Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်တိုင်း အတွင်းရှိ စက်မှုလုပ်ငန်းများအား ဧပြီလကုန်အထိ ဓာတ်အားကန့်သတ်မည်ဟု YESC အသိပေး

ယွန်း (NP News) – မတ် ၂၉


ရန်ကုန်တိုင်းအတွင်းရှိ စီးပွားရေးနှင့်စက်မှုလက်မှုလုပ်ငန်းများအား ဧပြီလကုန်အထိ ဓာတ် အားကန့်သတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)မှ အသိပေး ထုတ်ပြန်ထားသည်။


YESC မှ မတ်လ(၂၈)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။


လက်ရှိတွင် အပူချိန်မြင့်မားလာခြင်း အပါအဝင် ဓာတ်အားသုံးစွဲမှုမြင့်တက်လာခြင်းနှင့် (၂၃ဝ)ကေဗွီ လောပိတမဟာဓာတ်အားလိုင်းများ၏ တာဝါတိုင်များ အကြိမ်ကြိမ်ဖျက်ဆီးခံရခြင်းကြောင့် ဘီလူးချောင်း(၁)၊(၂)၊(၃) ဓာတ်အားပေးစက်များမှ ထုတ်လွှတ်သည့် ဓာတ်အားများလျော့နည်းလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


ထို့ပြင် (၂၃ဝ)ကေ‌ဗွီ၊ သထုံ-မော်လမြိုင် မဟာဓာတ်အာားလိုင်း၏ တာဝါတိုင်(၂)တိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ဓာတ်အားထုတ်လွှတ်မှုနှင့် သုံးစွဲမှုမမျှတခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


သို့ဖြစ်၍ ဓာတ်အားစနစ်အတွင်း ဓာတ်အားပြတ်တောက်မှုများ မဖြစ်စေရန် အရေးပေါ်ဝန်အားလျှော့ချခြင်းနှင့် အလှည့်ကျ ဝန်အားလျှော့ချခြင်းများပြုလုပ်ပြီး ဓာတ်အားဖြန့်ဖြူးပေးနေကြောင်း YESC မှဆိုထားသည်။


ထို့ကြောင့် ဓာတ်အားထုတ်လုပ်မှုအခြေအနေများအရ ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူများနှင့်အတူရောပြီး ဓာတ်အားသုံးစွဲနေသည့် ရပ်ကွက်များ၊ ကျေးရွာများအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ၏ ဓာတ်အားသုံးစွဲမှုအချိန်ကို ကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ထုတ်ပြန်ချက်အရ မတ်လ(၂၈)ရက်မှ လာမည့် ဧပြီလ(၃ဝ)ရက်အထိ စက်မှုလုပ်ငန်းများအနေဖြင့် ညနေ(၅)နာရီမှ ည(၁၁)နာရီအထိ ဌာနမှ ထုတ်လွှတ်သည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် YESC မှ ဆိုထားသည်။


ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်မှုများကိုတွေ့ရှိပါက အုပ်ချုပ်မှုနည်း လမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ အသိပေး ထုတ်ပြန်ထားသည်။

zawgyi version

ရန္ကုန္တိုင္း အတြင္းရွိ စက္မႈလုပ္ငန္းမ်ားအား ဧၿပီလကုန္အထိ ဓာတ္အားကန႔္သတ္မည္ဟု YESC အသိေပး

ယြန္း (NP News) – မတ္ ၂၉


ရန္ကုန္တိုင္းအတြင္းရွိ စီးပြားေရးႏွင့္စက္မႈလက္မႈလုပ္ငန္းမ်ားအား ဧၿပီလကုန္အထိ ဓာတ္ အားကန႔္သတ္ထားမည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း (YESC)မွ အသိေပး ထုတ္ျပန္ထားသည္။


YESC မွ မတ္လ(၂၈)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္ သည္။


လက္ရွိတြင္ အပူခ်ိန္ျမင့္မားလာျခင္း အပါအဝင္ ဓာတ္အားသုံးစြဲမႈျမင့္တက္လာျခင္းႏွင့္ (၂၃ဝ)ေကဗြီ ေလာပိတမဟာဓာတ္အားလိုင္းမ်ား၏ တာဝါတိုင္မ်ား အႀကိမ္ႀကိမ္ဖ်က္ဆီးခံရျခင္းေၾကာင့္ ဘီလူးေခ်ာင္း(၁)၊(၂)၊(၃) ဓာတ္အားေပးစက္မ်ားမွ ထုတ္လႊတ္သည့္ ဓာတ္အားမ်ားေလ်ာ့နည္းလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။


ထို႔ျပင္ (၂၃ဝ)ေက‌ဗြီ၊ သထုံ-ေမာ္လၿမိဳင္ မဟာဓာတ္အာားလိုင္း၏ တာဝါတိုင္(၂)တိုင္ မိုင္းခြဲဖ်က္ဆီးခံခဲ့ရၿပီး ဓာတ္အားထုတ္လႊတ္မႈႏွင့္ သုံးစြဲမႈမမွ်တျခင္းမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။


သို႔ျဖစ္၍ ဓာတ္အားစနစ္အတြင္း ဓာတ္အားျပတ္ေတာက္မႈမ်ား မျဖစ္ေစရန္ အေရးေပၚဝန္အားေလွ်ာ့ခ်ျခင္းႏွင့္ အလွည့္က် ဝန္အားေလွ်ာ့ခ်ျခင္းမ်ားျပဳလုပ္ၿပီး ဓာတ္အားျဖန႔္ျဖဴးေပးေနေၾကာင္း YESC မွဆိုထားသည္။


ထို႔ေၾကာင့္ ဓာတ္အားထုတ္လုပ္မႈအေျခအေနမ်ားအရ ရန္ကုန္တိုင္းအတြင္းရွိ အမ်ားျပည္သူမ်ားႏွင့္အတူေရာၿပီး ဓာတ္အားသုံးစြဲေနသည့္ ရပ္ကြက္မ်ား၊ ေက်း႐ြာမ်ားအတြင္းရွိ စီးပြားေရးႏွင့္ စက္မႈလက္မႈလုပ္ငန္းမ်ား၏ ဓာတ္အားသုံးစြဲမႈအခ်ိန္ကို ကန႔္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


အဆိုပါ ထုတ္ျပန္ခ်က္အရ မတ္လ(၂၈)ရက္မွ လာမည့္ ဧၿပီလ(၃ဝ)ရက္အထိ စက္မႈလုပ္ငန္းမ်ားအေနျဖင့္ ညေန(၅)နာရီမွ ည(၁၁)နာရီအထိ ဌာနမွ ထုတ္လႊတ္သည့္ လွ်ပ္စစ္ဓာတ္အားျဖင့္ လုပ္ငန္းေဆာင္႐ြက္ျခင္းမျပဳရန္ YESC မွ ဆိုထားသည္။


ကန႔္သတ္ခ်ိန္အတြင္း ဌာနမွျဖန႔္ျဖဴးသည့္ လွ်ပ္စစ္ဓာတ္အားျဖင့္ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကိုေတြ႕ရွိပါက အုပ္ခ်ဳပ္မႈနည္း လမ္းအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC)မွ အသိေပး ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြင်ဦးလွင်၌ စိတ်ကျရောဂါခံစားနေရသည့် အမျိုးသမီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved