Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တူရကီ၌ တည်ဆောက်ထားသည့် ၄၈ဝဝ မဂ္ဂါဝပ် နျူစက်ရုံကို ရုရှားသမ္မတ ဖွင့်လှစ်ပေးမည်ဟု သမ္မတ အာဒိုဂန်ပြောဆို

Htay Oung (NP News) - မတ် ၃ဝ


ရုရှားနိုင်ငံပိုင် “ရော့စ်အက်တမ်“ အဏုမြူစွမ်းအင်ကုမ္ပဏီက တည်ဆောက်ပေးတဲ့ နိုင်ငံရဲ့ပထမဆုံး နျူကလီယာဓါတ်ပေါင်းဖိုဖွင့်လှစ်ပွဲ အခမ်းအနားကို တက်ရောက်ဖို့အတွက် လာမည့် ဧပြီလ ၂၇ ရက်မှာ သမ္မတ ဗလာဒီမာပူတင် လာရောက်မှာဖြစ်ကြောင်း တူရကီသမ္မတ တေရစ်အာဒိုဂန်က ဗုဒ္ဓဟူးနေ့ (မတ်လ ၂၉ ရက်)မှာ ပြောဆိုတယ်လို့ Reuters က ယနေ့ (မတ်လ ၃ဝ ရက်)မှာ ရေးသားပါတယ်။


“အက်ကူယူ_စွမ်းအင်စီမံကိန်း” ပထမအဆင့် အောင်မြင်ပြီးဆုံးခြင်းအတွက် ဧပြီလ ၂၇ ရက်မှာ သမ္မတပူတင် ကိုယ်တိုင် လာကောင်းလာနိုင်ပါတယ်၊ ဒါမှမဟုတ် အခမ်းအနားကို အွန်လိုင်းနဲ့ ချိတ်ဆက်ပြီး ဖွင့်လှစ်ပေးပါလိမ့်မယ် ” လို့ ပုဂ္ဂလိက ရုပ်သံ ATV နဲ့ တွေ့ဆုံစဉ် သမ္မတအာဒိုဂန်က မှတ်ချက်ပေးပါတယ်။


တူရကီနိုင်ငံရဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံဖြစ်တဲ့ အက်ကူယူအတွက် ပထမဆုံးနျူကလီးယားလောင်စာများကို ဧပြီလ ၂၇ ရက်မှာ တရားဝင် ထည့်သွင်းဖို့ရှိကြောင်း အာဒိုဂန်က ဗုဒ္ဓဟူးနေ့ စောစောပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


သမ္မတပူတင်လာရောက်မှာဖြစ်ကြောင်း တူရကီနိုင်ငံမှာ သတင်းများထွက်ပေါ်နေခြင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို ကရင်မလင်က တနင်္လာနေ့မှာ ငြင်းဆိုပါတယ်။


အက်ကူယူ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုအပါအဝင် စွမ်းအင်ကဏ္ဍ ပူးတွဲမဟာဗျူဟာမြောက် ပရောဂျက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူတင်နဲ့ အာဒိုဂန်တို့အကြား ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း မော်စကိုက စနေနေ့မှာ ပြောပါတယ်။


မြေထဲပင်လယ် အရှေ့ဖက် တူရကီနိုင်ငံ အနောက်တောင်ဘက် အက်ကူယူမြို့မှာ အမေရိကန်ဒေါ်လာ ၂ဝ ဘီလျံ ကုန်ကျမယ့် စီမံကိန်းဟာ နျူကလီယာ ဓာတ်ပေါင်းဖိုလေးခု ပါဝင်ပြီး လျှပ်စစ်ဓါတ်အား ၄၈ဝဝ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။ တစ်ပြိုင်နက်တည်းမှာပဲ တူရကီအနေနဲ့လည်း မြို့ပြနျူကလီးယားစွမ်းအင်ငယ်ပိုင်နိုင်ငံအဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။  အက်ကူယူရဲ့ ပထမဆုံး ဓာတ်ပေါင်းဖိုကို ၂ဝ၂၃- ခုနှစ်မှာ စတင်ဖို့ အစီအစဉ်ရှိကြောင်း ယခင်ကတည်းက ကြေညာခဲ့ပါတယ်။


ယူကရိန်းမှာ စစ်ရာဇဝတ်မှုများကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံ (ICC) က သမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဟာ ကရင်မလင်အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ (ဂျာမနီလို ဥရောပနိုင်ငံအချို့ကလည်း ပူတင်လာရောက်ခဲ့လျှင် ဖမ်းဆီးမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်)


တူရကီဟာ နေတိုးစစ်စာချုပ်အဖွဲ့ဝင်နဲ့ ဥရောပသမဂ္ဂ မဟာမိတ်နိုင်ငံဖြစ်ပေမဲ့ ICC ကို ဖြစ်ပေါ်စေတဲ့ “ရောမ သဘောတူညီချက်“ မှာ လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။


( Reuters., 30 March 2023,” Erdogan says Putin may visit Turkey in April for power plant inauguration” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

တူရကီ၌ တည္ေဆာက္ထားသည့္ ၄၈ဝဝ မဂၢါဝပ္ န်ဴစက္႐ုံကို ႐ုရွားသမၼတ ဖြင့္လွစ္ေပးမည္ဟု သမၼတ အာဒိုဂန္ေျပာဆို

Htay Oung (NP News) - မတ္ ၃ဝ


႐ုရွားႏိုင္ငံပိုင္ “ေရာ့စ္အက္တမ္“ အဏုျမဴစြမ္းအင္ကုမၸဏီက တည္ေဆာက္ေပးတဲ့ ႏိုင္ငံရဲ႕ပထမဆုံး န်ဴကလီယာဓါတ္ေပါင္းဖိုဖြင့္လွစ္ပြဲ အခမ္းအနားကို တက္ေရာက္ဖို႔အတြက္ လာမည့္ ဧၿပီလ ၂၇ ရက္မွာ သမၼတ ဗလာဒီမာပူတင္ လာေရာက္မွာျဖစ္ေၾကာင္း တူရကီသမၼတ ေတရစ္အာဒိုဂန္က ဗုဒၶဟူးေန႔ (မတ္လ ၂၉ ရက္)မွာ ေျပာဆိုတယ္လို႔ Reuters က ယေန႔ (မတ္လ ၃ဝ ရက္)မွာ ေရးသားပါတယ္။


“အက္ကူယူ_စြမ္းအင္စီမံကိန္း” ပထမအဆင့္ ေအာင္ျမင္ၿပီးဆုံးျခင္းအတြက္ ဧၿပီလ ၂၇ ရက္မွာ သမၼတပူတင္ ကိုယ္တိုင္ လာေကာင္းလာႏိုင္ပါတယ္၊ ဒါမွမဟုတ္ အခမ္းအနားကို အြန္လိုင္းနဲ႔ ခ်ိတ္ဆက္ၿပီး ဖြင့္လွစ္ေပးပါလိမ့္မယ္ ” လို႔ ပုဂၢလိက ႐ုပ္သံ ATV နဲ႔ ေတြ႕ဆုံစဥ္ သမၼတအာဒိုဂန္က မွတ္ခ်က္ေပးပါတယ္။


တူရကီႏိုင္ငံရဲ႕ န်ဴကလီးယား ဓာတ္အားေပးစက္႐ုံျဖစ္တဲ့ အက္ကူယူအတြက္ ပထမဆုံးန်ဴကလီးယားေလာင္စာမ်ားကို ဧၿပီလ ၂၇ ရက္မွာ တရားဝင္ ထည့္သြင္းဖို႔ရွိေၾကာင္း အာဒိုဂန္က ဗုဒၶဟူးေန႔ ေစာေစာပိုင္းမွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။


သမၼတပူတင္လာေရာက္မွာျဖစ္ေၾကာင္း တူရကီႏိုင္ငံမွာ သတင္းမ်ားထြက္ေပၚေနျခင္းနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေမတၱာရပ္ခံခ်က္ကို ကရင္မလင္က တနလၤာေန႔မွာ ျငင္းဆိုပါတယ္။


အက္ကူယူ န်ဴကလီးယား ဓာတ္အားေပးစက္႐ုံ တည္ေဆာက္မႈအပါအဝင္ စြမ္းအင္က႑ ပူးတြဲမဟာဗ်ဴဟာေျမာက္ ပေရာဂ်က္မ်ားကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ပူတင္နဲ႔ အာဒိုဂန္တို႔အၾကား ဖုန္းဆက္ေဆြးေႏြးခဲ့ေၾကာင္း ေမာ္စကိုက စေနေန႔မွာ ေျပာပါတယ္။


ေျမထဲပင္လယ္ အေရွ႕ဖက္ တူရကီႏိုင္ငံ အေနာက္ေတာင္ဘက္ အက္ကူယူၿမိဳ႕မွာ အေမရိကန္ေဒၚလာ ၂ဝ ဘီလ်ံ ကုန္က်မယ့္ စီမံကိန္းဟာ န်ဴကလီယာ ဓာတ္ေပါင္းဖိုေလးခု ပါဝင္ၿပီး လွ်ပ္စစ္ဓါတ္အား ၄၈ဝဝ မဂၢါဝပ္ ထုတ္လုပ္ေပးႏိုင္ပါလိမ့္မယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ တူရကီအေနနဲ႔လည္း ၿမိဳ႕ျပန်ဴကလီးယားစြမ္းအင္ငယ္ပိုင္ႏိုင္ငံအျဖစ္ ေရာက္ရွိလာမွာ ျဖစ္ပါတယ္။  အက္ကူယူရဲ႕ ပထမဆုံး ဓာတ္ေပါင္းဖိုကို ၂ဝ၂၃- ခုႏွစ္မွာ စတင္ဖို႔ အစီအစဥ္ရွိေၾကာင္း ယခင္ကတည္းက ေၾကညာခဲ့ပါတယ္။


ယူကရိန္းမွာ စစ္ရာဇဝတ္မႈမ်ားက်ဴးလြန္ေၾကာင္း စြပ္စြဲခ်က္နဲ႔ ႏိုင္ငံတကာ ရာဇဝတ္တရားခုံ႐ုံ (ICC) က သမၼတ ဗလာဒီမာပူတင္ကို ဖမ္းဝရမ္းထုတ္ခဲ့ျခင္းဟာ ကရင္မလင္အတြက္ ေဒါသထြက္စရာ ျဖစ္ခဲ့ပါတယ္။ (ဂ်ာမနီလို ဥေရာပႏိုင္ငံအခ်ိဳ႕ကလည္း ပူတင္လာေရာက္ခဲ့လွ်င္ ဖမ္းဆီးမွာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္)


တူရကီဟာ ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ဝင္နဲ႔ ဥေရာပသမဂၢ မဟာမိတ္ႏိုင္ငံျဖစ္ေပမဲ့ ICC ကို ျဖစ္ေပၚေစတဲ့ “ေရာမ သေဘာတူညီခ်က္“ မွာ လက္မွတ္ေရးထိုးထားျခင္း မရွိပါဘူး။


( Reuters., 30 March 2023,” Erdogan says Putin may visit Turkey in April for power plant inauguration” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံတွင် အွန်လိုင်းပေးချေမှုစနစ်ဖြင့် ရွှေစုဆောင်းနိုင်မည့်အစီအစဉ်ကို UAB Pay စတင်မိတ်ဆက်

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved