ရုရှား၏ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံး
Pika (NSS) - မတ် ၁၃
ရုရှားနိုင်ငံတွင် မတ်လ(၁၂)ရက်က စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ် Ilyushin Il-76 သည် ပျံတက် စဉ်အချိန်အတွင်း ၎င်း၏ အင်ဂျင်များထဲမှ တစ်လုံး ပျက်စီးသွားခဲ့ပြီးနောက် ပျက်ကျခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါလေယာဉ်ပေါ်တွင် အမှုထမ်း(၈)ဦး နှင့် ခရီးသည်(၇)ဦး အပါအဝင် လူ(၁၅)ဦးလိုက်ပါသွားခဲ့ပြီး လိုက်ပါသွား သူအားလုံး သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ယင်းဖြစ်ရပ်သည် မော်စကိုမြို့ အရှေ့ဘက် (၂၅၀)ကီလိုမီတာအကွာတွင်ရှိသော Ivanovo ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မျက်မြင်သက်သေတစ်ဦးက ရိုက်ကူးထားသော အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင် တစ်ခုတွင် လေယာဉ်၏ တာဘိုအင်ဂျင်လေးခုအနက်မှ တစ်ခုမှာ မီးလောင်ကျွမ်းနေပြီး မြေပြင်သို့ ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားသည်ကို တွေ့မြင်ခဲ့ရသည်။
အဆိုပါလေယာဉ်၏ လေယာဉ်မှူးသည် Ivanovo Severny လေတပ်အခြေစိုက်စခန်းသို့ ပြန်လှည့်ရန် ကြိုးပမ်း ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ လေယာဉ်မှူးသည် အင်ဂျင်တစ်လုံး ပျက်စီး သွားသောလေယာဉ်ကို ကျေးရွာတစ်ခု၏ အဝေးသို့ လမ်းကြောင်းပြောင်းခဲ့ပြီးနောက် သုသာန်တစ်ခုအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ilyushin Il-76 လေယာဉ်သည် ကြီးမားသော သယ်ယူပို့ဆောင်ရေးလေယာဉ် အမျိုးအစားဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် Ilyushin Il-76 လေယာဉ်အစင်းရေ(၉၅၀)ခန့် ထုတ်လုပ်ခဲ့ကြောင်း ဒေတာအချက်အလက်များအရ သိရသည်။ အဆိုပါလေယာဉ်သည် တန်ချိန်(၄၇)တန်ထိ တင်ဆောင်နိုင်ပြီး လေထီးတပ်သား(၁၄၀)ခန့်ကို သယ်ဆောင်နိုင် ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား၏ အဓိကလျှို့ဝှက်လက်နက်မှာ အမျိုးသားစည်းလုံးညီညွတ်မှုဖြစ်ကြောင်း သမ္မတပူတင် ပြော
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း