KIA ပူးပေါင်းအဖွဲ့က ဝိုင်းမော် - လိုင်ဇာ - ဗန်းမော် လမ်းတစ် လျှောက်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်
Pearl (NSS) - မတ် ၇
KIA ပူးပေါင်းအဖွဲ့က ဝိုင်းမော် - လိုင်ဇာ - ဗန်းမော် လမ်းတစ် လျှောက်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (မတ်လ ၇ ရက်) ၊ နံနက် (၅)နာရီခန့်မှ စတင်ကာ ကချင် ပြည်နယ်၊ မြစ်ကြီးနားခရိုင် ၊ ဝိုင်းမော်မြို့၊ ရွှေညောင်ပင် အနီးရှိ နယ်မြေခံတပ်ရင်း နှင့် ရွှေညောင်ပင်၊ အောင်မြေ (၁) အနီးရှိ တပ်မတော်လုံခြုံရေးစခန်းငယ် အပါအဝင် တပ်ရင်း (၆)ခုခန့်နှင့် တပ်မတော်လုံခြုံရေးစခန်းငယ် (၁၃)ခုခန့်ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ရွှေညောင်ပင်၊ အောင်မြေ(၁)ဘက်တွေကတော့ မနက် (၅)နာရီလောက်က စတိုက်တာ။ အခုတော့ အဲဒီဘက်ကို ဆက်သွယ်လို့မရသေးဘူး။ ဝိုင်းမော် - လိုင်ဇာ - ဗန်းမော် တစ်ကျောက တပ်ရင်း (၆)ခုနဲ့ တပ်စခန်းငယ် (၁၃)ခုကို ဝင်တိုက်တာလို့တော့ ကြားတယ် ။ ဝိုင်းမော်ဘက်က ခလရ ၃၂၁၊ ဗန်းမော်ဘက်က ၃၇၀ အမြောက်တပ် နဲ့ ၃၇၈ လို့ကြားတယ်။ အဲဒီလောက်ပဲ သိတယ်။ တခြား ဘာတွေပါလဲတော့မသိဘူး”ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
အဆိုပါတိုက်ပွဲများအတွင်းအရပ်သားထိခိုက်သေဆုံးမှုများရှိနေသည့်အပြင် လုံခြုံရေးအဖွဲ့ဝင်များ၊ လက်နက်ကိုင်အဖွဲ့ဝင်များလည်း သေဆုံးမှုများရှိကြောင်း သိရသည်။
ထို့ပြင် ယနေ့၊ နံနက်အစောပိုင်းတွင်လည်း မြစ်ကြီးနားမြို့ရှိ တပ်မတော်လေတပ်စခန်းအနီးကို KIA ပူးပေါင်းအဖွဲ့က လက် နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မြစ်ကြီးနားလေတပ်ဘက်ကိုလည်း ပစ်တယ်လို့ပြောတယ်။ ဘယ်မှာကျလဲတော့ မသိဘူး ။ မြစ်ကြီးနားကိုလည်း ဝင်တိုက်မယ်တော့ ကြားနေတာပဲ။ အခုလောလောဆယ်တော့ ငြိမ်နေတယ်”ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောသည်။
ပြီးခဲ့သောကာလများတွင်လည်း ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ လုံခြုံရေးစခန်းများကို KIA ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီးလင်းမြို့တွင် ဆိုင်ကယ်စီးလာသည့်အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ