Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံတည်ငြိမ်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရန်ရှိပြီး အရေးပေါ်ရန်ပုံငွေကိုလည်း တိုးမြှင့်သုံးစွဲရန် နစက စီစဉ်နေ

မြူနစ် (NSS) - မတ် ၂၂

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံတည်ငြိမ်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲ ရန်ရှိပြီး အရေးပေါ်ရန်ပုံငွေကိုလည်း တိုးမြှင့်သုံးစွဲရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ကျင်းပ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနှင့် တိုင်း၊ ပြည်နယ်များ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ များသည် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များ၊ အမျိုးသားရေးရည်မှန်းချက်တာဝန်များကို အောင်မြင်စေရန် ဘဏ္ဍာရေးမူဝါဒအဖြစ် ပြဋ္ဌာန်းပေးသည့် ဥပဒေများဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ စက်မှု၊ စိုက်ပျိုးရေးအသုံးစရိတ်များကို ဦးစားပေးလျာထားကာ သုံးစွဲသွား မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် အစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာအသုံးစရိတ်များကို စိစစ်သုံးစွဲပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမည့် အသုံးစရိတ်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုသည့်အသုံးစရိတ်များကိုလည်း ဦးစားပေးသုံးစွဲရန် လိုအပ်ကြောင်းလည်း ၎င်းက တိုက်တွန်းထားသည်။

“လွှတ်တော်ရှိတဲ့အချိန်မှာဆိုရင်တော့ လွှတ်တော်ကို ချပြတယ်။ လွှတ်တော်က ပြန်ပြီးတော့ အဲဒီဟာအပေါ်မှာ ဆွေးနွေးကြတယ်ပေါ့။ ကျွန်မတို့တုန်းကဆိုရင်တော့ ပညာရေးနဲ့ ကျန်းမာရေးတွေကို တိုးမြှင့်ပြီးတော့ ဆောင်ရွက် ပေးဖို့ဆိုပြီးတော့ သတ်မှတ်ခဲ့ကြတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းနေတယ်ဆိုရင်တော့ တည်ငြိမ်အေးချမ်းတဲ့ အလျောက် နိုင်ငံတော်ကာ ကွယ်အသုံးစရိတ်တွေကို လျှော့ချလို့ရတယ်။ သို့သော်လည်း အခုအချိန်မှာ တစ်နိုင်ငံလုံး ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့အချိန်ဆိုရင်တော့ ရှေ့ရည်မှန်းချက်တို့၊ ရှေ့မျှော်မှန်းချက်တို့ကို ထည့်တွက်ပြီးတော့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ဆိုတာကိုတော့ ပိုပြီးတော့ သုံးရမယ့်ကဏ္ဍဖြစ်တာ ပေါ့” လွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းက NP News ကို သုံးသပ်ပြောကြားသည်။

နိုင်ငံတော်အသုံးစရိတ်နှင့်ပတ်သက်၍ လက်ရှိတွင် နိုင်ငံအတွက် အရေးကြီးနေသည့် လုံခြုံရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကဏ္ဍများအတွက် အသုံးစရိတ်ကို ပိုမိုအသုံးပြုသင့်ကြောင်းနှင့် နိုင်ငံ၏ စီးပွားရေး အခန်းကဏ္ဍအတွက်လည်း ပိုမိုအသုံးပြုသင့်ကြောင်း ဒေါ်စန္ဒာမင်းက အကြံပြုထားသည်။ 

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ပြည်ထောင်စု၏ ရငွေ အနေဖြင့် ငွေကျပ် (၂၅၃၆၄)ဘီလျံကျော်ရရှိမည်ဟု ခန့်မှန်ထားပြီး အသုံးစရိတ်သုံးငွေအနေဖြင့် ငွေကျပ် (၃၃၁၇၅) ဘီလျံကျော် သုံးစွဲမည်ဟု ခန့်မှန်ထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၃၇၀၀ ဘီလျံကျော် သုံးစွဲရန်လျာထားခဲ့သည် ကိုတွေ့ရှိရပြီး လက်ရှိတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၅၆၃၅ ဘီလျံကျော်အထိ တိုးမြှင့်သုံးစွဲရန် လျာထားခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိ ပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကဏ္ဍများသည်လည်း အားနည်းနေလျက်ရှိကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

ထို့ပြင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ လာမည့်ဘဏ္ဍာနှစ်တွင် ရာသီဥတုနှင့် အခြားအခြေအနေများအရ ယခင်ဘဏ္ဍာရေးနှစ်များထက် အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်လျာထားသုံးစွဲနိုင်ရေး စီစဉ်ထားကြောင်းလည်း အသိပေးပြောကြားထားသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အရေးပေါ်ရန်ပုံငွေအဖြစ် ငွေကျပ် (၁၁၄)ဘီလျံအထိ သုံးစွဲလျာထားခဲ့ကြောင်း ပြည် ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

“အရေးပေါ်ရန်ပုံငွေဆိုတာတော့ နှစ်စဉ်သတ်မှတ်ရတယ်။ အဓိကတော့ အရေးပေါ်ရန်ပုံငွေသည် မမျှော်လင့်သော ရာသီဥတုအခြေအနေ၊ မမျှော်လင့်သော သဘာဝဘေးအန္တရာယ်အခြေအနေတွေကြောင့် ပျက်စီးသွားတာတွေကို ပြန်လည်ကုစားဖို့ ရည်ရွယ်တာဖြစ်တယ်။ မနှစ်ကဆိုလို့ရှိရင် မိုခါမုန်တိုင်းတိုက်သွားတာဖြစ်တဲ့အတွက် အရေးပေါ် ရန်ပုံငွေကပဲ ထုတ်နုတ်ပြီးတော့ သုံးစွဲရတာပဲ။ ရှေ့လာမယ့် ၂၀၂၅ နှစ်မှာလည်း အရေးပေါ်ရန်ပုံငွေဆိုတာကတော့ မသုံးဖြစ်ရင်လည်း ဒီငွေက ကုန်သွားတာ မဟုတ်ဘူးလေ။ ဘတ်ဂျက်ထဲမှာ ပြန်ရှိနေမှာပဲ။ တိုးမြှင့်ပြီး သတ်မှတ် ထားလို့လည်း ဘာပြဿနာမှ မရှိဘူး။ မသုံးဖြစ်ရင် ဒါက ကုန်သွားတဲ့ ငွေမဟုတ်ဘူးပေါ့” ဟု လွှတ်တော် အမတ်ဟောင်း ဒေါ်စန္ဒာက ဆိုသည်။

မကြာခင် ကုန်ဆုံးတော့မည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဝန်ကြီးဌာနများက နယ်မြေအခြေအနေ အရ လုပ်ငန်းဆောင်ရွက်နိုင်မှု မရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အထွေထွေပိုလျှံရန်ပုံငွေ(GRF)သို့ ပြန်လည် အပ်နှံသည့် ပိုလျှံငွေများကို ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေးကိစ္စရပ်တို့တွင် အထူးကိစ္စတစ်ရပ်အနေဖြင့် လွှဲပြောင်းသုံးစွဲခွင့်ပြု ထားကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေအိမ်ခြံဝန်းအတွင်း အသိမိတ်ဆွေများနှင့် စကားထိုင်ပြောနေသူတစ်ဦးကို အကြမ်းဖက်သမား(၂)ဦးက သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ပဲနွယ်ကုန်းမြို့နယ်တွင် ဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved