Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံတို့နှင့် ကွဲပြားမှုရှိနိုင်မည့် ငြိမ်းချမ်းရေးညီလာခံတစ်ရပ် ကျင်းပရန် EAO အဖွဲ့များနှင့် နစကတို့ဆွေးနွေးနေ

မျိုးကြီး (NP News) - မတ် ၃ဝ


ယခင်က ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံညီလာခံတို့နှင့် ကွဲပြားမှုရှိနိုင်မည့် ငြိမ်းချမ်းရေးညီလာခံတစ်ရပ်ကျင်းပရန် EAO အဖွဲ့များနှင့် နစကတို့အကြား ဆွေးနွေးနေမှုများရှိကြောင်း သတင်းရရှိသည်။


NCA လက်မှတ်ရေးထိုးထားသော EAO (၇)ဖွဲ့နှင့် နစက၏ NSPNC တို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ (၂)ရက်ကြာ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြသည်။


ထိုသို့ (၂)ရက်တာဆွေးနွေးပွဲအတွင်း အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအ ကျင်းတစ်ရပ်ပေါ်ပေါက်ရေး၊ အရပ်သားများကာကွယ်ပေးရေး၊ နှစ်ဖက်ဘုံသဘောတူညီချက်များရရှိနိုင်ရေး၊ ဒေသတည်ငြိမ်ရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးတို့ကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း နှစ်ဖက်လုံးက သတင်းထုတ်ပြန်ထား သည်။


“ငြိမ်းချမ်းရေးညီလာခံဆိုတဲ့ ကိစ္စရပ်တွေဆိုတာကလည်း ရိုးရိုးသားသားပြောရမယ်ဆိုရင် တော့ NSPNC က တင်ပြချက်အပေါ်မှာ ကျွန်တော်တို့က မှတ်သားပြီးတော့ သက်ဆိုင်ရာ (၇)ဖွဲ့ခေါင်းဆောင်တွေကို ပြန်လည်တင်ပြမယ်။ အဲဒီအတွက် နောက်တစ်ကြိမ်ပြန်လည်ဆွေးနွေးမယ်ဆိုတဲ့ အစီအစဉ်နဲ့ပဲသွားနိုင်သေးတယ်” ဟု EAO (၇)ဖွဲ့၏ အလွတ်သဘောတွေ့ဆုံညှိနှိုင်းရေးအဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကိုပြော သည်။


NSPNC ဘက်မှတင်ပြထားသည့် ငြိမ်းချမ်းရေးညီလာခံနှင့်ပတ်သက်၍ နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်မည့် အခင်းအကျင်း၊ အဆင်ပြေနိုင်မည့်အကြောင်းအရာများဖြင့် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားရမည်ဟုလည်း EAO (၇)ဖွဲ့၏ ပြောခွင့်ရက ဆိုသည်။


ယခင်က ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ (၂၁)ရာစုပင်လုံညီလာခံတို့သည် ညီလာခံ မကျင်းပခင်အချိန်တွင် NCA ၌လက်မှတ်ရေးထိုးခြင်းအပါအဝင် နေရာဒေသအများအပြား၌ ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ရန် လုပ်ဆောင်နိုင်သည့် အာသာချက်များရှိပြီး ပါဝင်သင့်ပါဝင်ထိုက်သည့် အစုအဖွဲ့များအနေဖြင့် နိုင်ငံရေးဆွေးနွေးမှုမူဘောင်အရ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မှုများရှိခဲ့ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က မှတ်ချက်ပြုထားသည်။


“ဒီအချိန်မှာကတော့ သိတဲ့အတိုင်းပါပဲ။ ငြိမ်းချမ်းရေးညီလာခံလို့ပဲပြောပြော၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလို့ပဲ ပြောပြော အဲဒီအခင်းအကျင်းအတွက် လိုအပ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ကလည်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြီးကြီးမားမားရှိတဲ့ ကာလတွေဆိုတော့လေ ဒါအသေးစိတ်တော့ပြောဖို့ အဆင်သင့်မဖြစ်သေးဘူး။ သို့သော်လည်း အခုကျွန်တော်တို့ စဉ်းစားတဲ့အထိ ငြိမ်းချမ်းရေးညီလာခံကတော့ ကျွန်တော်တို့ အရင် NCA လမ်းကြောင်းအရလုပ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့၊ (၂၁)ရာစုပင်လုံတို့နဲ့တော့က ကွဲပြားခြားနားမှု ရှိနိုင်မယ်လို့တော့ အကြမ်းမျဉ်း ပြောလို့ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။


လက်ရှိတွင် ငြိမ်းချမ်းရေးညီလာခံအတွက် လိုအပ်သည့် မြေပြင်အခြေအနေအခင်းအကျင်းသည် ယခင်အခြေအနေနှင့် မတူကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများသည် နေရာဒေသများစွာ၌ ဖြစ်ပေါ်လျက်ရှိနေကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။


နစကအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)နှင့် NCA လမ်းကြောင်းအပေါ် အခြေခံကာ ဆက်လက်ဆောင်ရွက်သွားမည်ဟု အသိပေးပြောဆိုထားသည်။

zawgyi version

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၊ (၂၁)ရာစုပင္လုံတို႔ႏွင့္ ကြဲျပားမႈရွိႏိုင္မည့္ ၿငိမ္းခ်မ္းေရးညီလာခံတစ္ရပ္ က်င္းပရန္ EAO အဖြဲ႕မ်ားႏွင့္ နစကတို႔ေဆြးေႏြးေန


မ်ိဳးႀကီး (NP News) - မတ္ ၃ဝ


ယခင္က က်င္းပခဲ့ေသာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၊ (၂၁)ရာစုပင္လုံညီလာခံတို႔ႏွင့္ ကြဲျပားမႈရွိႏိုင္မည့္ ၿငိမ္းခ်မ္းေရးညီလာခံတစ္ရပ္က်င္းပရန္ EAO အဖြဲ႕မ်ားႏွင့္ နစကတို႔အၾကား ေဆြးေႏြးေနမႈမ်ားရွိေၾကာင္း သတင္းရရွိသည္။


NCA လက္မွတ္ေရးထိုးထားေသာ EAO (၇)ဖြဲ႕ႏွင့္ နစက၏ NSPNC တို႔သည္ ယခုရက္ပိုင္းအတြင္း ေနျပည္ေတာ္၌ (၂)ရက္ၾကာ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။


ထိုသို႔ (၂)ရက္တာေဆြးေႏြးပြဲအတြင္း အားလုံးပါဝင္သည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ အခင္းအ က်င္းတစ္ရပ္ေပၚေပါက္ေရး၊ အရပ္သားမ်ားကာကြယ္ေပးေရး၊ ႏွစ္ဖက္ဘုံသေဘာတူညီခ်က္မ်ားရရွိႏိုင္ေရး၊ ေဒသတည္ၿငိမ္ေရး၊ ေ႐ြးေကာက္ပြဲက်င္းပေရး၊ ၿငိမ္းခ်မ္းေရးညီလာခံက်င္းပေရးတို႔ကို အျပန္အလွန္ေဆြးေႏြးညႇိႏႈိင္းခဲ့ေၾကာင္း ႏွစ္ဖက္လုံးက သတင္းထုတ္ျပန္ထား သည္။


“ၿငိမ္းခ်မ္းေရးညီလာခံဆိုတဲ့ ကိစၥရပ္ေတြဆိုတာကလည္း ႐ိုး႐ိုးသားသားေျပာရမယ္ဆိုရင္ ေတာ့ NSPNC က တင္ျပခ်က္အေပၚမွာ ကြၽန္ေတာ္တို႔က မွတ္သားၿပီးေတာ့ သက္ဆိုင္ရာ (၇)ဖြဲ႕ေခါင္းေဆာင္ေတြကို ျပန္လည္တင္ျပမယ္။ အဲဒီအတြက္ ေနာက္တစ္ႀကိမ္ျပန္လည္ေဆြးေႏြးမယ္ဆိုတဲ့ အစီအစဥ္နဲ႔ပဲသြားႏိုင္ေသးတယ္” ဟု EAO (၇)ဖြဲ႕၏ အလြတ္သေဘာေတြ႕ဆုံညႇိႏႈိင္းေရးအဖြဲ႕မွ ေျပာခြင့္ရ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကိုေျပာ သည္။


NSPNC ဘက္မွတင္ျပထားသည့္ ၿငိမ္းခ်မ္းေရးညီလာခံႏွင့္ပတ္သက္၍ ႏွစ္ဖက္စလုံးအတြက္ အဆင္ေျပႏိုင္မည့္ အခင္းအက်င္း၊ အဆင္ေျပႏိုင္မည့္အေၾကာင္းအရာမ်ားျဖင့္ ဆက္လက္ႀကိဳးပမ္းလုပ္ေဆာင္သြားရမည္ဟုလည္း EAO (၇)ဖြဲ႕၏ ေျပာခြင့္ရက ဆိုသည္။


ယခင္က က်င္းပခဲ့ေသာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၊ (၂၁)ရာစုပင္လုံညီလာခံတို႔သည္ ညီလာခံ မက်င္းပခင္အခ်ိန္တြင္ NCA ၌လက္မွတ္ေရးထိုးျခင္းအပါအဝင္ ေနရာေဒသအမ်ားအျပား၌ ပစ္ခတ္တိုက္ခိုက္မႈမ်ား မျဖစ္ရန္ လုပ္ေဆာင္ႏိုင္သည့္ အာသာခ်က္မ်ားရွိၿပီး ပါဝင္သင့္ပါဝင္ထိုက္သည့္ အစုအဖြဲ႕မ်ားအေနျဖင့္ ႏိုင္ငံေရးေဆြးေႏြးမႈမူေဘာင္အရ က်ယ္ျပန႔္စြာ လုပ္ေဆာင္ႏိုင္မႈမ်ားရွိခဲ့ေၾကာင္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က မွတ္ခ်က္ျပဳထားသည္။


“ဒီအခ်ိန္မွာကေတာ့ သိတဲ့အတိုင္းပါပဲ။ ၿငိမ္းခ်မ္းေရးညီလာခံလို႔ပဲေျပာေျပာ၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြလို႔ပဲ ေျပာေျပာ အဲဒီအခင္းအက်င္းအတြက္ လိုအပ္တဲ့ ပစ္ခတ္တိုက္ခိုက္မႈေတြ မရွိေအာင္ ထိန္းထိန္းသိမ္းသိမ္းလုပ္ဖို႔ကလည္း အခက္အခဲေတြ၊ စိန္ေခၚမႈေတြ ႀကီးႀကီးမားမားရွိတဲ့ ကာလေတြဆိုေတာ့ေလ ဒါအေသးစိတ္ေတာ့ေျပာဖို႔ အဆင္သင့္မျဖစ္ေသးဘူး။ သို႔ေသာ္လည္း အခုကြၽန္ေတာ္တို႔ စဥ္းစားတဲ့အထိ ၿငိမ္းခ်မ္းေရးညီလာခံကေတာ့ ကြၽန္ေတာ္တို႔ အရင္ NCA လမ္းေၾကာင္းအရလုပ္ေနတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံတို႔၊ (၂၁)ရာစုပင္လုံတို႔နဲ႔ေတာ့က ကြဲျပားျခားနားမႈ ရွိႏိုင္မယ္လို႔ေတာ့ အၾကမ္းမ်ဥ္း ေျပာလို႔ရပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။


လက္ရွိတြင္ ၿငိမ္းခ်မ္းေရးညီလာခံအတြက္ လိုအပ္သည့္ ေျမျပင္အေျခအေနအခင္းအက်င္းသည္ ယခင္အေျခအေနႏွင့္ မတူေၾကာင္း၊ ပစ္ခတ္တိုက္ခိုက္မႈမ်ားသည္ ေနရာေဒသမ်ားစြာ၌ ျဖစ္ေပၚလ်က္ရွိေနေၾကာင္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ဆိုသည္။


နစကအေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂ဝဝ၈ ခုႏွစ္)ႏွင့္ NCA လမ္းေၾကာင္းအေပၚ အေျခခံကာ ဆက္လက္ေဆာင္႐ြက္သြားမည္ဟု အသိေပးေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Wall Street Journal သတင်းထောက်ကို စပိုင်လုပ်မှုဖြင့် ရုရှားထောက်လှမ်းရေးဖမ်းဆီး

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved