Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရခိုင်ပြည်နယ်မြောက်ဖျားတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၉ ဦး ပြေးဝင်ခိုလှုံလာဟု ဆို

Htay Oung (NSS) - မတ် ၁၂ 

မြန်မာနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်လိုက်တဲ့သေနတ်ကျည်ထိမှန်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ ဘန်ဒါဘန်ခရိုင် နိုင်ခေါင်ချာရီကျေးရွာကောင်စီအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရတယ်လို့ ဒါကာအခြေစိုက် “ဘီဇင်း နက်စ်_စတင်းဒတ်” TBS သတင်းအေဂျင်စီက ယမန်နေ့ ရေးသားပါတယ်။

ဒဏ်ရာရရှိသွားသူဟာ အမှတ်(၈) ကျေးရွာအုပ်စု ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ တနင်္လာနေ့ ညနေ ၄ နာရီ ခန့် နယ်စပ်ဒေသ ဂျမ်ချာရီဗလီအနီး ဒေသခံများနဲ့ စကားပြောဆိုနေခိုက် နယ်ခြားကို ဖြတ်သန်းလာတဲ့ သေနတ် ကျည်ဆန်က ခါးနေရာကို ထိမှန်ခြင်း ဖြစ်တယ်လို့ အဆိုပါကျေးရွာကောင်စီဥက္ကဋ္ဌဖြစ်သူက ပြောပြပါတယ်။

ဒဏ်ရာရရှိသူကို ကော့ခ်ဘဇားမြို့နယ်ဆေးရုံထံ ချက်ချင်းပို့ဆောင်ပေးလိုက်ကြောင်း သိရှိရပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာအုပ်စု ရဲကင်းတာဝန်ခံနဲ့ ဖုန်းအဆက်အသွယ် မရရှိသေးပါဘူး။ တချိန်တည်းမှာပဲ မြန်မာ ဘက်ခြမ်းမှာ တပ်မတော်နဲ့ သူပုန်များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ တနင်္လာနေ့မှာ မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) မှ တပ်ဖွဲ့ဝင် ၂၉ ဦးခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြေးဝင်ခိုလှုံလာခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။


နယ်ခြားစောင့်တပ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် မြန်မာနိုင်ငံသား ၃၃၀ ကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ စောစောပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်များနဲ့ ရက္ခိုင်တပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့ အထိ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း ခိုလှုံနေသူ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၇၉ ဦးထက်မနည်းရှိကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားကာကွယ်ရေးရဲတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိက အတည်ပြုတယ်လို့ ဒါကာအခြေစိုက် ဒေးလီးစတားရဲ့အခြားသတင်းတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံ အောင်သပြေစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဘန်ဒါဘန်ခရိုင် နိုင်ခေါင်ချာရီမြို့နယ် ဂျမ်ချာရီ ကျေးရွာအနီး နယ်ခြားကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြောင်း၊ အဲဒီလူတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားကာကွယ်ရေး ရဲတပ်ဖွဲ့ အချုပ်ခန်းမှာ ထိန်းသိမ်းထားကြောင်း၊ ၂၉ ဦးဟာ တနင်္လာနေ့ နံနက်ပိုင်းနဲ့ ညနေပိုင်းမှာ ပြေးဝင်လာကြခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၃၃ဝ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်ပို့ပေးခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃၀၂ ဦးနဲ့ မှီခို မိသားစုဝင် ၄ ဦး၊ တပ်မတော်သား ၂ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁၈ ဦး၊ အရပ်သား ၄ ဦးတို့ ပါဝင်ကြောင်း သိရှိရပါတယ်။


ရခိုင်ပြည်နယ်မြောက်ဖျားမှာ တိုက်ပွဲများ ပြင်းထန်လာတဲ့အတွက် ဖေဖော်ဝါရီ ၄ ရက်မှာ စတင်ပြီး ဘန်ဒါဘန်နဲ ကော့ခ်ဘဇားဒေသများအတွင်း မြန်မာနိုင်ငံသားများထွက်ပြေးဝင်ရောက်လာခဲ့ကြကြောင်း၊ သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်ခြား ကာကွယ်ရေးရဲတပ်ဖွဲ့က လက်နက်များ ဖြုတ်သိမ်းပြီး ချုပ်နှောင်ထားခဲ့ကြောင်း၊ ဖေဖော်ဝါ ရီ ၄ ရက်မှာ ပြေးဝင်ခိုလှုံလာသူ ၆၈ ဦးထက်မနည်းရှိပြီး ၁၅ ဦးမှာ သေနတ်ဒဏ်ရာရရှိထားကြောင်း အခြားသူ များမှာ ဖေဖော်ဝါရီ ၇ ရက်အထိ အသီးသီးဝင်ရောက်လာသူများဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်တလျောက် တိုက်ပွဲများဖြစ်ပွားနေစဉ် ဖေဖော်ဝါရီ ၅ ရက်မှာ မြန်မာဘက်မှ ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲပြီး ဘန်ဒါဘန်ခရိုင် ဂေါင်းဒုံနယ်မြေ (မြန်မာ တောင်ပြိုနှင့် မျက်နှာချင်းဆိုင်) မှာ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတစ်ဦးနဲ့ ဒုက္ခသည် ဘင်္ဂါလီအမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရတယ်လို့ သတင်းမှာ ဆက်လက် ဖော်ပြပါတယ်။

#နယ်ခြားဒေသမြန်မာဘက်ခြမ်းတိုက်ပွဲများ #ဘင်္ဂလားဒေ့ရှ်နယ်ခြားကာကွယ်ရေးရဲတပ်ဖွဲ့ #ဂေါင်းဒုံ #ဘန်ဒါဘန် #ကော့ခ်ဘဇား

(The Business Standard., 11 March 2024,”Union Parishad member in Bandarban injured by shot fired from Myanmar " နှင့် အခြားဆက်စပ်သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မတ္တရာမြို့နယ်တွင် စက်လှေ(၂)စီးပေါ်မှ ငွေကျပ် ၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved