Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟေတီမှ အမေရိကန်သံရုံးဝန်ထမ်းများကို လေကြောင်းဖြင့် ကယ်ထုတ်

Htay Oung (NSS) - မတ် ၁၂ 

ဟေတီနိုင်ငံ ပို့အောပရင့်မြို့တော်ကောင်းကင်ယံမှာ စစ်လေယာဉ်များ စောင့်ရှောက်မှုအကူအညီနဲ့ အမေရိကန် သံရုံးမှ အရေးတကြီး မလိုအပ်တဲ့ဝန်ထမ်းများကို ကယ်ထုတ်ပေးလိုက်ရတယ်လို့ သည်တယ်လီဂရပ်ဖ် သတင်းအေဂျင်စီက ယနေ့ မတ်လ ၁၂ ရက်မှာ ရေးသားခဲ့ပါတယ်။

ဟေတီနိုင်ငံရဲ့တစ်နေ့တစ်ခြားဆိုးရွားလာတဲ့ လုံခြုံရေးအခြေအေနတွေနဲ့ပတ်သက်ပြီး ကာရေဘီယန်ဒေသတွင်း ခေါင်းဆောင်များ တနင်္လာနေ့ ဂျမေကာနိုင်ငံမှာ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပရန် ပြင်ဆင်နေခိုက် ယခုဖြစ်စဉ် ပေါ်ပေါက်လာကြောင်း တွေ့ရှိရပါတယ်။

အဲဒီအစည်အဝေးကို တက်ရောက်ဖို့အတွက် အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ ကမ္ဘာ့ကုလသမဂ္ဂ နဲ့ ဘရာဇီးနိုင်ငံတို့ ကို ဖိတ်ကြားထားကြောင်း သိရှိရပါတယ်။

အမေရိကန် ရဟတ်ယာဉ်များဟာ သံရုံးဝင်းအတွင်းသို့ ပျံသန်းခဲ့ပြီး ဝန်ထမ်းများကို ကယ်ထုတ်ခဲ့ကြောင်း ပင်တာဂွန်စစ်ဌာနချုပ် (တောင်ပိုင်းဒေသ) က သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် အမေရိကန်စစ်လေယာဉ်များ နဲ့အတူ ဟေတီနိုင်ငံသားများ လိုက်ပါလာခြင်းမရှိကြောင်း အလေးထားဖော်ပြပါတယ်။ ဟေတီနိုင်ငံအတွင်း အုပ်စု ဖွဲ့တိုက်ခိုက်မှုများ ပိုမိုဆိုးရွားလာချိန်မှာ အစိုးရအဖွဲ့အကြီးတန်းအရာရှိများ ထွက်ပြေးသွားလိမ့်မယ်လို့ ထင်ကြေး ပေးမှုများ ထွက်ပေါ်နေတဲ့အတွက် အခုလိုသတင်းထုတ်ပြန်ခြင်းဖြစ်ပုံရပါတယ်။


ရာဇဝတ်ဂိုဏ်းများဟာ ပို့အောပရင့် မြို့တော်ကို နယ်မြေအများစုကို သိမ်းယူထိန်းချုပ်လာနေပြီး အမေရိကန်သံရုံး အနီးတဝိုက်အထိ ရောက်ရှိလာပါတယ်။ သံတမန်မိသားစုများ အပါအဝင် အရေးတကြီးကိစ္စမဟုတ်တဲ့ လုပ်ငန်းစဉ် များမှာ တာဝန်ထမ်းဆောင်နေသူ အားလုံး ဟေတီနိုင်ငံအတွင်းမှ ထွက်ခွာရန် ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက အမိန့်ပေးထားပြီးဖြစ်ပါတယ်။ ယခုလို သံရုံးဝန်ထမ်းများကို လေကြောင်းမှ သယ်ပို့ခြင်းဟာ ထွက်ခွာရန် အလှည့်ကျသူများနဲ့ ဝန်ထမ်းအသစ်လဲလှယ်ဖို့အတွက် သွေးရိုးသားရိုးကိစ္စဖြစ်ပုံရပါတယ်။ 

အမေရိကန်အနေနဲ့ ဟေတီရဲတပ်ဖွဲ့ကို အကူအညီပေးရန်နဲ့ ကုလသမဂ္ဂက ခွင့်ပြုထားတဲ့ လုံခြုံရေးတပ် ချ ထားရန် အစီအစဉ်အတွက် ဆက်လက်ဆောင်ရွက်နေကြောင်း တနင်္ဂနွေနေ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါပေမယ့် အဲဒီကြိုးစားမှုတွေက ယခုအချိန်ထိ အောင်မြင်ခြင်း မရှိသေးကြောင်းလည်း ဖော်ပြထားပါတယ်။ 

ပြဿနာပတ်လည်ဝိုင်းနေတဲ့ ဟေတီဝန်ကြီးချုပ် အေရီယယ်_ဟင်နရီဟာ လောလေဆယ် ကင်ညာနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဒုစရိုက်ဂိုဏ်းများကို တိုက်ခိုက်ရန်အတွက် ကုလသမဂ္ဂကျောထောက်နောက်ခံနဲ့ အရှေ့ အာဖရိကနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ချထားနိုင်ရန် တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို တပ်ဖြန့်ခြင်းမျိုးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ ကင်ညာနိုင်ငံတရားလွှတ်တော်က ဇန်နဝါရီလမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ရာထူးမှ နှုတ်ထွက်ပေးရန် (သို့မဟုတ်) အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းပေးရန် တောင်းဆိုမှုများနဲ့ ရင်ဆိုင် နေရတဲ့ ဝန်ကြီးချုပ် ဟင်နရီဟာ ယခုတိုင် အိမ်သို့ မပြန်နိုင်သေးပေ။ ဟေတီနဲ့ ကျွန်းတစ်ခုတည်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒိုမီနီကန်သမ္မတနိုင်ငံမှာလည်း လေယာဉ်ဆင်းသက်နိုင်ခြင်းမရှိတဲ့အတွက် အင်္ဂါနေ့ ပွာတိုရီကိုနိုင်ငံမှာ ရောက်ရှိနေပါတယ်။

လုံခြုံရေးအခြေအနေကြောင့် ဟေတီဝန်ကြီးချုပ် ဟင်နရီကို ဒိုမီနီကန်သမ္မတနိုင်ငံမှ ကြိုဆိုနိုင်ခြင်း မရှိကြောင်း၊ ဟေတီနဲ့ ထိစပ်နေတဲ့ နိုင်ငံ့ ကုန်းမြေနယ်ခြားကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ ဒိုမီနီကန် သမ္မတနိုင်ငံတွင်း ဟေတီဝန်ကြီးချုပ်ရှိနေခြင်းမှာ မသင့်လျော်ဟု ယူဆကြောင်း၊ အမျိုးသားလုံခြုံရေး နဲ့ တည်ငြိမ် မှုကို ကာကွယ်ရန်အတွက် အစိုးရအနေနဲ့ မလွှဲမရှောင်သာ ဆုံးဖြတ်လိုက်ရကြောင်း ကျွန်းအရှေ့ခြမ်း အိမ်နီးချင်း တိုင်းပြည်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဟေတီနိုင်ငံရဲ့လုံခြုံရေးအခြေအနေဟာ လုံးဝ ထိန်းသိမ်းမရနိုင်လောက်အောင် ရှိနေကြောင်း ဖော်ပြထားပြီး ဟေတီပြည်တွင်းရေးဟာ ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို တိုက်ရိုက်ခြိမ်းခြောက် နေကြောင်း၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များနဲ့ အရေးပေါ် ပြန်လည်ထိန်းသိမ်းမှု မလုပ်ဆောင်နိုင်ခဲ့လျှင် အခြေ အနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်မှာ ခန့်မှန်းဖော်ပြထားပါတယ်

ဟေတီလေဆိပ်ကို သိမ်းယူရန် တိုက်ခိုက်နေတဲ့ ဒုစရိုက်ဂိုဏ်းများကို စစ်သားတစ်စုက ခုခံကာကွယ်နေရတဲ့ အတွက် ပို့အောပရင့် မြို့တော်မှာ လေယာဉ်ဆင်းသက်နိုင်ခြင်း မရှိကြောင်း အင်ဒီယားတူဒေးက ယနေ့ သတင်း စုစည်းရေးသားခဲ့ပါတယ်။

ဟေတီဟာ တောင်နဲ့မြောက် အမေရိကန်တိုက်နှစ်ခုအကြား ကာရေဘီယန်ပင်လယ် ဂရိတ်တား_အင်တီ လက်ဇ်ကျွန်းရဲ့ အနောက်ခြမ်းမှာတည်ရှိပြီး အရှေ့ခြမ်းဟာ ဒိုမီနီကန်သမ္မတနိုင်ငံဖြစ်ပါတယ်။ ပြင်သစ်ဘာသာ စကားပြော လူဦးရေ ၁၁ သန်းရှိတဲ့အတွက် ကာရေဗီယန်ဒေသမှာ လူနေအများဆုံးတိုင်းပြည်လို့ ဆိုနိုင်ပါတယ်။ အတိတ်ကာလ စပိန်ကိုလိုနီဖြစ်ခဲ့ဖူးပေမယ့် ၁၈ ရာစု ပြင်သစ်တို့လက်ထက် ကြံစိုက်ပျိုးရန် အာဖရိက လူမည်း များကို ကျွန်အဖြစ် အဆမတန် ခေါ်သွင်းခဲ့ရာမှ လူဖြူများ၊ မူလတောင်အမေရိကနွယ်ဖွားဌာနေ တိုင်းရင်းသားများ ထက် လူမည်းများဦးရေက ၁၀-ဆကျော် ပိုမိုများပြားသွားခဲ့ပါတယ်။ 

ဟေတီဟာ ပါလီမန်ဒီမိုကရေစီတိုင်းပြည်ဖြစ်ပြီး အမေရိကန်ပြီးရင် ဒုတိယမြောက် ဒီမိုကရေစီအဆန်ဆုံး တိုင်းပြည်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ဟေတီရဲ့ ဒီမိုကရေစီဟာ ပြန်ပေးဆွဲခြင်း၊ ရာဇဝတ်မှုခင်း ထူပြောခြင်း၊ ရပ်ရွာမငြိမ်သက်မှုများအပြင် ကျန်းမာရေးစောင့်ရှောက်မှုညံဖျင်းခြင်းတို့ကို ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ပါဘူး၊ မကြာခဏ မုန်တိုင်ဒဏ်သင့်ခြင်း၊ ရေကြီးခြင်း မိုးခေါင်ခြင်းတို့ဟာ တစ်လှည့်စီ ခြိမ်းခြောက်နေပြီး ကာရေဘီယန်ဒေသအတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်နေရပါတယ်။ 

ဟေတီရဲ့လက်နက်ကိုင်အကြမ်းဖက်ယဉ်ကျေးမှုဟာ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ဟေတီအာဏာရှင် ဖန်ဆွာ_ဒူဗယ်လီယေ လက်ထက် အတိုက်အခံများကို နှိမ်နင်းဖို့ နိုင်ငံဝန်ထမ်း မဟုတ်သူများကို ခါးပိုက်ဆောင် တပ်အဖြစ် ဖွဲ့စည်းရာမှ စတင်ခဲ့ပါတယ်။ နောက်ပိုင်း သြဇာကြီးထွားလာသူတို့က လက်နက်ဖြုတ်သိမ်းမခံပဲ လက်ယာစွန်း ကာကွယ်ရေးအဖွဲ့များအဖြစ် ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ နိုင်ငံရေးသမားအသီးသီးတို့ကလည်း မိမိတို့အကျိုးစီးပွားကို ကာကွယ်ရန်၊ ရွေးကောက်ပွဲများကို ခြယ်လှယ်ရန်နဲ့ လူထုမငြိမ်သက်မှုများကို နှိမ်နင်းရန် အကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့များကို ဆက်လက်အသုံးပြုနေခဲ့ပါတယ်။ 

အဲဒီအဖွဲ့များဟာ နောက်ပိုင်းမှာ ရဲနဲ့ စစ်တပ်ကို ဂရုမစိုက်တဲ့ စစ်သွေးကြွ ရာဇဝတ်ဂိုဏ်းများဖြစ်သွားကြပြီး ၂၀၂၃ ခုနှစ် ပို့အောပရင်စ်မြို့တော် ၉၀ ရာခိုင်နှုန်ကျော်ကို ဂိုဏ်းအုပ်စုကြီး ၂ ခုက ထိန်းချုပ်တဲ့အထိဖြစ်လာခဲ့ပါတယ်။ ဟေတီတစ်နိုင်ငံလုံးမှာ ရာဇဝတ်ဂိုဏ်း ပေါင်း ၂၀၀ ခန့်ရှိမှာဖြစ်ပြီး ဂိုဏ်းအုပ်စုကြီးှနှစ်ခုကလည်း မြို့တော်မှာ ဗိုလ်လုနေ ကြပါသေးတယ်။ အမေရိကန်က ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ခဲ့တဲ့အစီအစဉ်ဟာ ကာလရှည်စီးပွားရေး ချွတ်ခြုံကျနေပြီး လက်နက်ကိုင်အကြမ်းဖက်ယဉ်ကျေးမှု အမြစ်တွယ်နေတဲ့တိုင်းပြည်မှာ တစ်ခဏလောက်သာ တည်ငြိမ်မှု တည်ဆောက်နိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် သမ္မတ ဂျိုဗန်နိုင်_မွိုင်ဆက်စ် လုပ်ကြံခံရပြီးနောက် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုဆရာဝန်ကြီး အသက် ၇၄ နှစ်အရွယ် အေရီယယ်_ဟင်နရီက ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီနောက် သမ္မတ မွိုင်ဆက်စ် လုပ်ကြံသတ်ဖြတ်ဖော်ထုတ်ရေးအစီအစဉ်မှာ ပူးပေါင်းကူညီရန် ငြင်းဆိုတဲ့အတွက် ကျူးလွန်ရာမှာ ဟင်နရီကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခြင်းခံရပါတယ်။

ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရေး ထပ်မံ အကူအညီတောင်းဖို့ ကင်ညာနိုင်ငံကို ဟင်နရီ အလည်အပတ် သွားရောက်နေခိုက် ဝန်ကြီးချုပ်ကို ဖြုတ်ချပစ်မယ်လို့ ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျင်မီ-ချာဇီယာက ပြောဆိုပြီး နောက် မကြာသေးမီရက်များအတွင်း ပို့်အောပရင့် မြို့တော်မှာ ပြင်းထန်တဲ့ သေနတ်ပစ်ခတ်မှုများ တုန်လှုပ်ဖွယ် ဖြစ်ပွားခဲ့ပါတယ်။ ဂျင်မီချာဇီယာဟာ မြို့တော်အခြေစိုက် ရာဇဝတ်ဂိုဏ်းပေါင်း တစ်ဒါဇင်ကျော်တို့ မဟာမိတ်ဖွဲ့ ထားတဲ့ “FR69 နဲ့ မိသားစုများ” အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး မြို့တော်ဧရိယာအတွင်း အစုအပုံလိုက် သတ်ဖြတ်မှုများ မှာ တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ် ချာဇီယာဟာ ပြိုင်ဘက်ရာဇဝတ်ဂိုဏ်းသားများကို ဖမ်းဆီးရမိလျှင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လေ့ရှိတဲ့အတွက် ဘာဘီကျုးလို့လည်းအမည်တွင်ပါတယ်။ ချာဇီယာရဲ့ဂိုဏ်းသားတစ်ဦးက လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို စားသောက်နေပုံ ဗွီဒီယိုလည်း တွစ်တာလူမှုကွန်ရက်မှာ ပျံလွင့်ခဲ့ဖူးပါတယ်။ ယခု X လို့ အမည်ပြောင်းထားတဲ့ တွစ်တာက အဲဒီဗွီဒီယိုကို ဖယ်ရှားပစ်ခဲ့ပေမယ့် ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က အမှန် ဖြစ်ကြောင်း သိရှိရပါတယ်။

ဘာဘီကျူး (ခေါ်) ချာဇီယာဟာ ဟေတီမှာ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီး လေဆိပ်များ၊ ရဲစခန်းများနဲ့ အကျဉ်းထောင်များကို အုပ်စုဖွဲ့တိုက်ခိုက်ခြင်းကြောင့် ထောင်ပေါင်းများစွာသော အကျဉ်းသားများလွတ်မြောက် သွားပါတယ်။ အဲဒီအထဲမှာ သမ္မတ ဂျိုဗန်နိုင်မွိုင်ဆက် လုပ်ကြံခံရမှုမှာ ပူးပေါင်းကြံစည်မှုနဲ့ အကျဉ်းချခံထားသူ ကိုလံဘီယာနိုင်ငံသား ကြေးစားစစ်သား အတော်များများနဲ့ ဒုစရိုက်သမားများ ပါဝင်နေပါတယ်။

#ဟေတီ #အမေရိကန်သံရုံးဝန်ထမ်း #ဘာဘီကျူး_ခေါ်_ဂျင်မီချာဇီယာ #သမ္မတ ဂျိုဗန်နိုင်မွိုင်ဆက် #FR69 နဲ့မိသားစုများ #ဝန်ကြီးချုပ်_အေရီယယ်_ဟင်နရီ #ဟေတီအာဏာရှင်_ဖန်ဆွာ_ဒူဗယ်လီယေ #လက်နက်ကိုင်အကြမ်းဖက်ယဉ်ကျေးမှု 

(The Telegraph., 11 March 2024,” US airlifts staff out of Haiti as military arrives to secure embassy” နှင့် အခြားဆက်စပ်သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင်ကောက် နှုတ်ဘာသာပြန်ဆို သည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ မတ်လ ၁၂ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved