Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲမတိုင်ခင် ချတ်အတိုက်အခံခေါင်းဆောင် လုပ်ကြံခံခဲ့ရ

ALynn (NSS) - မတ် ၇ 

ဖေဖော်ဝါရီလ ၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် ချတ်အတိုက်အခံခေါင်းဆောင် Yaya Dillo အသတ်ခံရမှုသည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို အံ့အားသင့်စေပြီး ကြားဖြတ်သမ္မတ Mahamat Idriss Deby Itno အပေါ်ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။ 

Dillo သည် Mahamat နှင့် ဝမ်းကွဲတော်စပ်သူဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များက ၎င်း၏ Socialist Party Without Borders (PSF) ပါတီတည်ရှိရာနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရသည်။ ချတ်လူ့အခွင့် အရေးခေါင်းဆောင်ဟောင်း Loalngar က “Dillo သေဆုံးမှုသည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူ အားလုံးအတွက် သေဆုံးမှုဖြစ်ကြောင်း၊ Dillo သာမက ကျွန်ုပ်တို့လည်း ဒီနိုင်ငံမှာ ဒီလိုအဖြစ်မျိုး အချိန်မရွေး ကြုံတွေ့ရနိုင်ကြောင်း” ပြောကြားခဲ့သည်။ 


သမ္မတရုံး ဝက်ဘ်ဆိုက်တွင် “Dillo နှင့် ၎င်း၏ အပေါင်းအပါများသည် ၎င်းတို့ကိုယ်ကိုကာကွယ်ရန်အတွက် ပါတီ အဆောက်အဦတွင်း၌ အမြောက်ကြီးများ ထားရှိထားကြောင်း” ဖော်ပြထားသည်။ 

၂ဝ၂၁ ခုနှစ်၊ ဧပြီလတွင် သမ္မတဟောင်း Idriss Deby ကွယ်လွန်ပြီးနောက် သုံးနှစ်အကြာတွင် အသွင်ကူးပြောင်းမှု ကို အဆုံးသတ်ရန် ချတ်လူမျိုးများက မေလ ၆ ရက်နေ့တွင် မဲပေးရန် ပြင်ဆင်နေချိန်၌ အဆိုပါတင်းမာမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Dillo သည် ယခင်သမ္မတဟောင်း၏ သား၊ လက်ရှိ ကြားဖြတ်သမ္မတနှင့်အပြိုင် သမ္မတရာထူး ယှဉ်ပြိုင်မည့်သူဖြစ် သည်။ Dillo အသတ်ခံရမှုသည် သေချာပေါက်နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်း ချတ်ဥပဒေနှင့် နိုင်ငံရေးပညာရှင် Baidessou Soukolgue ၏ ဖော်ပြချက်အရ သိရသည်။ 

လွန်ခဲ့သည့် ၃ နှစ်ကလည်း Dillo ၏ အိမ် တိုက်ခိုက်ခံရပြီး အာဖရိကဆိုင်ရာ စဉ်ဆက်မပြတ်ဒီမိုကရေစီ အင်စတီကျူ (EISA) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ၊ Dillo ၏ မိခင် Soukolgue အသတ်ခံခဲ့ရသည်။ 

ဖခင်ဖြစ်သူကွယ်လွန်ပြီးနောက် အာဏာရှင်အစိုးရကို ဦးဆောင်ခဲ့သည့် စစ်ဘက်အရာရှိ တစ်ဦးဖြစ်သည့် Mahamat Deby သည် အစောပိုင်းတွင် အရပ်ဘက်အစိုးရထံ အာဏာလွှဲပြောင်းပေးမည်ဟု ကတိပြုခဲ့သော်လည်း နောက်ထပ်သက်တမ်း ၁၈ လတိုးမြှင့်ခဲ့သည်။ 

ပညာရှင်များ၏ သုံးသပ်ချက်အရ အကူးအပြောင်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာဆန္ဒခံယူပွဲမှာကတည်းက ချို့ယွင်းချက်များရှိနေကြောင်း သိရသည်။ ယခုအခါ အရပ်သား အစိုးရအကူးအ‌ပြောင်း မတိုင်ခင်မှာပင် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ပြည်သူများ၏ ယုံကြည်ချက်များ ယုတ်လျော့သွားမည်မှာ အသေအချာပင်ဖြစ်သည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

KIA ပူးပေါင်းအဖွဲ့က ဝိုင်းမော် - လိုင်ဇာ - ဗန်းမော် လမ်းတစ် လျှောက်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved