Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်မှုထမ်းရန် အရည်အချင်းပြည့်မီမှု ရှိ-မရှိ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်း ယခုလကုန်ပိုင်း စတင်မည်ဟု သိရ

Iris (NSS) - မတ် ၁၉ 

မြို့နယ်အသီးသီးမှ စစ်မှုထမ်းနိုင်မည့်ပုဂ္ဂိုလ်များကို စစ်မှုထမ်းဥပဒေအရ ကျန်းမာရေးစစ်ဆေး၍ စာရင်းသွင်းခြင်း လုပ်ငန်းစဉ်များ ယခုလကုန်ပိုင်း၌ စတင်သွားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ စစ်မှုထမ်းရန် အရည်အချင်း ပြည့်ဝမှု ရှိ/မရှိ ရွေးချယ်သည့်ကိစ္စ၏ ကနဦး စီမံချက်အဖြစ် မြန်မာပြည်အလယ်ပိုင်းရှိ မြို့နယ်အများအပြားကို မတ်လ(၂၇) ရက်မှ ဧပြီလ(၃)ရက်အတွင်း အပြီးသတ် လုပ်ဆောင်သွားရန် တပ်မတော်တွင်း ညွှန်ကြားချက်များ စတင် ထွက်ရှိနေပြီဖြစ်ကြောင်း ကြားသိနေရသည်။ 

‘တစ်နိုင်ငံလုံး လူ(၆၀ဝဝ)ခေါ်မယ်လို့ သိထားတယ်။ အဲဒီအထဲကနေ (၅၀ဝဝ)ကိုပဲ ပြန်ရွေးမှာ။ ရွာတွေ၊ ရပ်ကွက် တွေထဲက အလုပ်အကိုင်မရှိဘဲ လေလွင့်နေတဲ့သူတွေကို ဦးစားပေးခေါ်မယ်လို့ ကြားတယ်။ ဆေးစစ်မယ့်အဖွဲ့ကို လည်း အရပ်ဘက် ဆရာဝန်တွေ မသုံးဘူး။ စစ်တပ်ဘက်က စစ်ဆေးဆရာဝန်တွေကိုပဲ သုံးမယ်လို့ သိထားတယ်’ ဟု  NP News ၏ သတင်းရင်းမြစ်က ပြောသည်။ 

အချို့သော မြို့နယ်များတွင် ကျန်းမာရေးဆေးစစ်ခြင်းအတွက် သက်ဆိုင်ရာမြို့နယ်၏ အရပ်ဘက်ဆရာဝန်များက တာဝန်ယူချင်ကြောင်း အသံများထွက်ပေါ်ပေးနေသော်လည်း စစ်ဆေးရေးအဖွဲ့ဘက်ကမူ မသမာမှုများ ဖြစ်လာနိုင် သည်ဟု တွက်ဆ၍ တပ်မတော်ဘက်မှ ဆရာဝန်များ ကိုသာ သုံးစွဲစေခြင်းမျိုးဖြစ်မည်ဟု ဆိုသည်။ 


“မိတ္ထီလာ စစ်ဆေးရုံဆိုရင် မြို့နယ်(၁၃)မြို့နယ်ကို တာဝန်ယူပြီး စစ်ဆေးပေးရမယ်။ သူက ကုတင် (၅၀ဝ) ဆေးရုံရှိ တာကြောင့်။ ဝါဇီတို့ ချောက်တို့ ဆိုရင် ငါးမြို့နယ်လောက်ပဲ ရှိတယ်။ ဆေးစစ်မှု အောင်မြင်မှ စစ်မှုထမ်းဖို့ ကိစ္စက စာရင်းသွင်းမှာလို့ သိရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိအချိန်အထိ စုစည်းရရှိထားသော သတင်းအချက်အလက်များအရ မတ်လ(၂၇)ရက်မှ စတင်၍ တစ်နိုင်ငံလုံး ကျန်းမာရေးစစ်ဆေးမည်ဟု နားလည်သဘောပေါက်ရမည်မဟုတ်ဘဲ မြန်မာပြည် အလယ်ပိုင်းရှိ မြို့နယ်အများ အပြားတွင်သာ ကနဦး စတင်မည့် သဘောမျိုး ဖြစ်နေသည်။ 

စစ်မှုထမ်းဆောင်ရန် အရည်အချင်းပြည့်မီမှု ရှိ-မရှိ ကျန်းမာရေးစစ်ဆေးမှုကို မတ်လ(၂၇)ရက်မှ ဧပြီလ(၃)ရက် အထိ လုပ်ဆောင်သွားမည်ဟု လတ်တလော သတ်မှတ်ထားသော်လည်း ဖြစ်ပေါ်လာသည့်အခြေအနေအပေါ် မူတည်၍ သတ်မှတ်ရက် ရှေ့တိုးခြင်း၊ နောက်ဆုတ်ခြင်းများလည်းဖြစ်နိုင်ကြောင်း ကြားသိရသည်။ စစ်မှုမထမ်း မနေရဥပဒေကို စတင်ကျင့်သုံးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ (၁၀)ရက်တွင် အတိအလင်းထုတ်ပြန်ခဲ့ပြီးသည့်နောက် နိုင်ငံတစ်ဝန်းမှ လူ့အသိုင်းအဝိုင်းအသီးသီးက ပုံစံမျိုးစုံဖြင့် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းများ ပြသခဲ့ကြသည်ကို တွေ့ရသည်။ 


နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က နှစ်ဦးပေါင်း (၁၀) ကြိမ်ထက်မနည်း ပြန်လည်ရှင်းပြခဲ့ရပြီး ယနေ့ထိတိုင်(မတ်လ ၉ ရက်) လူထုနားလည်မှု မလွဲစေ ရန် အခြားသောနည်းလမ်းများစွာဖြင့် ရှင်းပြနေရသည်။ 

“စစ်မှုထမ်းဖို့ ဥပဒေက ကောင်းတယ်၊ ရှိသင့်တယ် ဆိုပေမယ့် ကြေညာလိုက်တဲ့အချိန်အခါက မသင့်ဘူးလို့ ယူဆတယ်။ ဒါကြောင့်လည်း လူထုကြားမှာ ရိုက်ခတ်မှု အတော်ပြင်းသွားတယ်။ တပ်တွင်းစည်းလုံးမှုကို အရင် တည်ဆောက်ပြီး ကျစ်လျစ်ခိုင်မာ သွား မှသာ ဒီဥပဒေကို ကျင့်သုံးသင့်တယ်လို့ မြင်တယ်” ဟု တပ်မတော်အငြိမ်းစားဗိုလ်ချုပ်တစ်ဦးကလည်း ၎င်း၏ အမြင်ကို သုံးသပ်ပြောကြားသည်။ 

နစကဘက်က ရည်မှန်းခဲ့သော စစ်မှုမထမ်းမနေရ ဥပဒေကျင့်သုံးခြင်းသည် ပြည်သူလူထုကို စိတ်ပင်ပန်းဆင်းရဲမှု ဖြစ်စေရန် မဟုတ်ခဲ့သော်လည်း ပြည်ပြေးမီဒီယာများ၏ ခြောက်လုံးလှန့်လုံးများ၊ ဝါဒဖြန့်ချိမှုများကြောင့် ပြည်တွင်းနေ လူငယ်များစွာနှင့် မိဘ မိသားစု များစွာ၏ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်ခဲ့သည်မှာ အမှန်ပင် ဖြစ်နေသည်။ ဥပဒေအရ စစ်မှုထမ်းရမည့် လူငယ် မျိုးဆက်မှာလည်း ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် တစ်ရပ်ကွက် နှစ်ဦးထက်မပိုသော နှုန်းထားမျိုးဖြစ်နေပြီး စစ်မြေပြင်သို့ အတင်းအကျပ်ပို့ဆောင်ခြင်းများ လုပ်ဆောင်မည် မဟုတ်ကြောင်း ရှင်းလင်းချက်များအရသိရသည်။ 

အထူးသဖြင့် မိမိနေထိုင်ရာ ဒေသ၏ လုံခြုံရေးအတွက် ပြန်လည်တာဝန် ထမ်းဆောင် ရမည့် သဘောမျိုးသာ အဓိက ရည်ရွယ်ထားသော အရန်တပ်ဖွဲ့စည်းမှု ပုံစံငယ်တစ်ခုသာ ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ရမည်ဖြစ်နေသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်လာ ၈ ဘီလျံကျော်တန် မူဆယ်-မန္တလေးရထားလမ်းသစ်စီမံကိန်းအတွက် ဒီဇိုင်းကို တရုတ် Grant ဖြင့် ဆောင်ရွက်ရန် ကြိုးပမ်းနေ

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved