မလေးရှား လက်ဝတ်ရတနာဆိုင် Johor က နှစ်ရှည် တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းကို ကား bonus ဆုချီးမြှင့်
ရောင်နီ (NSS) - မတ် ၁၇
ကုမ္ပဏီတွေမှာ နှစ်သစ်ကူး ဒါမှမဟုတ် နှစ်ပတ်လည် နေ့တွေမှာ ဝန်ထမ်းတွေအတွက် ငွေသားဘောနပ်စ်များ၊ အပိုအားလပ်ရက်များနဲ့ တန်ဖိုးကြီး နာရီများ စသဖြင့် bonus လက်ဆောင်တွေကို သစ္စာရှိဝန်ထမ်းတွေအတွက် ဆုချကြလေ့ရှိပါတယ်။
မလေးရှားနိုင်ငံရဲ့ လက်ဝတ်ရတနာ စတိုးဆိုင် Johor ကတော့ ထူးထူးခြားခြားပါပဲ။ဆိုင်မှာ ဆယ်စုနှစ်တစ်ခုကျော် အလုပ်လုပ်ခဲ့တဲ့ ကာလရှည် ဝန်ထမ်းကို ကားတစ်စီး ဆုချီးမြှင့်ပေးခဲ့ပါတယ်။ Bonus ပေးခဲ့တဲ့ ကားဟာ လူ ငါးဦးဆံ့ Proton X50 ကားဖြစ်ပြီး တန်ဖိုး RM 86,300 မှ RM 113,300 ကြား ရှိနိုင်တယ်လို့ သိရပါတယ်။ တရုတ် လူမှုမီဒီယာ ပလပ်ဖောင်းတစ်ခုဖြစ်တဲ့ Xiaohongshu မှာ မတ်လ ၁၃ ရက်က ပို့စ်တစ်ခုမှာ ကား bonus ရခဲ့တဲ့ user acc ဖြစ်သူ Ni Ai Ni ရဲ့ ရေးသားထားတဲ့ post အရ ကုမ္ပဏီဟာ သူမအတွက် ကားအပြင် အခြားဝန်ထမ်းတွေအတွက်လည်း သင်တန်းကြေးများ ထောက်ပံ့ပေးခြင်း၊ ကုမ္ပဏီထောက်ပံ့ကြေးနဲ့ ခရီးထွက်စေခြင်းစတဲ့ ပျော်စရာ အစီအစဉ်တွေ လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် မတ်လကလည်း စင်ကာပူအခြေစိုက် Paradise Group ဟာ ဝန်ထမ်းတစ်ရာနီးပါးကို ကုမ္ပဏီ နှစ်စဉ်ညစာစားပွဲ အတွင်း Rolex နာရီတစ်လုံးစီ ပေးအပ်ခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟောင်ကောင်အမျိုးသမီးတစ်ဦး ကင်ဆာဟုအမှတ်မှားကာ ကုသမှုခံယူခဲ့ခြင်းကြောင့် သားအိမ်နဲ့ သားဥအိမ်များ ဆုံးရှုံးခဲ့ရ
RELATED POSTS
26 Aug 2024 | လူမှုရေး,နိုင်ငံတကာ
25 Aug 2024 | လူမှုရေး,ပြည်တွင်း
25 Aug 2024 | လူမှုရေး,ပြည်တွင်း