ပြင်သစ်စစ်တပ်က စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု စစ်ဦးစီးချုပ်ပြော
Pika (NSS) - မတ် ၂ဝ
ပြင်သစ်စစ်တပ်သည် နိုင်ငံတကာတွင် ဖြစ်ပွားလာမည့်အရာမှန်သမျှကို ရင်ဆိုင်ရန် အသင့်ရှိနေပြီး ကိုယ့်ကိုယ်ကိုကာကွယ်ရန် အပြင်းထန်ဆုံးသော ထိပ်တိုက်ရင်ဆိုင်မှုများအတွက် ပြင်ဆင်ထားကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pierre Schill က မတ်လ(၁၉)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Pierre Schill က 'ပြင်သစ်စစ်တပ်ဟာ စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ နိုင်ငံတကာမှာဖြစ်ပွားလာတဲ့ အရာတွေအားလုံးကို ပြင်သစ်စစ်တပ်က လက်တုံ့ပြန်သွားမှာပါ'ဟု ပြောဆိုခဲ့သည်။ ပြင်သစ်နိုင်ငံတွင် နိုင်ငံတကာတာဝန်များရှိပြီး ခြိမ်းခြောက်မှုများကြုံတွေ့နေရသော နိုင်ငံများကို ကာကွယ် ရေးသဘောတူညီချက်များဖြင့် ချိတ်ဆက်ထားခြင်းကြောင့် ပြင်သစ် တပ်ဖွဲ့များနှင့် မိတ်ဖက်နိုင်ငံများ၏တပ်ဖွဲ့တို့သည် အပြန်အလှန်လေ့ ကျင့်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ထို့ပြင် နျူကလီးယားတားဆီးရေးကာကွယ်ရေးသည် အရေးပါသော အကျိုးစီးပွားများအောက်ရှိ ပဋိပက္ခများကို ကာကွယ်ပေးနိုင်ခြင်းမျိုးမရှိသောကြောင့် ကမ္ဘာလုံးဆိုင်ရာ အာမခံချက်တစ်ခုမဟုတ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
ပြင်သစ်စစ်တပ်သည် စစ်ဆင်ရေးများတွင် လက်တုံ့ပြန်မှုများမှတစ်ဆင့် ယုံကြည်စိတ်ချရသော အင်အားများကို ပြသရမည်ဖြစ်ကြောင်း Pierre Schillကပြောဆိုခဲ့သည်။ပြင်သစ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် စစ်ပွဲဖြစ်ပွားနေခြင်းမျိုးမဟုတ်ဘဲ လက်ရှိပဋိပက္ခတွင် ယူကရိန်းကို ထောက်ခံနေခြင်းမျိုးသာဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ပြီးခဲ့သည့်သီတင်းပတ်တွင် TF1 ၊ France 2ချန်နယ်တို့နှင့် အင်တာဗျူးအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံကို ပြင်သစ်၏ ရန်သူအဖြစ် မက်ခရွန်က ပြတ်ပြတ်သားသားဖော်ပြပြောဆိုခဲ့ကြောင်းသိရသည်။ ရုရှားနိုင်ငံအနေဖြင့် ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် နိုင်ငံတကာကအသိအမှတ်ပြုထားသော ယူကရိန်းနယ်မြေများကို ပြန်မပေးပါက ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်ကြောင်းလည်း မက်ခရွန်ကပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာရိန်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၂ ဒသမ ၂)ဘီလျံတန်ဖိုးရှိ တင့်ကားများရောင်းချရန် အမေရိကန်အစိုးရအတည်ပြု
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ