Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖိလစ်ပိုင်တွင် ခရီးသည်တင်သင်္ဘောမီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံးလူ(၃၁)ဦးသေဆုံးကာ (၇)ဦးပျောက်ဆုံးနေ

Pika (NP News) - မတ် ၃ဝ


ဖိလစ်ပိုင်ကျွန်းစုများကြားတွင် ခရီးသည်နှင့်အမှုထမ်း စုစုပေါင်း(၂၅ဝ)ခန့်တင်ဆောင်လာသော MV Lady Mary Joy 3 အမည်ရှိ ကူးတို့သင်္ဘော မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံးလူ(၃၁)ဦးသေဆုံးခဲ့ပြီး (၇)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။


အဆိုပါသင်္ဘောမီးလောင်ပြီးနောက် လူအများအပြားသည် သင်္ဘောပေါ်မှခုန်ချခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေတပ်၊ အခြားသောကူးတို့သင်္ဘောများ နှင့် ဒေသခံငါးဖမ်းသမားများက လူအများအပြားကို ရေထဲမှကယ်ဆယ်နိုင်ခဲ့ကြောင်း Basilan ပြည်နယ် တောင်ပိုင်း ကျွန်းအုပ်ချုပ်ရေးမှူး Jim Hataman က ပြောကြားခဲ့သည်။ သင်္ဘောမီးလောင်မှုဖြစ်ပွားပြီးနောက် မတ်လ(၃ဝ)ရက် နံနက်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်းသိရသည်။ MV Lady Mary Joy 3 အမည်ရှိ သင်္ဘောပေါ်လိုက်ပါလာသူ အတော်များများကို ညတွင်းချင်းကယ်ဆယ်ထားနိုင်သော်လည်း ပျောက်ဆုံးနေသူများရှိနေသဖြင့် သေဆုံးသူဦးရေသည် ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။


အဆိုပါကူးတို့သင်္ဘောသည်  တောင်ပိုင်းဆိပ်ကမ်းမြို့ Zamboanga မှ ဆူလူပြည်နယ်ရှိ ဂျိုလိုမြို့သို့ထွက်ခွါလာခဲ့ခြင်းဖြစ်ပြီး Basilan မြူနီစီပယ်အနီးတွင် မတ်လ ၂၉ ရက်ညသန်း ခေါင်အချိန်က မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သင်္ဘောမီးလောင်မှုကြောင့် သေဆုံးသူများထဲတွင် မိဘများနှင့်ကွဲကွာနေပုံပေါ်သော ကလေးအနည်းဆုံး(၃)ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သော ခရီးသည်အများအပြားကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။


သင်္ဘောမီးလောင်ပြီးနောက် သေဆုံးသူအများအပြားည် ရေနစ်သေဆုံးခြင်းဖြစ်ပြီး ပင်လယ်ပြင်တွင် အလောင်းများကို ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ 


တောင်ပိုင်း ကျွန်းအုပ်ချုပ်ရေးမှူး Jim Hataman က"မီးလောင်ကျွမ်းတဲ့အချိန်မှာ အိပ်ပျော်နေတဲ့ခရီးသည်အချို့က နိုးလာကြပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ကြတယ်။ ခရီးသည်တစ်ချို့က သင်္ဘောပေါ်ကနေခုန်ချခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။


မီးလောင်ကျွမ်းထားသော ကူးတို့သင်္ဘောကို Basilan မြူနီစီပယ်၏ ကမ်းရိုးတန်းကိုဆွဲတင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း တောင်ပိုင်းကျွန်းအုပ်ချုပ်ရေးမှူး Jim Hataman ကပြောကြားခဲ့သည်။

zawgyi version


Pika (NP News) - မတ် ၃ဝ













Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အရက်အတူထိုင်သောက်နေစဉ် ရန်ဖြစ်စကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး (၁)ဦးသေဆုံး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved