Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် စွဲချက်တင်ခံရပြီး ရက်ပိုင်းအတွင်း ဖမ်းဆီးခံရဖွယ်ရှိနေဟု သတင်းများထွက်ပေါ်

ဂျန်ဇက် (NP News) - မတ် ၃၁


အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ မတ်လ ၃ဝ ရက်မှာ ရာဇဝတ်မှုနဲ့စွဲချက်တင်ခံထားရပြီး လာမယ့်ရက်ပိုင်းမှာဖမ်းဆီးခံရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ 


ဒေါ်နယ်ထရမ့်ဟာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပွဲမတိုင်ခင် အပြာမယ်တစ်ဦးကို အမေရိကန်ဒေါ်လာ (၁၃ဝဝဝဝ) ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုများနဲ့ပတ် သက်ပြီး စွဲချက်တင်ခံရဖို့များတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမိုင်းတစလျှောက်မှာ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရတဲ့ ပထမဆုံးအမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်လာဖွယ်ရှိနေပါတယ်။


ဒေါ်နယ်ထရမ့်ဟာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့သမ္မတရွေးကောက်ပွဲမတိုင်ခင် အပြာမယ် စတွန်မီ ဒန်နီရယ်လ်နဲ့ လိင်ပိုင်းဆိုင်ရာအရှုပ်အထွေးများရှိခဲ့ရာ နုတ်ပိတ်ခအဖြစ် ဒန်နီရယ်လ်ကိုအမေရိကန်ဒေါ်လာသိန်းချီပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ Manhattan  မြို့ရဲ့အစိုး ရရှေ့နေဖြစ်သူ Alvin Bragg က ဒေါ်နယ်ထရမ့်ရဲ့ရှေ့နေဖြစ်သူကို အမှုကိစ္စနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆက်သွယ်ထားကြောင်း ပြောဆိုခဲ့ပေမယ့်လည်း အမှုနဲ့ပတ် သက်ပြီး အတိအကျ ပြောဆိုခြင်းမျိုးမရှိကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ရှေ့နေဖြစ်သူကတော့ Manhattan မြို့တရားသူကြီးဟာ ဒေါ်နယ်ထရမ့်ကို စွဲချက်တင်ထားကြောင်းပြောဆိုခဲ့ပေမယ့်လည်း အမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အခြေအနေကို ပြောဆိုခြင်းမရှိကြောင်းသိရပါတယ်။


အဆိုပါစွဲချက်တင်ခံရမှုဟာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ ဒေါ်နယ်ထရမ့်ရဲ့ကြိုးပမ်းမှုတွေကို ထိခိုက်ဖွယ်ရှိနေကြောင်း သိရပါတယ်။ တရားရုံးတာဝန်ရှိသူများဟာ ဒေါ်နယ်ထရမ့်ကို အဆိုပါအမှုကိစ္စနဲ့ပတ်သက်ပြီး ထောင်ချဖို့ အစီအစဉ် ရှိ၊ မရှိဆိုတဲ့အချက်ကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပြီးနောက်ပိုင်း သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရရဲ့ဖိအားပေးမှုအမျိုးမျိုးရင်ဆိုင်ခဲ့ရပြီး နေအိမ်ကို စီးနင်းရှာဖွေခြင်း၊ ၎င်းရဲ့စီးပွားရေးလုပ်ငန်းများနဲ့ပတ်သက်ပြီး စစ်ဆေးခံရခြင်းများ ဆက်တိုက်တွေ့ကြုံခဲ့ပါတယ်။


ဒေါ်နယ်ထရမ့်က အဆိုပါအပြာမယ်နဲ့ပတ်သက်တဲ့ အမှုကိစ္စကိုတစ်စုံတရာအမှားယွင်းမလုပ်ထားကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်က ၎င်းသာ အဖမ်းခံရမယ်ဆိုရင်အမေရိကန် နိုင်ငံ ပျက်စီး၊ ဆုံးရှုံးမှုများဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့သလို သူ့ကို ထောက်ခံသူများကိုလည်း ဆန္ဒပြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။ ဒေါ်နယ်ထရမ့်က သူ့အပေါ် စွဲချက်တင်ဖို့ ကြိုးပမ်းနေခြင်းတွေဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောပါတယ်။ 


ဒေါ်နယ်ထရမ့်ရဲ့ရှေ့နေတွေဖြစ်တဲ့ Susan Necheles နဲ့ Joseph Tacopina တို့က "ဒေါ်နယ်ထရမ့်ဟာ ဘယ်အမှုကိုမှကျူးလွန်ထားခြင်းမရှိဘူး၊ ကျွန်တော်တို့ဟာ တရားရေးရုံးမှာ စွဲချက်တင်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်ဆောင်နေတာတွေကိုအနိုင်ယူဖို့ ကြိုးပမ်းသွားမှာပါ" လို့ပြောပါတယ်။

zawgyi version

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ စြဲခ်က္တင္ခံရၿပီး ရက္ပိုင္းအတြင္း ဖမ္းဆီးခံရဖြယ္ရွိေနဟု သတင္းမ်ားထြက္ေပၚ

ဂ်န္ဇက္ (NP News) - မတ္ ၃၁


အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ဟာ မတ္လ ၃ဝ ရက္မွာ ရာဇဝတ္မႈနဲ႔စြဲခ်က္တင္ခံထားရၿပီး လာမယ့္ရက္ပိုင္းမွာဖမ္းဆီးခံရဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။ 


ေဒၚနယ္ထရမ့္ဟာ ၂ဝ၁၆ ခုႏွစ္ကက်င္းပတဲ့ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးပြဲမတိုင္ခင္ အျပာမယ္တစ္ဦးကို အေမရိကန္ေဒၚလာ (၁၃ဝဝဝဝ) ေပးခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈမ်ားနဲ႔ပတ္ သက္ၿပီး စြဲခ်က္တင္ခံရဖို႔မ်ားတယ္လို႔ သတင္းေတြကဆိုပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမိုင္းတစေလွ်ာက္မွာ ရာဇဝတ္မႈနဲ႔ စြဲခ်က္တင္ခံရတဲ့ ပထမဆုံးအေမရိကန္သမၼတေဟာင္းတစ္ဦးျဖစ္လာဖြယ္ရွိေနပါတယ္။


ေဒၚနယ္ထရမ့္ဟာ ၂ဝ၁၆ ခုႏွစ္ကက်င္းပတဲ့သမၼတေ႐ြးေကာက္ပြဲမတိုင္ခင္ အျပာမယ္ စတြန္မီ ဒန္နီရယ္လ္နဲ႔ လိင္ပိုင္းဆိုင္ရာအရႈပ္အေထြးမ်ားရွိခဲ့ရာ ႏုတ္ပိတ္ခအျဖစ္ ဒန္နီရယ္လ္ကိုအေမရိကန္ေဒၚလာသိန္းခ်ီေပးခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။ Manhattan  ၿမိဳ႕ရဲ႕အစိုး ရေရွ႕ေနျဖစ္သူ Alvin Bragg က ေဒၚနယ္ထရမ့္ရဲ႕ေရွ႕ေနျဖစ္သူကို အမႈကိစၥနဲ႔ပတ္သက္ၿပီး ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ ဆက္သြယ္ထားေၾကာင္း ေျပာဆိုခဲ့ေပမယ့္လည္း အမႈနဲ႔ပတ္ သက္ၿပီး အတိအက် ေျပာဆိုျခင္းမ်ိဳးမရွိေၾကာင္းသိရပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ေရွ႕ေနျဖစ္သူကေတာ့ Manhattan ၿမိဳ႕တရားသူႀကီးဟာ ေဒၚနယ္ထရမ့္ကို စြဲခ်က္တင္ထားေၾကာင္းေျပာဆိုခဲ့ေပမယ့္လည္း အမႈနဲ႔ပတ္သက္တဲ့ အေသးစိတ္အေျခအေနကို ေျပာဆိုျခင္းမရွိေၾကာင္းသိရပါတယ္။


အဆိုပါစြဲခ်က္တင္ခံရမႈဟာ လာမယ့္သမၼတေ႐ြးေကာက္ပြဲမွာ သမၼတျဖစ္ဖို႔ ေဒၚနယ္ထရမ့္ရဲ႕ႀကိဳးပမ္းမႈေတြကို ထိခိုက္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။ တရား႐ုံးတာဝန္ရွိသူမ်ားဟာ ေဒၚနယ္ထရမ့္ကို အဆိုပါအမႈကိစၥနဲ႔ပတ္သက္ၿပီး ေထာင္ခ်ဖို႔ အစီအစဥ္ ရွိ၊ မရွိဆိုတဲ့အခ်က္ကို အေသးစိတ္ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေၾကာင္းသိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ ယွဥ္ၿပိဳင္ဖို႔ စီစဥ္ခဲ့ၿပီးေနာက္ပိုင္း သမၼတ ဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့ အေမရိကန္အစိုးရရဲ႕ဖိအားေပးမႈအမ်ိဳးမ်ိဳးရင္ဆိုင္ခဲ့ရၿပီး ေနအိမ္ကို စီးနင္းရွာေဖြျခင္း၊ ၎ရဲ႕စီးပြားေရးလုပ္ငန္းမ်ားနဲ႔ပတ္သက္ၿပီး စစ္ေဆးခံရျခင္းမ်ား ဆက္တိုက္ေတြ႕ႀကဳံခဲ့ပါတယ္။


ေဒၚနယ္ထရမ့္က အဆိုပါအျပာမယ္နဲ႔ပတ္သက္တဲ့ အမႈကိစၥကိုတစ္စုံတရာအမွားယြင္းမလုပ္ထားေၾကာင္းသိရပါတယ္။ ေဒၚနယ္ထရမ့္က ၎သာ အဖမ္းခံရမယ္ဆိုရင္အေမရိကန္ ႏိုင္ငံ ပ်က္စီး၊ ဆုံးရႈံးမႈမ်ားျဖစ္လာႏိုင္တယ္လို႔ သတိေပးခဲ့သလို သူ႔ကို ေထာက္ခံသူမ်ားကိုလည္း ဆႏၵျပဖို႔ တိုက္တြန္းေတာင္းဆိုထားပါတယ္။ ေဒၚနယ္ထရမ့္က သူ႔အေပၚ စြဲခ်က္တင္ဖို႔ ႀကိဳးပမ္းေနျခင္းေတြဟာ ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။ 


ေဒၚနယ္ထရမ့္ရဲ႕ေရွ႕ေနေတြျဖစ္တဲ့ Susan Necheles နဲ႔ Joseph Tacopina တို႔က "ေဒၚနယ္ထရမ့္ဟာ ဘယ္အမႈကိုမွက်ဴးလြန္ထားျခင္းမရွိဘူး၊ ကြၽန္ေတာ္တို႔ဟာ တရားေရး႐ုံးမွာ စြဲခ်က္တင္ၿပီး ႏိုင္ငံေရးရည္႐ြယ္ခ်က္နဲ႔လုပ္ေဆာင္ေနတာေတြကိုအႏိုင္ယူဖို႔ ႀကိဳးပမ္းသြားမွာပါ" လို႔ေျပာပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

“ဘာကြောင့် အမေရိကန်က တရုတ်ကို မလိုမုန်းထား ပိတ်ဆို့တိုက်ခိုက်နေတာလဲ” (ဘာသာပြန်ဆောင်းပါး)

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved