ဂျပန်ဝန်ကြီးချုပ်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနှင့် ထိပ်သီးဆွေးနွေးပွဲ လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း ၎င်း၏ညီမဖြစ်သူ ထုတ်ဖော်ပြောဆို
Pika (NSS) - မတ် ၂၅
ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါသည် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနှင့် ထိပ်သီးဆွေးနွေးပွဲလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း ကင်ဂျုံအန်း၏ညီမဖြစ်သူ ကင်ယိုဂျုံက မတ်လ(၂၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော်လည်း ဂျပန်နိုင်ငံက ၎င်း၏မူဝါဒကို ပြောင်းလဲခြင်းမျိုးမရှိပါက ဆွေးနွေးပွဲလုပ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း ကင်ယိုဂျုံက ထပ်မံပြောဆိုခဲ့သည်။ ကာလရှည်ကြာ ပြန်ပေးဆွဲမှုဆိုင်ရာ အငြင်းပွားမှုများနှင့် မြောက်ကိုရီးယား၏တားမြစ်ထားသော လက်နက်အစီအစဉ်များအပါအဝင် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ သမိုင်းကြောင်းအရ တင်းမာမှုများရှိနေကြောင်းလည်းသိရသည်။ သို့သော်လည်း နှစ်နိုင်ငံကြားဆက်ဆံရေးအား မြှင့်တင်လိုသည့် ဆန္ဒများကို ဖူမီအိုကီရှီဒါက မကြာသေးမီက ထုတ်ဖော်ပြသခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ထုတ်ဖော်ပြောဆိုခဲ့သည်။
ကင်ယိုဂျုံက 'ဖူမီအိုကီရှီဒါဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမြန်ဆုံးတွေ့ဆုံလိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျပန်နိုင်ငံဟာ သူတို့ရဲ့ မူဝါဒကို ပြောင်းလဲတာမျိုးမရှိဘူးဆိုရင် နှစ်နိုင်ငံကြားဆက်ဆံရေးကို တိုးတက်အောင်လုပ်ဆောင်ဖို့က မဖြစ်နိုင်ပါဘူး'ဟု ပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် လက်ရှိအချိန်အထိ မဖြေရှင်းရသေးသော ပြန်ပေးဆွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်အာရုံစိုက်နေမည်ဆိုပါက နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်လိုသည့် ဖူမီအိုကီရှီဒါ၏ မျှော်လင့်ချက်များမှာ အကောင်အထည်ပေါ်လာမည်မဟုတ်ကြောင်းလည်း ကင်ယိုဂျုံက ထပ်မံပြောဆိုခဲ့သည်။ ဖူမီအိုကီရှီဒါက 'ဂျပန်-မြောက်ကိုရီးယား ဆက်ဆံရေးအတွက် ၁၉၇၀နဲ့၁၉၈၀ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုလိုမျိုး ကိစ္စရပ်တွေကိုဖြေရှင်းဖို့ ထိပ်တန်းအဆင့်ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့က အရေးကြီးပါတယ် ။ဒါကြောင့်မလို့ ကျွန်တော်တို့ဘက်က မြောက်ကိုရီးယားကို ချဉ်းကပ်မှုအမျိုးမျိုးလုပ်ဆောင်ခဲ့တာပါ။”ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့ရှိ KBZ ဘဏ်ခွဲတစ်ခုကို အမျိုးသား(၃)ဦးက ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်း(၂၀၀၀)ကျော် ယူဆောင်သွား
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ