Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေသန့်စင်လုပ်ငန်းတစ်ခုက ငွေကျပ်သိန်း(၁၂ဝဝ)ကို ကားပေါ်သို့ တင်ဆောင်နေစဉ် လူ(၃)ဦးမှ သေနတ်ပစ်ဖောက်ကာ ဓါးပြဝင် တိုက်မှု မန္တလေး၌ ဖြစ်ပွား

NP News - မတ် ၂၈


မန္တလေးမြို့ရှိ စိန်ကျော်မိုးရွှေသန့်စင်လုပ်ငန်းဆိုင်သည် ၎င်းတို့၏ ငွေကျပ်သိန်း (၁၂ဝဝ)ကို ကားပေါ်သို့ တင်ဆောင်နေစဉ် လူ(၃)ဦးမှ သေနတ်ပစ်ဖောက်ကာ ဓါးပြဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၂၇ ရက်) ညနေပိုင်းတွင် မန္တလေး တိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်းနှင့် ၃၂ လမ်းအနီးရှိ စိန်ကျော်မိုးရွှေသန့်စင်လုပ်ငန်းဆိုင်ရှေ့တွင် ဓါးပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်နေရာရှိ သတင်းအရင်းအမြစ်တစ်ဦး က NP News ကိုပြောဆိုထားသည်။


အဆိုပါရွှေသန့်စင်လုပ်ငန်းဆိုင်၏ ဝန်ထမ်းများသည် ဆိုင်ရှေ့၌ ရွှေရောင်းရငွေ ကျပ်သိန်း(၁၂ဝဝ)ကို ကားတစ်စီးပေါ်သို့ တင်ဆောင်နေစဉ်အချိန်တွင် Nissan March အမျိုးအစား ကားတစ်စီးရောက်ရှိလာပြီး အမျိုးသား(၃)ဦး ကားပေါ်မှ ဆင်းလာကာ သေနတ်ပစ်ဖောက်ခဲ့ပြီးနောက် ဓါးပြတိုက်ယူဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။


“ငွေတွေကို ကားပေါ် တင်နေတဲ့အချိန် ကွတ်တိမှာပဲ သူတို့တွေ ရောက်လာတယ်လေ။ အမျိုးသား(၃)ဦးပေါ့ ပစ္စတိုသေနတ်တွေနဲ့ မိုးပေါ်ထောင်ပစ်တာတွေလည်း လုပ်သွားတာတွေ့တယ်။ ပိုက်ဆံတွေကတော့ အကုန်ပါသွားတာပေါ့။ ဆာလာအိတ်တစ်အိတ်ကို ငွေကျပ်သိန်း(၃ဝဝ)ထည့်ထားတာပေါ့။ အဲဒီ ဆာလာအိတ်(၄) အိတ်စလုံး သူတို့ ကားပေါ်တင်ပြီး မောင်းပြေးသွားတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။


လက်ရှိတွင် ရွှေသန့်စင်လုပ်ငန်းဆိုင်အား ဓါးပြတိုက်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ် CCTV မှတ်တမ်းတစ်ခုမှာလည်း လူမှုကွန်ယက် စာ မျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိသည်။


ထိုသို့ ဓါးပြတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကျူး လွန်သူများကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စိန်ကျော်မိုးရွှေသန့်စင်လုပ်ငန်းဆိုင်အား ဓါးပြတိုက်ခဲ့သူများကို မတ်လ ၂၇ ရက် ညပိုင်းအချိန်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီ ဖြစ် ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသော်လည်း ၎င်းအချက် အလက်အပေါ် NP News အနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။


၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ မြန်မာနိုင်ငံ၌ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် မြို့ကြီးများရှိ ရွှေဆိုင်အများအပြားသည်လည်း ဓါးပြတိုက်လုယက်ခံခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိနေရသည်။

zawgyi verison



NP News - မတ် ၂၈

















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေး-မြင်းခြံသွားကားလမ်းတွင် ဘုန်းကြီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဟန်း(၁)ပါးအပါအဝင် (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့

RELATED POSTS
RECENT POSTS
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved