TNLA အဖွဲ့၏ အတင်းအဓမ္မခေါ်ယူစစ်မှုထမ်းခိုင်းခြင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာသော တိုင်းရင်းသားလူငယ်(၄)ဦးကို ထောက်ပံ့ငွေများပေးအပ်
Pearl (NSS) - မတ် ၁၄
TNLA အဖွဲ့၏အတင်းအဓမ္မခေါ်ယူစစ်မှုထမ်းခိုင်းခြင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာသော တိုင်းရင်းသားလူငယ် (၄) ဦးကို နစကမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
ဒေသခံတိုင်းရင်းသားလူငယ်များကို TNLA အဖွဲ့များက အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်သင်တန်းများတက်ရောက်စေပြီး စစ်မှုတာဝန်များ ထမ်းဆောင်ခိုင်းလျက်ရှိသဖြင့် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော တိုင်းရင်းသားလူငယ်များသည်လည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။
ယင်းကဲ့သို့ TNLA အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး စစ်သင်တန်းတက်ရောက်လိုခြင်းမရှိသည့် ဒေသခံတိုင်းရင်းသား လူငယ် (၄)ဦးသည်လည်း ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု နစကမှ ဆိုသည်။
အဆိုပါလူငယ် (၄)ဦးအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ (မတ်လ ၁၃ ရက်) တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားလူ ငယ် ၄ ဦးကို တစ်ဦးလျှင် (၁ဝ)သိန်းကျပ်စီ ထောက်ပံ့ပေးအပ်ရာ တိုင်းရင်းသားလူငယ်များက အသီးသီးလက်ခံရယူကြသည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကြက်ကြော်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၇)ဦးသေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း