အိန္ဒိယနိုင်ငံမှာ မှတ်ဥာဏ်တု လူသားစက်ရုပ်တွေကို ပထမဆုံးအကြိမ် စတင်အသုံးပြုနေ
ဂျန်ဇက် (NSS) - မတ် ၁၁
AI လို့ခေါ်ဆိုတဲ့ မှတ်ဉာဏ်တုလူသားစက်ရုပ်တွေကို မျက်မှောက်ခေတ်မှာ ကျောင်းဆရာ၊ဆရာမအဖြစ် အသုံးပြု နေပြီဖြစ်ရာ အိန္ဒိယနိုင်ငံ၊ ကယ်ရာလာပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းမှာ မှတ်ဉာဏ်တုအသုံးပြုလူသား စက်ရုပ်ကို ဆရာမအဖြစ် အသုံးပြုနေတယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ကယ်ရာလာပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းဖြစ်တဲ့ KTCT Higher Secondary School ကျောင်းမှာ အသုံးပြုနေတဲ့ မှတ်ဥာဏ်တု လူသားစက်ရုပ်ရဲ့အမည်က အိုင်ရစ်ဖြစ်တယ်လို့ ဆိုပါတယ်။
မှတ်ဥာဏ်တုလူသားစက်ရုပ်ဖြစ်တဲ့ အိုင်ရစ်အမည်ရှိ ကျောင်းဆရာမဟာ ကယ်ရာလာပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံတဝှမ်းမှာ အသုံးပြုနေတဲ့ ပထမဆုံးမှတ်ဉာဏ်တုအသုံးပြု ကျောင်းဆရာမဖြစ်ပါတယ်။ အဲဒီ မှတ်ဥာဏ်တုလူသားစက်ရုပ်ဖြစ်တဲ့အိုင်ရစ်ကို ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံမှာ စတင်ထုတ်ဖော်ပြသခဲ့ပြီး လူသိများ လာခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဆရာမ အိုင်ရစ်ဟာ ဘာသာစကား ၃ မျိုးပြောနိုင်ပြီး ကျောင်းသား/သူတွေရဲ့ ရှုပ်ထွေးတဲ့မေးခွန်းတွေကိုလည်း ဖြေကြားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။အိုင်ရစ်ရဲ့အသိပညာအခြေခံက ChatGPT လို ပရိုဂရမ်တွေနဲ့ လုပ်ဆောင် ပေးထားတဲ့ AI ဖြင့် ပါဝါ အသုံးပြုထားတာကြောင့် အခြားသောအလိုအလျောက်သင်ကြားရေးကိရိယာတွေထက် ပိုမိုကျယ်ပြန့်ပါတယ်။
လူသားစက်ရုပ်တွေကို ကျောင်းသားတွေအတွက် မသင့်လျော်တဲ့ဘာသာရပ်ဆိုင်ရာ အချက်အလက်တွေကို လေ့ကျင့်ပေးထားခြင်းမရှိဘူးလို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။ အိုင်ရစ်ရဲ့အသိပညာအခြေခံကို ကနဦးစမ်းသပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ကျောင်းသား/သူတွေဆီက ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေရရှိပြီးနောက် မှာ KTCT Higher Secondary School ကျောင်းမှာ အသုံးပြုဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။
အဲဒီကျောင်းဟာ ကျောင်းသား/သူ ၃၀၀၀ ကျော်ရှိနေပြီး လာမယ့်စာသင်နှစ်တွေမှာလည်း မှတ်ဥာဏ်တု ဆရာ/ဆရာမတွေကို ပိုပြီးအသုံးချဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၁ဝ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း