အရက်အတူထိုင်သောက်နေစဉ် ရန်ဖြစ်စကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး (၁)ဦးသေဆုံး
စော (NP News) - မတ် ၃ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်မြို့တွင် သူငယ်ချင်းနှစ်ဦး အရက်အတူထိုင်သောက်နေစဉ် ရန်ဖြစ်စကားများပြီး ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၃ဝ ရက်) မွန်းလွဲ(၁)နာရီအချိန်ခန့်တွင် မူဆယ်မြို့၊ ဟိုနားရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း နှလုံးလှပရဟိတအသင်းမှ သိရသည်။
“အရက်အတူတူသောက်ရင်းနဲ့ စကားများပြီးတော့ဓားနဲ့ထိုးတာပါ။ သေဆုံးသူကတော့ပွဲချင်းပြီးသေတာပေါ့။ နာမည်ကတော့မသိဘူး အသက်ကတော့(၃ဝ)ဝန်းကျင်မှာပဲရှိတယ်။ သေဆုံးသူကတော့ အဲဒီနားဝန်းကျင်ကပဲ “ဟု နှလုံးလှပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့သော အမျိုးသားကို မူဆယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှလုံးလှပရဟိတအသင်းမှ သိရသည်။
zawgyi version
စော (NP News) - မတ် ၃ဝ
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်တဂွန်စစ်ဌာနချုပ်ရှိ ကားပါကင်တွင် အမေရိကန်စစ်ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးကို သေဆုံးလျက်တွေ့ရှိဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း