Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှားနှင့်ဖြစ်လာနိုင်သောတိုက်ရိုက်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး သတိပေး

ဂျန်ဇက် (NSS) - မတ် ၂

အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်က ရုရှားနှင့် နေတိုးမဟာမိတ်အုပ်စုကြား တိုက်ရိုက်စစ်ပွဲဖြစ်လာ နိုင်ဖွယ်ရှိနေသည့်အတွက် နေတိုးအဖွဲ့တွင် ပါဝင်နေသော ဥရောပအရှေ့ပိုင်းရှိနိုင်ငံများအနေဖြင့် ရုရှားနှင့် တိုက်ခိုက်ရန် ပြင်ဆင်ရထားရမည်ဖြစ်ကြောင်း သတိပေးပြောဆိုလိုက်သည်။

ရုရှားသည် ယူကရိန်းတပ်ဖွဲ့များကို အနိုင်ရပြီးနောက် ကျူးကျော်မှုများကို ရပ်တန့်မည်မဟုတ်ကြောင်း၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးက အမေရိကန်လွှတ်တော်၏ လက်နက်ကိုင်ဝန်ဆောင်မှုကော်မတီကြားနားပွဲတွင် ထည့်သွင်း ပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်လွှတ်တော်အမတ်များအနေဖြင့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့ပေးနိုင်ရန် ဘတ်ဂျက် ငွေကြေးများကို ထပ်မံကူညီထောက်ပံ့ပေးစေလိုကြောင်း၊ ဝန်ကြီးလွိုင်အော်စတင်က ထပ်မံပြောခဲ့သည်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီးက "ဘော်တစ်နိုင်ငံတွေဟာ လက်ရှိအချိန်မှာ စိုးရိမ်ရမယ့်အခြေအနေမျိုးဖြစ်နေ တယ်။ ယူကရိန်းဟာ စစ်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် နေတိုးအဖွဲ့ဟာ ရုရှားနဲ့စစ်ပွဲဆင်နွှဲရဖွယ်ရှိတယ်လို့ ယုံကြည်ထား ပါတယ်။ ကမ္ဘာတဝှမ်းမှာရှိနေတဲ့အခြားအာဏာရှင်နိုင်ငံတွေဟာ ဒီအခြေနေတွေကိုစောင့်ကြည့်နေတယ်။ အဲဒီ အာဏာရှင်နိုင်ငံတွေအတွက် အခြေအနေတွေက အားတက်ဖွယ်ရှိနေပါတယ်။  လက်ရှိဖြစ်ပွားနေတဲ့အခြေနေတွေ ကြောင့် အနောက်အုပ်စုနိုင်ငံတွေဟာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်စေဖို့  ပိုမိုပံ့ပိုးကူညီပေးတာမျိုး မလုပ်နိုင်ဘူး" ဟု ပြောသည်။


အမေရိကန်သည် ယူကရိန်းနှင့် ရုရှားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ယူကရိန်းကို စစ်လက်နက် ပစ္စည်းများကူညီထောက်ပံ့ပေးခဲ့ပြီးလက်ရှိအချိန်တွင်လည်း ယူကရိန်းကို ထပ်မံကူညီထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းနေရာ အမေရိကန်လွှတ်တော်၏ ဟန့်တားခြင်းကို ရင်ဆိုင်နေရကြောင်း သိရသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့ပေးမှုများ ထပ်မံမရဘူးဆိုလျှင် ယူကရိန်း အနေဖြင့် စစ်ရှုံးရဖွယ်ရှိနေကြောင်း ပြီးခဲ့သောသီတင်းပတ်အတွင်း ပြောခဲ့သည်။ အမေရိကန်သည် ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားပြီး၊ လက်ရှိအချိန်တွင် ယခင်ကူညီရန်ကတိပြုထားသော အမေရိကန်ဒေါ်လာ ၄ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်း များကူညီပေးရန် စီစဉ်နေကြောင်း သိရသည်။ 

ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးခြင်းနှင့်ပတ်သက်ပြီး ရုရှားအစိုးရက အနောက်အုပ်စုနိုင်ငံ များကို ဝေဖန်ပြစ်တင်ထားပြီး စစ်ပွဲအချိန်ပိုကြာအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးထံမှ စစ်လက်နက်ပစ္စည်းဝယ်ယူမှုများကို ဆိုင်းငံ့လိုက်ကြောင်း ကိုလံဘီယာသမ္မတ ပြော

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved