Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံပိုင် LNG ဓာတ်ငွေ့ရည်တင်သင်္ဘော (၂)နှစ်ကျော်အကြာဆိုက်ကပ်ထားပြီးနောက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

ရဲပြည့် (NP News) - မတ် ၃၁ 


နွေရာသီလျှပ်စစ်လိုအပ်ချက်အရ ယခင်အစိုးရလက်ထက်က တင်ဒါဖြင့်ခေါ်ယူခဲ့သည့် တရုတ်နိုင်ငံပိုင် MT CNTIC VPOWER ENERGY ဓာတ်ငွေ့တင်သင်္ဘောကြီးသည် (၂)နှစ်ကျော်အကြာ ဆိုက်ကပ်ထားခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြောင်း စွမ်းအင်ကုမ္ပဏီအရင်းအမြစ်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။


အဆိုပါ ဓာတ်ငွေ့တင်သင်္ဘောကြီးသည် ၂ဝ၂၃ ခုနှစ် မတ်လ(၃ဝ)ရက်တွင် ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလတွင် သီလဝါဆိပ်ကမ်းရှိ ယာယီ‌ဆိပ်ခံတံတားတွင် ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ သင်္ဘောကြီးသည် သီလဝါဆိပ်ကမ်းအကွက်အမှတ် (၁၄) ရှိ Dolphin Jetty တွင် Floating Storage Unit (FSU) အဖြစ် (၅) နှစ်ကြာဆိုက်ကပ်ရပ်နား၍ LNG Cargo များအား လက်ခံသိုလှောင်သွားပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပိုက်လိုင်းဖြင့် ပို့ဆောင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသွားရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


၂ဝ၂ဝ ခုနှစ်တွင် နွေရာသီလျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်စေရန် သဘာဝဓာတ်ငွေ့ရည်အား အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းအား မြန်မာနိုင်ငံတွင်ပထမဦးဆုံး စီမံကိန်းအဖြစ် NLD အစိုးရကဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 


အဆိုပါ စီမံကိန်းအား ၂ဝ၁၉ ခုနှစ်၊ နှောင်းပိုင်းကာလတွင် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သည့် တရုတ်နိုင်ငံပိုင် CNTIC V-POWER Group အား စီမံကိန်းအပ်နှင်းဆောင် ရွက်စေခဲ့ခြင်းသည်။


အဆိုပါ LNG သင်္ဘောကြီးသည် သာကေတမြို့နယ်ရှိ မဂ္ဂါဝပ် ၄ဝဝ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် သန်လျင်မြို့နယ်ရှိ မဂ္ဂါဝပ် ၃၅ဝ ဓာတ်အားပေးစက်ရုံတို့နှင့် ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ထို့ပြင် ရန်ကုန်မြို့ပေါ်နှင့် ကျေးရွာများ မီးပုံမှန်လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခဲ့သည့် ဓာတ်ငွေ့တင်သင်္ဘောကြီးလည်းဖြစ်သည်။


ယင်း ဓာတ်ငွေ့တင်သင်္ဘောကြီးပြန်လည်ထွက်ခွာသွားခြင်းကြောင့် နွေရာသီတွင်လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

zawgyi version

တ႐ုတ္ႏိုင္ငံပိုင္ LNG ဓာတ္ေငြ႕ရည္တင္သေဘၤာ (၂)ႏွစ္ေက်ာ္အၾကာဆိုက္ကပ္ထားၿပီးေနာက္ ျမန္မာႏိုင္ငံမွ ျပန္လည္ထြက္ခြာ 

ရဲျပည့္ (NP News) - မတ္ ၃၁ 


ေႏြရာသီလွ်ပ္စစ္လိုအပ္ခ်က္အရ ယခင္အစိုးရလက္ထက္က တင္ဒါျဖင့္ေခၚယူခဲ့သည့္ တ႐ုတ္ႏိုင္ငံပိုင္ MT CNTIC VPOWER ENERGY ဓာတ္ေငြ႕တင္သေဘၤာႀကီးသည္ (၂)ႏွစ္ေက်ာ္အၾကာ ဆိုက္ကပ္ထားခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံမွ ျပန္လည္ထြက္ခြာသြားေၾကာင္း စြမ္းအင္ကုမၸဏီအရင္းအျမစ္မ်ား၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။


အဆိုပါ ဓာတ္ေငြ႕တင္သေဘၤာႀကီးသည္ ၂ဝ၂၃ ခုႏွစ္ မတ္လ(၃ဝ)ရက္တြင္ ျပန္လည္ထြက္ခြာသြားခဲ့ျခင္းျဖစ္ၿပီး ၂ဝ၂ဝ ခုႏွစ္ ႏိုဝင္ဘာလတြင္ သီလဝါဆိပ္ကမ္းရွိ ယာယီ‌ဆိပ္ခံတံတားတြင္ ဆိုက္ကပ္ခဲ့ျခင္းျဖစ္သည္။


အဆိုပါ သေဘၤာႀကီးသည္ သီလဝါဆိပ္ကမ္းအကြက္အမွတ္ (၁၄) ရွိ Dolphin Jetty တြင္ Floating Storage Unit (FSU) အျဖစ္ (၅) ႏွစ္ၾကာဆိုက္ကပ္ရပ္နား၍ LNG Cargo မ်ားအား လက္ခံသိုေလွာင္သြားၿပီး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားသို႔ ပိုက္လိုင္းျဖင့္ ပို႔ေဆာင္၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျဖန႔္ျဖဴးသြားရန္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


၂ဝ၂ဝ ခုႏွစ္တြင္ ေႏြရာသီလွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္အား ျဖည့္ဆည္းေပးႏိုင္ေစရန္ သဘာဝဓာတ္ေငြ႕ရည္အား အသုံးျပဳ၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္း စီမံကိန္းအား ျမန္မာႏိုင္ငံတြင္ပထမဦးဆုံး စီမံကိန္းအျဖစ္ NLD အစိုးရကေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။ 


အဆိုပါ စီမံကိန္းအား ၂ဝ၁၉ ခုႏွစ္၊ ေႏွာင္းပိုင္းကာလတြင္ အိတ္ဖြင့္တင္ဒါေခၚယူခဲ့ၿပီး တင္ဒါေအာင္ျမင္ခဲ့သည့္ တ႐ုတ္ႏိုင္ငံပိုင္ CNTIC V-POWER Group အား စီမံကိန္းအပ္ႏွင္းေဆာင္ ႐ြက္ေစခဲ့ျခင္းသည္။


အဆိုပါ LNG သေဘၤာႀကီးသည္ သာေကတၿမိဳ႕နယ္ရွိ မဂၢါဝပ္ ၄ဝဝ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႏွင့္ သန္လ်င္ၿမိဳ႕နယ္ရွိ မဂၢါဝပ္ ၃၅ဝ ဓာတ္အားေပးစက္႐ုံတို႔ႏွင့္ ခ်ိတ္ဆက္ၿပီး လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္းသိရသည္။


ထို႔ျပင္ ရန္ကုန္ၿမိဳ႕ေပၚႏွင့္ ေက်း႐ြာမ်ား မီးပုံမွန္လာေစေရးအတြက္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳခဲ့သည့္ ဓာတ္ေငြ႕တင္သေဘၤာႀကီးလည္းျဖစ္သည္။


ယင္း ဓာတ္ေငြ႕တင္သေဘၤာႀကီးျပန္လည္ထြက္ခြာသြားျခင္းေၾကာင့္ ေႏြရာသီတြင္လွ်ပ္စစ္ ဓာတ္အား ျပတ္ေတာက္မႈမ်ား ပိုမိုဆိုး႐ြားလာမည္ျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုမႈမ်ားလည္း ရွိေနသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေမြောင်းအတွင်း လူတစ်ဦး ရေနစ်သေဆုံးမှု ထားဝယ်တွင်ဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved