ဂျပန်ပင်လယ်ပြင်တွင် ရုရှားက ရေတပ်စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ဟုဆို
Pika (NSS) - မတ် ၂ဝ
ရုရှား၏ပစိဖိတ်ရေယာဉ်စုမှ သင်္ဘောအုပ်စုတစ်စုသည် Peter the Great ပင်လယ်ကွေ့နှင့် ဂျပန်ပင်လယ်တို့တွင် တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုများအပါအဝင် ရေတပ်စစ်ရေးလေ့ကျင့်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ကြောင်း ရုရှားရေတပ်၏သတင်းဝန်ဆောင်မှုကို ကိုးကားပြီး Interfax သတင်းအေဂျင်စီက မတ်လ(၂၀)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ရုရှား၏ စစ်သင်္ဘောများဖြစ်သော Aldar Tsydenzhapov၊ Gromky နှင့် Sovershenny corvettes တို့အပါအဝင် သင်္ဘောအုပ်စုတစ်စုသည် သင်္ဘောများ နှင့် ဒရုန်းတို့ဖြင့်တိုက်ခိုက်မှုများကို ချေမှုန်းသည့် စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ကြောင်း Interfax သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။ရုရှားရေတပ်၏ ထုတ်ပြန်ချက်တွင် 'လေ့ကျင်ရေးအစီအစဉ်အရ စစ်သင်္ဘောတွေရဲ့ အမှုထမ်းတွေဟာ ရန်သူတွေရဲ့ သင်္ဘောတွေနဲ့ ရေတပ်တိုက်ပွဲတွေဆင်နွှဲနိုင်ဖို့အတွက် လိုအပ်တဲ့ မဟာဗျူဟာမြောက် နည်းဗျူဟာတွေကို လေ့ကျင့်ခဲ့ကြပါတယ်'ဟု ရေးသားဖော်ပြထားသည်။
သို့သော်လည်း ရုရှား၏ ရေတပ်စစ်ရေးလေ့ကျင့်မှုများကို မည်သည့်အချိန်တွင် လုပ်ဆောင်ခဲ့သည်ဆိုသည့်အချက် နှင့် ဘယ်နှစ်ရက်ကြာလုပ်ဆောင်ခဲ့သည်ဆိုသည့်အချက်တို့ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းသိရသည်။ Peter the Great ပင်လယ်ကွေ့သည် ဂျပန်ပင် လယ်တွင် အကြီးဆုံးပင်လယ်ကွေ့တစ်ခုဖြစ်ပြီး ရုရှားနှင့် ဂျပန်နိုင်ငံကြားတွင် တည်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE (၂၆) တန်ကျော် ဖမ်းဆီးရမိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ