"Extraordinary Antony Woo" ဒရာမာထဲက မင်းသား ကန်တဲအို စစ်မှုထမ်းပြီးနောက် ဇာတ်လမ်းအသစ်အတွက် ဆွေးနွေးနေ
ရောင်နီ (NSS) - မတ် ၂ဝ
"Extraordinary Antony Woo"ဒရာမာနဲ့ အောင်မြင်မှုများစွာရရှိခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင် ကန်တဲအိုဟာ စစ်မှုထမ်းပြီးနောက် ပထမဆုံး အနုပညာပရောဂျက်အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ကန်တဲအိုဟာ လာမယ့် ဒရာမာ “Potato Research Institute” မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်လို့ OSEN သတင်းဌာနမှ မတ်လ ၁၈ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ “Potato Research Institute” ဒရာမာဟာ ကျေးလက်အာလူးသုတေသနဌာနမှာ အခြေတည်ပြီး ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးမယ့် အချစ်ဟာသစီးရီးတစ်ခုဖြစ်ပါတယ်။ ကန်တဲအိုက ဒီဇာတ်ကားထဲမှာ ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသား ကာရိုက်တာနေရာမှ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ စာရေးဆရာ ကင်ဟိုဆိုး နဲ့ ဒါရိုက်တာ ကန်အီဆိုးတို့ ပူးပေါင်းဖန်တီးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကင်တဲအိုကို လွမ်းဆွတ်နေကြတဲ့ ပရိသတ်အတွက် စောင့်မျှော်ရမယ့် ဇာတ်ကားဖြစ်နိုင်ပါတယ်။
ကင်တဲအိုဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်က စစ်မှုထမ်းခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်မှာ စစ်မှုထမ်း တာဝန်ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်ပင်လယ်ပြင်တွင် ရုရှားက ရေတပ်စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ဟုဆို
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ