Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရေးအတွက် ယာယီဆိပ်ကမ်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထုတ်ပြန်ကြေညာ

Pika (NSS) - မတ် ၉

အစ္စရေးအစိုးရသည် မြေပြင်မှ ဂါဇာကမ်းမြောင်ဒေသသို့ပေးပို့သည့် အကူအညီများကို ပိတ်ဆို့ထားနိုင်သောကြောင့် အမေရိကန်စစ်တပ်က ဂါဇာကမ်းရိုးတန်းတွင် ယာယီဆိပ်ကမ်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ပြီး လိုအပ် သောအကူအညီများအားလုံးကို ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မတ်လ (၇)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် ပိတ်ဆို့ခံထားရသော ဂါဇာကမ်းမြောင်ဒေသသို့ နောက်ထပ်အကူအညီများ ပိုမိုဝင်ရောက်ခွင့်ပြုရန် အစ္စရေးအစိုးရကို ဂျိုးဘိုင်ဒန်က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ဂျိုးဘိုင်ဒန်က "ဂါဇာကမ်းရိုးတန်းမှာ စားနပ်ရိက္ခာ၊ သောက်ရေ၊ ဆေးဝါးတွေ နဲ့ ယာယီအမိုးအကာတွေ သယ်ဆောင်ထားတဲ့သင်္ဘောတွေ လက်ခံနိုင်တဲ့ ယာယီဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့အတွက် အရေးပေါ်မစ်ရှင်ကို ဦးဆောင်ဖို့ အမေရိကန်စစ်တပ်ကို ကျွန်တော် ညွှန်ကြားနေပါတယ်။ ဒီယာယီဆိပ်ကမ်းဟာ ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိမှုကို ပိုမိုတိုးမြင့်လာစေမှာပါ" ဟု ပြောခဲ့သည်။


အဆိုပါအစီအစဉ်ကို အမေရိကန်စစ်တပ်ကဦးဆောင်မည်ဖြစ်သော်လည်း ဂါဇာကမ်းမြောင်ဒေသတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ထားရှိမည်မဟုတ်ကြောင်း ဂျိုးဘိုင်ဒန်က ထပ်မံပြောခဲ့သည်။ အမေရိကန်အစိုးရက အစ္စရေး နှင့် ညှိနှိုင်းမှုများ လုပ်ဆောင်ကာ ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများကို ရက်ပေါင်းများစွာ ပေးအပ်ခဲ့ပြီးနောက် အဆိုပါယာယီဆိပ်ကမ်း တည်ဆောက်မည့် အစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဂျိုးဘိုင်ဒန်က "အစ္စရေးရဲ့ခေါင်းဆောင်ပိုင်းကို ကျွန်တော်ပြောချင်တာကတော့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေကို သဘောတူညီချက်တွေပြုလုပ်ဖို့ ကြိုးပမ်းရာမှာ အားသာချက်တစ်ခုအဖြစ် အသုံးမပြု သင့်ပါဘူး။ အပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဟာ အဓိကဦးစားပေး ဖြစ်ရပါမယ်" ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဟားမက်လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော် သေဆုံးခဲ့ပြီး၊ အခြားလူ(၂၅၃)ဦးမှာ ဓါးစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်းလည်း သိရသည်။

ထို့နောက် အစ္စရေးဘက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး (၃)သောင်းကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရာထူးမှ ထုတ်ပယ်ခံရသော ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို သံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved