အီရတ်နိုင်ငံကို ISIS အဖွဲ့တွေ ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီး သတိပေး
ဂျန်ဇက် (NSS) - မတ် ၂၅
အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အလာနီရုမာနောင်းစကီးက အစ္စာလမ်မစ် အစွန်းရောက်အဖွဲ့စည်းဖြစ်တဲ့ ISIS အဖွဲ့ဟာ အီရတ်နိုင်ငံကို ခြိမ်းခြောက်နေဆဲဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီရတ်နိုင်ငံရှိ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ISIS အဖွဲ့ကို အနိုင်ယူနိုင်ဖို့ အပြည့်အဝလုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။အီရတ်ဝန်ကြီးချုပ်အပါအဝင် အီရတ်နိုင်ငံရေးသမားတွေက အီရတ်နိုင်ငံအပေါ် ခြိမ်းခြောက်နေတဲ့အဖွဲ့စည်းမျိုးမရှိတော့ကြောင်း၊ အီရတ်နိုင်ငံအတွက် အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေ ထပ်မံရှိနေဖို့ မလိုအပ်တော့ကြောင်း ပြောဆိုထားပါတယ်။ အမေရိကန်သံအမတ်ကြီးက " ISIS အဖွဲ့ဟာ အီရတ်နိုင်ငံကို ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ISIS အဖွဲ့တွေကို အနိုင်ယူနိုင်အောင်ဆက်လက်လုပ်ဆောင်ရမယ်။"လို့ ပြောပါတယ်။
ISIS အဖွဲ့ရဲ့အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ အာဖဂန်နစ္စတန်အခြေစိုက် ISIS အဖွဲ့တစ်ခုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံမှာလူပေါင်း ၁၃၇ ဦးသေဆုံးစေတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်သံအမတ်ကြီးက "ISIS အဖွဲ့ဟာ နေရာတိုင်းမှာ ချေမှုန်းတိုက်ခိုက်ရမယ့် အကြမ်းဖက်အဖွဲ့အစည်းမျိုးဖြစ်တယ်။"လို့ ပြောပါတယ်။
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အီရတ်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန်တပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ရာ အီရတ်နဲ့ အမေရိကန်ကြားတင်းမာမှုတွေရှိလာခဲ့ပြီး အီရတ်နိုင်ငံအတွင်းက အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းဖို့ တောင်းဆိုသံတွေထွက်ပေါ်လာခဲ့ပါတယ်။ အီရတ်ဝန်ကြီးချုပ်ဟာ ၎င်းတို့နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လာမယ့်ဧပြီလအတွင်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်ဝန်ကြီးချုပ်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနှင့် ထိပ်သီးဆွေးနွေးပွဲ လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း ၎င်း၏ညီမဖြစ်သူ ထုတ်ဖော်ပြောဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း