ဖက်ရှင်အိုင်ကွန် အဲရစ်အက်ဖဲလ် အသက် ၁၀၂ နှစ်မှာ ကွယ်လွန်
ရောင်နီ (NSS) - မတ် ၅
အနက်ရောင် ခပ်ကြီးကြီး မျက်မှန်နဲ့ ကိုယ်ပိုင်စတိုင်ကို ဖော်ပြနိုင်ခဲ့တဲ့ဖက်ရှင်အိုင်ကွန် အဲရစ်အက်ဖဲလ်ဟာ အသက် ၁၀၂ နှစ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
အက်ဖဲလ်ဟာ သောကြာနေ့ (မတ်လ ၁ ရက်)မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒီအကြောင်းကို သူမရဲ့ Instagram စာမျက်နှာမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
သူမဟာ ဖလော်ရီဒါပြည်နယ် Palm Beach ရှိ သူမရဲ့ နေအိမ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သြဇာကြီးမားတဲ့ Interior ဒီဇိုင်နာအဲရစ်ဟာ သေးငယ်တဲ့ အသုံးအဆောင်ပစ္စည်းများ၊ ဂျက်ဇ်ဂီတ၊ သူမရဲ့ဖက်ရှင်အလုပ်တို့ကို နှစ်သက်ပြီး ဂုဏ်သိက္ခာကြီးမားတဲ့ အနုပညာပြပွဲများမှ မဂ္ဂဇင်းကာဗာများ၊ အလှကုန်လိုင်း၊ မှတ်တမ်းရုပ်ရှင်တွေမှစ ဘာဘီရုပ်တွေထိပါ သူမရဲ့ ဖက်ရှင်က လွှမ်းမိုးခဲ့ပါတယ်။
အဲရစ်ဟာ ၁၉၂၁ ခုနှစ်က နယူးယောက်၊ ကွင်းစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး၊ တစ်ဦးတည်းသောသမီးလည်းဖြစ်ပါတယ်။
သူမရဲ့ကွယ်လွန်ခြင်း သတင်းဟာ သူမရဲ့ပရိသတ်တွေအတွက် လွမ်းဆွတ်ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဆိုတော် တေးရေးဆရာ ရာရီ BRIT Awards ဆုပေးပွဲမှာ စုစုပေါင်း ဆု ၆ ဆုနဲ့ ဆုအများဆုံးရသူအဖြစ် စံချိန်တင်
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ