Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ်ပေါ်ပေါက်ရေး EAO (၇)ဖွဲ့နှင့် NSPNC တို့ စတင်ဆွေးနွေး

မျိုးကြီး (NP News) - မတ် ၂၉


အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ်ပေါ်ပေါက်ရေး EAO (၇)ဖွဲ့နှင့် နစက၏ NSPNC တို့ စတင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


NCA လက်မှတ်ရေးထိုးထားသော EAO (၇)ဖွဲ့နှင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မတီ(NSPNC)တို့သည် နေပြည်တော်၌ မတ်လ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြသည်။


၎င်းဆွေးနွေးပွဲသို့ NSPNC မှ ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ဦးလှမောင်ရွှေ တို့အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း နစကမှ ဆိုသည်။


ထို့ပြင် NCA လက်မှတ်ရေးထိုးထားသော EAO (၇)ဖွဲ့၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်အဖြစ် RCSS မှ စဝ်စိုင်းငင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင်များဖြစ်သော စောမြရာဇာလင်း၊ နိုင်အောင်မငေး၊ အဖွဲ့ဝင်များဖြစ်သည့် စောကျော်သန်းဌေး၊ စောကျော်ညွန့်တို့က တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


၂ဝ၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးစတင်သည့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ၌ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေး နွေးမှုအခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စနှင့် ဖက်ဒရယ်အခြေခံမူ များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


“အစည်းအဝေးလို့ ပြောတာထက် ကျွန်တော်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုပေါ့။ အလွတ်သဘောတွေ့ဆုံဆွေးနွေးတာပေါ့။ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲဆိုတာကလည်းပဲ NCA-S-EAO (၇)ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့နဲ့ NSPNC ကနေ အလွတ်သဘောဆွေး နွေးပွဲပေါ့လေ။ ဒါကို (၂)ရက်တာ ကျွန်တော်တို့ လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု EAO (၇)ဖွဲ့၏ အလွတ်သဘောတွေ့ဆုံညှိနှိုင်းရေးအဖွဲ့မှပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကို ပြောသည်။


လက်ရှိတွင် ပြည်ထောင်စုတစ်ဝန်းလုံး ကြုံတွေ့နေရသည့်အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအခင်းအကျင်းပေါ်ပေါက်ရန်အတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် စတင်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။


ဆက်လက်ပြီး ၎င်းက “ပြည်ထောင်စုတစ်ခုလုံး ကြုံတွေ့နေရတဲ့အခက်အခဲကို ကျော်လွှားနိုင်ဖို့  လိုအပ်တဲ့ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို မတတ်ရောက်နိုင်သည့်တိုင်အောင်မှ ကျွန်တော်တို့ (၇)ဖွဲ့ကနေပြီးတော့ ဘယ်လို အစပြုမှုတွေလုပ်လို့ရမလဲ။ ဘယ်လိုအစဖော်မှုတွေလုပ်လို့ရမလဲ။ point တွေနဲ့ ကျွန်တော်တို့က ကိုယ့်မှာရှိတဲ့ အင်အားနဲ့ အခင်းအကျင်းပေါ်မှာပဲ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်” ဟု ပြောသည်။


နောက်ပိုင်းကာလများတွင်လည်း EAO (၇)ဖွဲ့နှင့် NSPNC တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ထပ်မံသိရှိရသည်။

zawgyi version

အားလုံးပါဝင္သည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ အခင္းအက်င္းတစ္ရပ္ေပၚေပါက္ေရး EAO (၇)ဖြဲ႕ႏွင့္ NSPNC တို႔ စတင္ေဆြးေႏြး


မ်ိဳးႀကီး (NP News) - မတ္ ၂၉


အားလုံးပါဝင္သည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ အခင္းအက်င္းတစ္ရပ္ေပၚေပါက္ေရး EAO (၇)ဖြဲ႕ႏွင့္ နစက၏ NSPNC တို႔ စတင္ေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။


NCA လက္မွတ္ေရးထိုးထားေသာ EAO (၇)ဖြဲ႕ႏွင့္ နစက၏ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေကာ္မတီ(NSPNC)တို႔သည္ ေနျပည္ေတာ္၌ မတ္လ ၂၈ ရက္ႏွင့္ ၂၉ ရက္တို႔တြင္ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။


၎ေဆြးေႏြးပြဲသို႔ NSPNC မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးဝင္းဗိုလ္ရွိန္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးခင္ေဇာ္ဦး(အၿငိမ္းစား)၊ ဦးလွေမာင္ေ႐ႊ တို႔အပါအဝင္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း နစကမွ ဆိုသည္။


ထို႔ျပင္ NCA လက္မွတ္ေရးထိုးထားေသာ EAO (၇)ဖြဲ႕၏ အလြတ္သေဘာေဆြးေႏြးညႇိႏႈိင္းေရးအဖြဲ႕မွ အဖြဲ႕ေခါင္းေဆာင္အျဖစ္ RCSS မွ စဝ္စိုင္းငင္း၊ ဒုတိယအဖြဲ႕ေခါင္းေဆာင္မ်ားျဖစ္ေသာ ေစာျမရာဇာလင္း၊ ႏိုင္ေအာင္မေငး၊ အဖြဲ႕ဝင္မ်ားျဖစ္သည့္ ေစာေက်ာ္သန္းေဌး၊ ေစာေက်ာ္ၫြန႔္တို႔က တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။


၂ဝ၂၁ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးစတင္သည့္ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲ၌ အားလုံးပါဝင္သည့္ ၿငိမ္းခ်မ္းေရးေဆြး ေႏြးမႈအခင္းအက်င္းတစ္ရပ္ ေပၚေပါက္ေရးကိစၥ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အဆင့္ဆင့္ဆိုင္ရာကိစၥႏွင့္ ဖက္ဒရယ္အေျခခံမူ မ်ားကို အျပန္အလွန္ေဆြးေႏြးညႇိႏႈိင္းခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။


“အစည္းအေဝးလို႔ ေျပာတာထက္ ကြၽန္ေတာ္တို႔ရဲ႕ ေတြ႕ဆုံေဆြးေႏြးမႈေပါ့။ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးတာေပါ့။ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲဆိုတာကလည္းပဲ NCA-S-EAO (၇)ဖြဲ႕ရဲ႕ အလြတ္သေဘာေဆြးေႏြးညႇိႏႈိင္းေရးအဖြဲ႕နဲ႔ NSPNC ကေန အလြတ္သေဘာေဆြး ေႏြးပြဲေပါ့ေလ။ ဒါကို (၂)ရက္တာ ကြၽန္ေတာ္တို႔ လုပ္ေဆာင္တာ ျဖစ္ပါတယ္” ဟု EAO (၇)ဖြဲ႕၏ အလြတ္သေဘာေတြ႕ဆုံညႇိႏႈိင္းေရးအဖြဲ႕မွေျပာခြင့္ရ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကို ေျပာသည္။


လက္ရွိတြင္ ျပည္ေထာင္စုတစ္ဝန္းလုံး ႀကဳံေတြ႕ေနရသည့္အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္ေရးအတြက္ သက္ဆိုင္သူမ်ား အားလုံးပါဝင္သည့္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈအခင္းအက်င္းေပၚေပါက္ရန္အတြက္ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးမႈမ်ားမွတစ္ဆင့္ စတင္ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ဆိုသည္။


ဆက္လက္ၿပီး ၎က “ျပည္ေထာင္စုတစ္ခုလုံး ႀကဳံေတြ႕ေနရတဲ့အခက္အခဲကို ေက်ာ္လႊားႏိုင္ဖို႔  လိုအပ္တဲ့ သက္ဆိုင္သူမ်ားအားလုံးပါဝင္တဲ့ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲကို မတတ္ေရာက္ႏိုင္သည့္တိုင္ေအာင္မွ ကြၽန္ေတာ္တို႔ (၇)ဖြဲ႕ကေနၿပီးေတာ့ ဘယ္လို အစျပဳမႈေတြလုပ္လို႔ရမလဲ။ ဘယ္လိုအစေဖာ္မႈေတြလုပ္လို႔ရမလဲ။ point ေတြနဲ႔ ကြၽန္ေတာ္တို႔က ကိုယ့္မွာရွိတဲ့ အင္အားနဲ႔ အခင္းအက်င္းေပၚမွာပဲ ကြၽန္ေတာ္တို႔ ဆက္လက္ေဆာင္႐ြက္သြားဖို႔ရွိတယ္” ဟု ေျပာသည္။


ေနာက္ပိုင္းကာလမ်ားတြင္လည္း EAO (၇)ဖြဲ႕ႏွင့္ NSPNC တို႔အၾကား ေတြ႕ဆုံေဆြးေႏြးမႈမ်ား ဆက္လက္ေဆာင္႐ြက္သြားရန္ရွိေၾကာင္း ထပ္မံသိရွိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တူရကီ၌ တည်ဆောက်ထားသည့် ၄၈ဝဝ မဂ္ဂါဝပ် နျူစက်ရုံကို ရုရှားသမ္မတ ဖွင့်လှစ်ပေးမည်ဟု သမ္မတ အာဒိုဂန်ပြောဆို

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved