မူဆယ်၌ ၂၃၀ ကေဗွီ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော်မဟာဓာတ်အားလိုင်းစီမံကိန်းကို Chinese Working Group က တည်ဆောက်မည်
မြူနစ် (NSS) - မတ် ၁၅
မူဆယ်မြို့နယ်အတွင်း၌ ၂၃၀ ကေဗွီ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော်မဟာဓာတ်အားလိုင်းစီမံကိန်းကို Chinese Working Group က တည်ဆောက်သွားမည်ဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းစီမံကိန်း၏ ပထမအဆင့် အပိုင်း(၁)သည် တရုတ်နိုင်ငံ၊ ယူနန်ဒေသမှ (၁၀၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်းဖြင့် မူဆယ်ဒေသသို့ သွယ်တန်း မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမဟာဓာတ်အားလိုင်းသည် ၃၉ ဒသမ ၆ ကီလိုမီတာခန့် ရှည်လျားကာ တရုတ်နိုင်ငံဘက်တွင် ၁၀ ဒသမ ၆ ကီလိုမီတာရှိပြီး မြန်မာနိုင်ငံဘက်တွင် ၂၉ ကီလိုမီတာရှိကြောင်း နစက၏ သတင်းအချက်အလက်များက ဆိုသည်။
ထို့ကြောင့် Chinese Working Group (CWG) သည် မြန်မာဘက်အပိုင်းတွင် တည်ရှိမည့် ၂၉ ကီလိုမီတာအရှည်ရှိ သော ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်း၊ မူဆယ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားခွဲရုံအဝင်လမ်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
၂၃၀ ကေဗွီ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းစီမံကိန်းကို CWG က အကောင်အထည်ဖော် မည်ဖြစ်ပြီး ၎င်းစီမံကိန်းအား အဆိုပြုခဲ့သူမှာ မန်နေဂျင်းဒါရိုက်တာ Mr. Zhou Bo ဆိုသူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းစီမံကိန်းနှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက CWG အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်(ECC)ကို ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းတွင် CWG အနေဖြင့် တာဝါတိုင်တည်ဆောက်ခြင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း၊ စီမံကိန်း လုပ်ဆောင်မည့်နေရာဒေသရှိ မြို့ရွာများကို စစ်တမ်းကောက်ခြင်း၊ ဓာတ်အားလိုင်းများသွယ်တန်းခြင်း စသည်တို့ကိုလည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နစကအစိုးရသည် မြန်မာနိုင်ငံ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆီးနိုင်ရန်အတွက် မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။
မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းတွင် လျှပ်စစ်ဓာတ်အား (၁၀ဝဝ)မဂ္ဂါဝပ်အထိ ကုန်သွယ်မှုပြုလုပ်ရန် လျာထားကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက NP News ကို အသိပေးပြောဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စမ်းချောင်းမြို့နယ်တွင် အရက်သောက်ထားသည်ဟု ယူဆရသော လူငယ်အမျိုးသားတစ်ဦး (၇)လွှာတိုက်ခန်းပေါ် မှ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း