Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ချင်းမိုင်ပြည်နယ်တွင် လေထုညစ်ညမ်းမှု မြင့်တက်နေခြင်းအပေါ် ဝန်ကြီးချုပ်ချန်အိုချာဝေဖန်ပြစ်တင်

Pika (NP News) - မတ် ၃ဝ


ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင် လေထုညစ်ညမ်းမှုများမြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ဆောင်ရွက်မှုများပြုလုပ်ပေးရန် ကတိပေးခဲ့သော်လည်း မီးလောင်နေသောလယ်ကွင်းများကို တားဆီးရန်ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်။


ဆွစ်ဇာလန် လေထုအရည်အသွေး ကုမ္ပဏီ IQAir ၏အဆိုအရ ပြီးခဲ့သည့် သီတင်းပတ်အ တွင်း ချင်းမိုင်ပြည်နယ်သည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အများဆုံးဖြစ်နေသော မြို့များထဲတွင် ပါဝင်နေကြောင်းသိရသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လေထုညစ်ညမ်းမှုများပိုမိုမြင့်တက်လာမှုနှင့်အတူ ချင်းရိုင်ပြည်နယ်ဒေသခံများသည် PM2.5 ပါဝင်သည့် ညစ်ညမ်းသောလေထုကိုရှူနေရပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအခြေအနေကိုရောက်နေကြောင်းသိရသည်။


ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဆေးရုံများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့်ပတ်သက်ပြီး ကုသမှုများခံယူနေရသည့်လူနာအရေအတွက်သည် များပြားနေကြောင်းသိရသည်။ မတ်လ(၂၉)ရက်က ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာသည် လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး ပြည်သူလူထု၏ ဒေါသများကြီးထွားလာမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ပြီး အဆိုပါပြဿနာကို နိုင်ငံတော်အဆင့်ပြဿနာအဖြစ် ဆက်လက်ကိုင်တွယ်ဖြေရှင်းနေဆဲဖြစ်ကြောင်း ပြည်သူများအား အာမခံချက်ပေးခဲ့သည်။ 


အစိုးရသည် လယ်သမားများအနေဖြင့် လယ်ကွင်းများကို တစ်ချိန်တည်းမီးရှို့ခြင်းမှ ကာကွယ်ရန်အတွက် ပြည်နယ်တိုင်းတွင် လယ်ကွင်းများမီးရှို့ရမည့် အချိန်ကို သတ်မှတ်ထားကြောင်း ၎င်းကပြောကြားခဲ့သည်။ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အိမ်နီးချင်း မြန်မာနိုင်ငံ နှင့် လာအိုတို့တွင် လယ်သမားများက လယ်ကွင်းများကို ရှင်းလင်းနေစဥ် ထောင်နှင့်ချီသော မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း ဂြိုလ်တုဓါတ်ပုံများကဖော်ပြခဲ့သည်။


ပရာယွတ်ချန်အိုချာက "ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒီလိုပြဿနာမျိုးတွေ ကြုံနေရပါတယ်။ လယ်ကွင်းတွေကို မီးရှို့တာမျိုးကိုလျှော့ချဖို့ ပြည်သူတွေက ပူးပေါင်းဆောင်ရွက်တာမျိုးမရှိပါဘူး။ တာဝန်ရှိသူတွေဟာ လေထုညစ်ညမ်းမှုပြဿနာက ဘယ်လောက်အထိဆိုးရွားတယ်ဆိုတာ ပြည်သူတွေနားလည်အောင်လုပ်ပေးဖို့လို့ပါတယ်" ဟုပြောဆိုခဲ့သည်။


ထိုင်းလယ်သမားများသည် လယ်ကွင်းများကို မီးရှို့ရန် အစိုးရကသတ်မှတ်ထားသည့် အချိန်ကာလမဟုတ်ပဲ မီးရှို့မည်ဆိုပါက ဒဏ်ကြေးငွေများအပါအဝင် ပြစ်ဒဏ်များချမှတ်ခံရသော် လည်း ကျေးလက်ဒေသများတွင် အဆိုပါစည်းကမ်းကို လိုက်နာကျင့်သုံးမှု လျော့နည်းနေကြောင်းသိရသည်။ မီးရှို့မှုအများစုကို ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်အနီးတွင် လုပ်ကိုင်နေသော စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်း ကျင်ထိမ်းသိန်းရေးသမားများက ပြောကြားခဲ့သည်။


ယာဥ်များမှ ထုတ်လွှတ်သော ဓါတ်ငွေ့များသည် PM2.5 ပါဝင်မှုနှုန်းကို ပိုမိုမြင့်တက်အောင်လုပ်ဆောင်နေခြင်းဖြစ်ပြီး အစိုးရသည် လောင်စာဆီသုံးယာဥ်များ အသုံးပြုမှုများကို လျှော့ ချရန်နှင့် လျှပ်စစ်ကားများကို အသုံးပြုကြရန်  လှုံ့ဆော်ပေးနေကြောင်း ပရာယွတ် ချန်အိုချာကပြောကြားခဲ့သည်။

zawgyi version


Pika (NP News) - မတ် ၃ဝ















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံတို့နှင့် ကွဲပြားမှုရှိနိုင်မည့် ငြိမ်းချမ်းရေးညီလာခံတစ်ရပ် ကျင်းပရန် EAO အဖွဲ့များနှင့် နစကတို့ဆွေးနွေးနေ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved