Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုန်စည်လိုင်းပေါင်း (၁ဝဝဝဝ)ကျော်ကို ဧပြီလ(၁)ရက်မှစပြီး Auto Licensing စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည်

ယွန်း (NP News) - မတ် ၂၈


H.S Code 10 digit level ရှိ ကုန်စည်လိုင်းပေါင်း (၁ဝဝဝဝ)ကျော်ကို ဧပြီ(၁)ရက်နေ့မှစပြီး လိုင်စင်များထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အကောက်ခွန်ဦးစီးဌာနမှ မတ်လ(၂၈)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်‌ရေးဦးစီးဌာန သည် ပြီးခဲ့သည့် မတ်လ(၂၂)ရက်တွင် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်း လွှာ(၆/၂၀၂၃)ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။


အဆိုပါ ကြေညာချက်ဖြင့် Customs Tariff of Myanmar HS Version 2022 အရ H.S Code 10 digit level ရှိ ကုန်စည်လိုင်းပေါင်း (၁ဝ၂၉၃)လိုင်းကို Trade Net 2.0 စနစ်တွင် Auto Licensing စနစ်ဖြင့် လိုင်စင်ထုတ်ပေးခြင်းကို လာမည့် ဧပြီလ(၁)ရက်မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကုန်သွယ်ရေးဦးစီးဌာန၏ သတင်းလွှာအမှတ်(၆/၂ဝ၂၃)အရ ပင်လယ်ရေ ကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့မည့် ကုန်စည်အားလုံးသည် ပို့ကုန်လိုင်စင်လိုအပ်သည့် ကုန်စည်လိုင်းများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့ကြောင့် MACCS စနစ်တွင်လည်း အဆိုပါ ကုန်စည်များကို ပို့ကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် setting ပြောင်းလဲထားရှိပြီဖြစ်ကြောင်း သိရသည်။


သို့ဖြစ်၍ Auto Licensing စနစ်ဖြင့် ပို့ကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများကိုသုံးပြီး ဧပြီလ(၁)ရက်မတိုင်မီ တင်သွင်းထားသော ကြိုတင်ကြေညာလွှာများဖြစ်ပါက Formal Declaration သို့ ပြောင်းလဲတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြောင်းလဲတင်သွင်းချိန်၌ Error ဖြစ်ပေါ်ခဲ့ပါက လိုင်စင်ဖြတ်တောက်ခြင်းကို ဆောင်ရွက်ပြီး EDE Service ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version



ယွန်း (NP News) - မတ် ၂၈















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်တိုင်း အတွင်းရှိ စက်မှုလုပ်ငန်းများအား ဧပြီလကုန်အထိ ဓာတ်အားကန့်သတ်မည်ဟု YESC အသိပေး

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved