ်ထားသည့် အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁ဝဝ သာသတ်မှတ်ထားကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (မတ်လ ၃၁ ရက်)တွင် မီဒီယာများကို ဖြေကြားခဲ့သည်။


လူမှုကွန်ယက် စာမျက်နှာများ၌ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကို ဗဟိုဘဏ်အနေဖြင့် ၂၁ဝဝ ကျပ်အစား ၂၅ဝဝ ကျပ်သို့ တိုးမြှင့်လိုက်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ၎င်းက အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။


“မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ဒေါ်လာဈေးနှုန်းနဲ့ပတ်သက်ပြီး တစ်ဒေါ်လာကို ၂၁ဝဝ နှုန်းသတ်မှတ်ထားပါတယ်။ ၂၁ဝဝ ဈေးနှုန်းသတ်မှတ်ထားခြင်းနဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ်မရှိသေးကြောင်း ပြောလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။


မြန်မာနိုင်ငံ၏ ငွေကြေးစနစ်နှင့်ပတ်သက်ပြီး ဦးတည်တိုက်ခိုက်မှုများနေပြီး ယခင်ကလည်း ဘဏ်လုပ်ငန်းစနစ်များ ပြိုလဲအောင် တိုက်ခိုက်ခဲ့ခြင်း၊ ငွေရေးကြေး ရေးစနစ်ကို တိုက်ခိုက်ခဲ့ခြင်းများရှိခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောကြားထားသည်။


အလားတူ အချို့သောနိုင်ငံခြားဘဏ်များက မြန်မာနိုင်ငံမှ ငွေကြေးအဝင်၊ အထွက်များကို လက်မခံတော့ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။


“တစ်ချို့သောနိုင်ငံခြားဘဏ်တွေနဲ့ပတ်သက်ပြီး အရင်အပတ်လောက်ကလည်း ကောလာဟလထွက်နေ တာ ရှိပါတယ်။ အချို့သောနိုင်ငံခြားဘဏ်တွေက မြန်မာနိုင်ငံက ငွေအဝင်အထွက်တွေလက်မခံတော့ဘူး ဆိုပြီးပြောနေတာရှိပါတယ်။ လက်တွေ့မှာတော့ ပုံမှန်လည်ပတ်ဆောင်ရွက်နေလျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။


ထို့ကြောင့် ဘဏ်နှင့်ပတ်သက်ပြီး ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကောလာဟလများကို မယုံကြည်ရန်နှင့် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်ကြောင်း နစကဘက်က အသိပေးထားသည်။

zawgyi version

ဗဟိုဘဏ္အေနျဖင့္ အေမရိကန္ေဒၚလာလဲလွယ္ႏႈန္း ေျပာင္းလဲရန္မရွိေၾကာင္း နစကေျပာခြင့္ရဆို

NP News - မတ္ ၃၁


ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ အေမရိကန္ေဒၚလာလဲလွယ္ႏႈန္းကို ေျပာင္းလဲရန္မရွိဘဲ မူလသတ္မွတ္ထားသည့္ အေမရိကန္ တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၂၁ဝဝ သာသတ္မွတ္ထားေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ (မတ္လ ၃၁ ရက္)တြင္ မီဒီယာမ်ားကို ေျဖၾကားခဲ့သည္။


လူမႈကြန္ယက္ စာမ်က္ႏွာမ်ား၌ အေမရိကန္ေဒၚလာလဲလွယ္ႏႈန္းကို ဗဟိုဘဏ္အေနျဖင့္ ၂၁ဝဝ က်ပ္အစား ၂၅ဝဝ က်ပ္သို႔ တိုးျမႇင့္လိုက္ေၾကာင္း သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ ၎က အထက္ပါကဲ့သို႔ ျပန္လည္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။


“ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ကေန ေဒၚလာေဈးႏႈန္းနဲ႔ပတ္သက္ၿပီး တစ္ေဒၚလာကို ၂၁ဝဝ ႏႈန္းသတ္မွတ္ထားပါတယ္။ ၂၁ဝဝ ေဈးႏႈန္းသတ္မွတ္ထားျခင္းနဲ႔ပတ္သက္ၿပီး ျပင္ဆင္ေျပာင္းလဲဖို႔ အစီအစဥ္မရွိေသးေၾကာင္း ေျပာလိုပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။


ျမန္မာႏိုင္ငံ၏ ေငြေၾကးစနစ္ႏွင့္ပတ္သက္ၿပီး ဦးတည္တိုက္ခိုက္မႈမ်ားေနၿပီး ယခင္ကလည္း ဘဏ္လုပ္ငန္းစနစ္မ်ား ၿပိဳလဲေအာင္ တိုက္ခိုက္ခဲ့ျခင္း၊ ေငြေရးေၾကး ေရးစနစ္ကို တိုက္ခိုက္ခဲ့ျခင္းမ်ားရွိခဲ့ ေၾကာင္း ၎က ဆက္လက္ေျပာၾကားထားသည္။


အလားတူ အခ်ိဳ႕ေသာႏိုင္ငံျခားဘဏ္မ်ားက ျမန္မာႏိုင္ငံမွ ေငြေၾကးအဝင္၊ အထြက္မ်ားကို လက္မခံေတာ့ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။


“တစ္ခ်ိဳ႕ေသာႏိုင္ငံျခားဘဏ္ေတြနဲ႔ပတ္သက္ၿပီး အရင္အပတ္ေလာက္ကလည္း ေကာလာဟလထြက္ေန တာ ရွိပါတယ္။ အခ်ိဳ႕ေသာႏိုင္ငံျခားဘဏ္ေတြက ျမန္မာႏိုင္ငံက ေငြအဝင္အထြက္ေတြလက္မခံေတာ့ဘူး ဆိုၿပီးေျပာေနတာရွိပါတယ္။ လက္ေတြ႕မွာေတာ့ ပုံမွန္လည္ပတ္ေဆာင္႐ြက္ေနလ်က္ရွိပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။


ထို႔ေၾကာင့္ ဘဏ္ႏွင့္ပတ္သက္ၿပီး ျပည္သူလူထု၊ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ေကာလာဟလမ်ားကို မယုံၾကည္ရန္ႏွင့္ ေငြေရးေၾကးေရးဆိုင္ရာအဖြဲ႕အစည္းမ်ားကို တိုက္႐ိုက္ဆက္သြယ္ၿပီး ေမးျမန္းႏိုင္ေၾကာင္း နစကဘက္က အသိေပးထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံပိုင် LNG ဓာတ်ငွေ့ရည်တင်သင်္ဘော (၂)နှစ်ကျော်အကြာဆိုက်ကပ်ထားပြီးနောက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved