စင်ကာပူနိုင်ငံ၊ Mandai Wildlife Group က အမှတ်တရ စုဆောင်းနိုင်တဲ့ တိရစ္ဆာန်ရုပ်တုများ စတင်ထုတ်ဝေ
ရောင်နီ (NSS) - မတ် ၄
စင်ကာပူနိုင်ငံ၊ Mandai Wildlife Group နဲ့ စုဆောင်းထုတ်လုပ်သူ XM Studios တို့ ပူးပေါင်းပြီး မတ်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရ တိရစ္ဆာန်ရုပ် ခြောက်ရုပ်ကို မိတ်ဆက်ပြသလာခဲ့ပါတယ်။
Mandai Wildlife Group အနေနဲ့ စုဆောင်းနိုင်တဲ့ တိရစ္ဆာန်ပုံတူရုပ်တွေကို ထုတ်လုပ်တာဟာ အခု ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။
အရုပ်တွေကို ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်အထိတေစ်ရုပ်ကို ၂၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ တစ်ရုပ်ကို ၃၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
အရုပ်တွေကို Lazada၊ Shopee ရှိ Mandai Wildlife Group e-shops တွေမှာ မှာယူရရှိနိုင်သလို Mandai တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ လက်လီဆိုင်များနဲ့ 809 French Road ရှိ XM Studios မှာလည်း ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
ရောင်းချရငွေရဲ့ထက်ဝက်ကို ဒေသတွင်း တောရိုင်းတိရိစ္ဆာန် ပရောဂျက်တွေဆီ ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။
အဆိုပါရုပ်တုတွေမှာ အာဖရိကပင်ဂွင်း၊ Aldabra ဧရာမလိပ်၊ ကယ်လီဖိုးနီးယား ခြင်္သေ့၊ Malayan ဝက်ဝံ၊ Pygmy Hippopotamus နဲ့ Sumatran orang utan ပုံတူရုပ်တို့ ပါဝင်တယ်လို့ Mandai Wildlife Group မှ မတ်လ ၂ ရက် ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
လက်လီရောင်းချတဲ့အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဒေစီတန် က "XM Studios နဲ့ ဒီပူးပေါင်းဆောင်ရွက်မှုက မတူကွဲပြားတဲ့ပရိသတ်တွေဆီ ရောက်ရှိပြီး ကမ္ဘာမြေကို မတူညီတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေအကြောင်းနဲ့ အသိပညာပေးမှုတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၄ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း