အမေရိကန်နိုင်ငံရှိ အက်ဖ်ဘီအိုင်၏ လေ့ကျင့်ရေးအဆောက်အဦးတွင် ပေါက်ကွဲမှုဖြစ်ပွား
Pika (NSS) - မတ် ၁၄
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိ အက်ဖ်ဘီအိုင်၏ လေ့ကျင့်ရေးအဆောက်အဦးတွင် မတ်လ(၁၃)ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး Orange County Sheriff's Department SWAT အဖွဲ့မှ အဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း အက်ဖ်ဘီအိုင် အဖွဲ့က ပြောကြားခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် SWAT အဖွဲ့မှ အရာရှိများသည် အဆိုပါဌာန၏ ဗုံးအဖွဲ့နှင့် အတူ လေ့ကျင့်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း Orange County Sheriff's Department ရဲမှူးကြီး ဖရန့်ခ်ဂွန်ဇာလက်က ပြောကြားခဲ့သည်။
ပေါက်ကွဲမှုသည် မတ်လ(၁၃)ရက် နေ့လည်(၁)နာရီချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ပေါက်ကွဲမှုဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေး ကြောင်း ဖရန့်ခ်ဂွန်ဇာလက်က ပြောကြားခဲ့သည်။ အဆိုပါပေါက်ကွဲမှုကြောင့် SWAT အဖွဲ့ဝင် အနည်းဆုံး(၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
အဆိုပါ လေ့ကျင့်ရေးအဆောက်အဦးသည် လော့စ်အိန်ဂျလီမြို့တောင်ဖက်ရှိ Irvine မြို့၏ ဝေးလံခေါင်သီသော နေရာတွင် တည်ရှိပြီး အက်ဖ်ဘီအိုင်အဖွဲ့နှင့် ဒေသတွင်း ဥပဒေစိုးမိုးရေးအေဂျင်စီတို့၏ သေနတ်ပစ်ခတ်လေ့ကျင့်မှု များ လုပ်ဆောင်သည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါပေါက်ကွဲမှုအတွင်း အက်ဖ်ဘီအိုင်အဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း အက်ဖ်ဘီအိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Laura Eimiller က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂက ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ယူရို ၅ ဘီလျံ ကူညီထောက်ပံ့ပေးမယ်
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ