Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပင်တဂွန်စစ်ဌာနချုပ်ရှိ ကားပါကင်တွင် အမေရိကန်စစ်ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးကို သေဆုံးလျက်တွေ့ရှိဟုဆို

Pika (NP News) - မတ် ၃ဝ


ယခုလအစောပိုင်းက ပင်တဂွန်စစ်ဌာနချုပ်အနီးရှိ မော်တော်ကားတစ်စီးထဲတွင် သေဆုံးနေသည့် စစ်သားတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း ၎င်းသည်ပူးတွဲစစ်ဦးစီးချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အကြီးတန်းထောက်လှမ်းရေး တာဝန်ရှိသူတစ်ဦးဖြစ်ကြောင်း အမေရိကန်စစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့သည်။


၎င်းကို မတ်လ(၁၄)ရက်တွင် ပင်တဂွန်စစ်ဌာနချုပ်၏မြောက်ဖက် ကားပါကင်တွင်သေဆုံးလျက်တွေ့ရှိခဲ့သော စစ်မှုထမ်းသည်အသက်(၄၂)နှစ်အရွယ် တပ်ကြပ်ကြီး Juan Paulo Ferrer Bordador ဖြစ်ကြောင်း စစ်တပ်တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့ (မတ်လ ၂၉ ရက်)မှာ ပြောကြားခဲ့သည်။ ၎င်းကိုတွေ့ရှိခဲ့ပြီးနောက် အရေးပေါ်အဖွဲ့သားများသည် ကားပါကင်သို့ချက်ချင်းသွားရောက်ခဲ့သော်လည်း ၎င်းတို့ရောက်ရှိချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်းသိရသည်။ 


၂ဝ၂၁ ခုနှစ်မှစတင်ပြီး Juan Paulo Ferrer Bordador သည်  နိုင်ငံခြားတိုင်းပြည်များမှ သူလျှိုလုပ်ရန် ကြိုးပမ်းမှုများကို ဖော်ထုတ်ရန်နှင့်ဟန့်တားမှုများလုပ်ဆောင်ရန် ဖွဲ့စည်းထားသော Technical Surveillance Countermeasure အစီအစဥ်ကို ဦးဆောင်နေသူများထဲတွင် ပါဝင်ခဲ့ဖူးသူဖြစ်ကြောင်းသိရသည်။ ၎င်းသေဆုံးရသည့်အကြောင်းအရင်းကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးသကဲ့သို့ အသေးစိတ်အချက်အလက်အနည်းငယ်သာထုတ်ပြန်ထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။


ဖိလစ်ပိုင်နိုင်ငံတွင်မွေးဖွားပြီးနောက်ပိုင်းတွင် အမေရိကန်သို့ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သော Juan Paulo Ferrer Bordador သည် ပင်တဂွန်စစ်ဌာနချုပ်၏ ကာကွယ်ရေးအေဂျင်စီနှင့်တန်ပြန်ထောက်လှမ်းရေး အေးဂျင့်အဖြစ် (၂ဝဝ၄)ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်မေလတွင် တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရကြောင်းသိရသည်။ Juan Paulo Ferrer Bordador သည်တာဝန်ထမ်းဆောင်နေချိန်အတွင်း ဂျပန်၊ဂျာမနီ၊ တောင်ကိုရီးယား၊ ရုရှား၊ အစ္စရေး၊ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် နှင့် အီရတ်တို့အပါအဝင် နိုင်ငံအများအပြားသို့ ပို့ဆောင်ခံခဲ့ရကြောင်းလည်း သိရသည်၊၊


ပူးတွဲစစ်ဦးစီးချုပ်များရုံးကို စစ်တပ်၏ကဏ္ဍခြောက်ခုလုံးဖြင့်ဖွဲ့စည်းထားပြီး အမေရိကန်စစ်တပ်၏ အမြင့်ဆုံးဗိုလ်ချုပ်ကြီး ဦးဆောင်ကာ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၊ ကာကွယ်ရေးဝန်ကြီး၊ သမ္မတ၏စစ်ဖက်အကြံပေးနှင့် အမေရိကန်စစ်တပ်မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်ဖွဲ့စည်းထားကြောင်းသိရသည်။ 

zawgyi version

ပင္တဂြန္စစ္ဌာနခ်ဳပ္ရွိ ကားပါကင္တြင္ အေမရိကန္စစ္ေထာက္လွမ္းေရးတာဝန္ရွိသူတစ္ဦးကို ေသဆုံးလ်က္ေတြ႕ရွိဟုဆို

Pika (NP News) - မတ္ ၃ဝ


ယခုလအေစာပိုင္းက ပင္တဂြန္စစ္ဌာနခ်ဳပ္အနီးရွိ ေမာ္ေတာ္ကားတစ္စီးထဲတြင္ ေသဆုံးေနသည့္ စစ္သားတစ္ဦးကို ေတြ႕ရွိခဲ့ရေၾကာင္း ၎သည္ပူးတြဲစစ္ဦးစီးခ်ဳပ္႐ုံးတြင္ တာဝန္ထမ္းေဆာင္ေနေသာ အႀကီးတန္းေထာက္လွမ္းေရး တာဝန္ရွိသူတစ္ဦးျဖစ္ေၾကာင္း အေမရိကန္စစ္တပ္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။


၎ကို မတ္လ(၁၄)ရက္တြင္ ပင္တဂြန္စစ္ဌာနခ်ဳပ္၏ေျမာက္ဖက္ ကားပါကင္တြင္ေသဆုံးလ်က္ေတြ႕ရွိခဲ့ေသာ စစ္မႈထမ္းသည္အသက္(၄၂)ႏွစ္အ႐ြယ္ တပ္ၾကပ္ႀကီး Juan Paulo Ferrer Bordador ျဖစ္ေၾကာင္း စစ္တပ္တာဝန္ရွိသူမ်ားက ဗုဒၶဟူးေန႔ (မတ္လ ၂၉ ရက္)မွာ ေျပာၾကားခဲ့သည္။ ၎ကိုေတြ႕ရွိခဲ့ၿပီးေနာက္ အေရးေပၚအဖြဲ႕သားမ်ားသည္ ကားပါကင္သို႔ခ်က္ခ်င္းသြားေရာက္ခဲ့ေသာ္လည္း ၎တို႔ေရာက္ရွိခ်ိန္တြင္ ေသဆုံးေနၿပီျဖစ္ေၾကာင္းသိရသည္။ 


၂ဝ၂၁ ခုႏွစ္မွစတင္ၿပီး Juan Paulo Ferrer Bordador သည္  ႏိုင္ငံျခားတိုင္းျပည္မ်ားမွ သူလွ်ိဳလုပ္ရန္ ႀကိဳးပမ္းမႈမ်ားကို ေဖာ္ထုတ္ရန္ႏွင့္ဟန႔္တားမႈမ်ားလုပ္ေဆာင္ရန္ ဖြဲ႕စည္းထားေသာ Technical Surveillance Countermeasure အစီအစဥ္ကို ဦးေဆာင္ေနသူမ်ားထဲတြင္ ပါဝင္ခဲ့ဖူးသူျဖစ္ေၾကာင္းသိရသည္။ ၎ေသဆုံးရသည့္အေၾကာင္းအရင္းကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးသကဲ့သို႔ အေသးစိတ္အခ်က္အလက္အနည္းငယ္သာထုတ္ျပန္ထားၿပီး စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အေမရိကန္စစ္တပ္က ေျပာၾကားခဲ့သည္။


ဖိလစ္ပိုင္ႏိုင္ငံတြင္ေမြးဖြားၿပီးေနာက္ပိုင္းတြင္ အေမရိကန္သို႔ေျပာင္းေ႐ႊ႕အေျခခ်ေနထိုင္ခဲ့ေသာ Juan Paulo Ferrer Bordador သည္ ပင္တဂြန္စစ္ဌာနခ်ဳပ္၏ ကာကြယ္ေရးေအဂ်င္စီႏွင့္တန္ျပန္ေထာက္လွမ္းေရး ေအးဂ်င့္အျဖစ္ (၂ဝဝ၄)ခုႏွစ္တြင္ စတင္တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၿပီးခဲ့သည့္ႏွစ္ေမလတြင္ တပ္ၾကပ္ႀကီးအျဖစ္ ရာထူးတိုးျမႇင့္ခံခဲ့ရေၾကာင္းသိရသည္။ Juan Paulo Ferrer Bordador သည္တာဝန္ထမ္းေဆာင္ေနခ်ိန္အတြင္း ဂ်ပန္၊ဂ်ာမနီ၊ ေတာင္ကိုရီးယား၊ ႐ုရွား၊ အစၥေရး၊ ကေနဒါ၊ ဘယ္လ္ဂ်ီယံ၊ ျပင္သစ္ ႏွင့္ အီရတ္တို႔အပါအဝင္ ႏိုင္ငံအမ်ားအျပားသို႔ ပို႔ေဆာင္ခံခဲ့ရေၾကာင္းလည္း သိရသည္၊၊


ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ား႐ုံးကို စစ္တပ္၏က႑ေျခာက္ခုလုံးျဖင့္ဖြဲ႕စည္းထားၿပီး အေမရိကန္စစ္တပ္၏ အျမင့္ဆုံးဗိုလ္ခ်ဳပ္ႀကီး ဦးေဆာင္ကာ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ၊ ကာကြယ္ေရးဝန္ႀကီး၊ သမၼတ၏စစ္ဖက္အႀကံေပးႏွင့္ အေမရိကန္စစ္တပ္မွ အဆင့္ျမင့္အရာရွိႀကီးမ်ား ပါဝင္ဖြဲ႕စည္းထားေၾကာင္းသိရသည္။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချင်းမိုင်ပြည်နယ်တွင် လေထုညစ်ညမ်းမှု မြင့်တက်နေခြင်းအပေါ် ဝန်ကြီးချုပ်ချန်အိုချာဝေဖန်ပြစ်တင်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved