ကမ္ဘာ့ပထမဆုံး Dragon Ball ပန်းခြံကို ဆော်ဒီအာရေးဗျနိုင်ငံတွင် တည်ဆောက်သွားမည်
Pika (NSS) - မတ် ၂၃
ကာတွန်းများ၊ ရုပ်ရှင်များ နှင့် ဂိမ်းများ၏ “Dragon Ball” စကြာဝဋ္ဌာကို ရည်ရွယ်ထားသည့် ကမ္ဘာ့ပထမဆုံးပန်းခြံကို ဆော်ဒီအာရေးဗျနိုင်ငံတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
Dragon Ball ဇာတ်ကောင် Goku နှင့် ၎င်း၏သူငယ်ချင်းများကို အခြေခံထားသည့် အဆိုပါပန်းခြံသည် Riyadh မြို့အနီးရှိ Qiddiya ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ပရောဂျက်တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုအရသိရသည်။ မီတာ(၅)သိန်းရှိသော အဆိုပါပရောဂျက်တွင် ဟိုတည်များ၊ စားသောက်ဆိုင်များနှင့်အတူ နေရာ(၇)ခုတွင် ကစားကွင်းများနှင့် စိတ်ဝင်စားစရာကောင်းသည့်အရာများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
“Dragon Ball”ကာတွန်းကို ရုပ်ရှင်များ၊ ဂိမ်းများနှင့် တီဗီရှိုးများအဖြစ် ပြောင်းလဲကာ နိုင်ငံပေါင်း(၈၀)ကျော်သို့ မဖြန့်ဝေမီ ၁၉၈၄ ခုနှစ်တွင် ဂျပန်နိုင်ငံထုတ် Weekly Shonen Jump ရုပ်ပြမဂ္ဂဇင်းမှာ ပထမဆုံးထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “Dragon Ball” ကို ဖန်တီးသူ အသက် (၆၈)နှစ်အရွယ် ဂျပန်မန်ဂါရုပ်ပြဖန်တီးသူ အကီရာတိုရီယာမာသည် ယခုလတွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏ပရိသတ်များသည် အကီရာတိုရီယာမာ သေဆုံးမှုအတွက် ဝမ်းနည်းမှုအထိမ်းအမှတ်များစွာကို လုပ်ဆောင်ပေးခဲ့ကြကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မီးတွေကြားက မြို့ပျက်ကြီးသဖွယ်ဖြစ်သွားတဲ့ ကော့ကရိတ်မြို့ပေါ်က ရင်နင့်ဖွယ်ဖြစ်ရပ်တချို့
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ