ပြင်သစ်ကမ်းခြေတွေမှာ ပင်လယ်ငှက် အသေကောင် ၅၀၀ ကျော် သောင်တင်နေ
ရောင်နီ (NSS) - မတ် ၉
ပြင်သစ်နိုင်ငံ၊ အတ္တလန်တိတ် ကမ်းခြေတွေမှာ ပုံမှန်မဟုတ်တဲ့ ပြင်းထန် ဆောင်းရာသီ မုန်တိုင်းတွေကြောင့် အစာရှာရခက်ခဲပြီး ပင်လယ်ငှက် ရာပေါင်းများစွာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
ပြင်သစ် အတ္တလန္တိတ် ကမ်းရိုးတန်းတစ်လျှောက် ပင်ဂွင်းငှက်အပါအဝင် ပင်လယ်ငှက် အကောင်ရေ ၅၀၀ ကျော် သေဆုံးနေတာကို ယခုနှစ်စ ကတည်းက တွေ့ရှိလာခဲ့ရတယ်လို့ French League for Birds က ပြောကြားပါတယ်။ ပင်လယ်ပြင်မှာ ခက်ခဲတဲ့ အခြေအနေတွေကြောင့် ငှက်တွေ ပင်ပန်းပြီး သေဆုံးခဲ့ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါဟာ ရာသီဥတုပြောင်းလဲမှုမှ မုန်တိုင်းဝင်ရောက်မှု ကြိမ်နှုန်းနဲ့ ပြင်းထန်မှုတို့ တိုးမြင့်လာစေတာကြောင့်ဖြစ်နိုင်သလို မိုက်ခရိုပလတ်စတစ်နဲ့ ဓာတုညစ်ညမ်းမှုတွေကြောင့် အဆိပ်သင့်မှု၊ ငါးအလွန်အကျွံငါးဖမ်းခြင်းမှ ငါး ရှားပါးလာမှုတို့ကြောင့် ဖြစ်နိုင်တယ်လို့ ၎င်းတို့က ယူဆထားပါတယ်။
ငှက်တွေဟာ အစာမစားဘဲ နှစ်ရက် သို့မဟုတ် သုံးရက်လောက်ထိကို အသက်မရှင်သန်နိုင်ကြဘူးလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထူးခန့်ကျော်အား ဆေးကုသခွင့်တားမြစ်ကြောင်း ထုတ်ပြန်စာမှာ ဆေးကောင်စီကထုတ်ပြန်သောစာမဟုတ်ဟု ကျန်းမာရေးဝန်ကြီးဌာန ရှင်းလင်း
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း