အဆိုတော် တေးရေးဆရာ ရာရီ BRIT Awards ဆုပေးပွဲမှာ စုစုပေါင်း ဆု ၆ ဆုနဲ့ ဆုအများဆုံးရသူအဖြစ် စံချိန်တင်
ရောင်နီ (NSS) - မတ် ၅
အဆိုတော် တေးရေးဆရာ ရာရီ ဟာ စနေနေ့ (မတ်လ ၂ ရက်) က ကျင်းပခဲ့တဲ့ ဗြိတိန်ဂီတရဲ့အကြီးမားဆုံး ဆုပေးပွဲဖြစ်တဲ့ BRIT Awards မှာ ဆုအများဆုံး ရရှိခဲ့သူအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ရာရီဟာ တစ်နှစ်တာ အကောင်းဆုံးအနုပညာရှင်၊ My 21st Century Blues အတွက် တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်နဲ့ Escapism အတွက် တစ်နှစ်တာ အကောင်းဆုံးသီချင်း အပါအဝင် ဆုခြောက်ခုကို ဆွတ်ခူးရရှိ ခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ် ရာရီဟာ R&B အက်ရှင် တေးဂီတ အမျိုးအစားမှာ အောင်မြင်ခဲ့ပြီး အကောင်းဆုံးအနုပညာ ရှင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
BRIT Awards ဆုပေးပွဲမှာ အခြားဆုတွေကိုတော့ Jungle အဖွဲ့က တစ်နှစ်တာအကောင်းဆုံးအဖွဲ့ဆု၊ ဒူအာလီပါ က အကောင်းဆုံးပေါ့ပ်အက်ရှင်ဆုကို ရရှိခဲ့ပါတယ်။
အခု ၂၀၂၄ ခုနှစ်ရဲ့ BRIT Awards ဆုပေးပွဲ စကာတင် စာရင်းမှာ ၅၅ ရာခိုင်နှုန်းကျော်ဟာ တစ်ကိုယ်တော် အနုပညာရှင်အမျိုးသမီးတွေနဲ့ အမျိုးသမီးအဖွဲ့တွေကို ဦးစားပေးချီးမြှင့်ခဲ့တယ်လို့ ယူဆရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"The Glory" မင်းသားဟိုဒုန်ဝန် ဇနီးသည်နဲ့ အိမ်ထောင်သက် ၁ နှစ်အကြာမှာ ကွာရှင်း
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ