Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်လာမည်ဆိုလျှင် နေတိုးအုပ်စုနှင့် တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်ဖွယ်ရှိနေဟု ရုရှားအစိုးရသတိပေး

ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၈ 

အမေရိကန်ဦးဆောင်တဲ့နေတိုးမဟာမိတ်အုပ်စုသည်  ယူကရိန်းနိုင်ငံအတွက် စစ်သားများ စေလွှတ်ကူညီမယ်ဆိုလျှင် နေတိုးအုပ်စုနှင့် ရုရှားနိုင်ငံကြားပဋိပက္ခတွေဖြစ်လာဖွယ်ရှိကြောင်း ရုရှားအစိုးရက  သတိပေးလိုက်သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်  ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးမှုအတွက် ရုရှားနှင့် နေတိုးအုပ်စုကြားအငြင်းပွားမှုတွေ၊ အပြန်အလှန်ဝေဖန်ပြစ်တင်မှုတွေ အရှိန်မြင့်လာခဲ့ကြောင်း သိရသည်။

ယူကရိန်းစစ်ပွဲနဲ့ဆက်နွယ်ပြီး  ရုရှားနှင့်နေတိုးအုပ်စု၏ဆက်ဆံရေးက ၁၉၆၂ ခုနှစ်ကဖြစ်ပွားခဲ့သော ကျူးဘား ဒုံကျည်ပြဿနာဖြစ်လာခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာခဲ့သည်။ ရုရှားသမ္မတပူတင် ကိုယ်တိုင်ကလည်း ယူကရိန်းစစ်ပွဲနဲ့ဆက်နွယ်ပြီး နေတိုးအုပ်စုနဲ့ ရုရှားနိုင်ငံကြား ထိပ်တိုက်တွေ့ဆုံလာဖွယ်ရှိကြောင်း အစောပိုင်း ကတည်းက ကြိုတင်သတိပေးထားပြီးဖြစ်သည်။

ပြင်သစ်သမ္မတမက်ခရွန်က  နေတိုးအုပ်စုဟာ ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံတွေရဲ့တပ်ဖွဲ့ဝင်တွေ စေလွှတ် ကောင်း စေလွှတ်ဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အငြင်းပွားမှုတွေဖြစ်လာခဲ့ ကြောင်းသိရသည်။၊

ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒီမိထရီပက်ကောဗ့်က "နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို တပ်ဖွဲ့ဝင် တွေစေလွှတ်ဖို့ ဆွေးနွေးမှုတွေဟာ အလွန်အရေးကြီးတဲ့အစီအစဉ်အသစ်တစ်ခုပါ။ ဒါပေမယ့် နေတိုးအဖွဲ့ဝင် နိုင်ငံတွေဟာ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေစေလွှတ်နိုင်ချေနဲ့ပတ်သက်ပြီး မဆွေးနွေးလိုဘူး။ ဒါပေမယ့် နေတိုး အုပ်စုဟာ ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံတွေက စစ်သားတွေ စေလွှတ်မယ်ဆိုရင် တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင် တယ်" ဟု ပြောသည်။


နေတိုးအုပ်စုသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးရုံသာမက ယူကရိန်းတပ်ဖွဲ့ဝင်တွေကို စစ်ရေး လေ့ကျင့်ခန်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အသုံးပြုပုံတွေကိုသာ သင်ကြားပေးခဲ့ကြောင်း သိရသည်။ ရုရှားနှင့် နေတိုးအုပ်စုခေါင်းဆောင်တစ်နိုင်ငံဖြစ်သော အမေရိကန်တို့သည် ကမ္ဘာပေါ်တွင် နျူကလီးယား လက်နက် အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံများဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင်ကရုရှားနှင့် နေတိုးအုပ်စုကြား ပဋိပက္ခဖြစ်လာမည်ဆိုလျှင် တတိယ ကမ္ဘာစစ်အထိ ဦးတည်လာဖွယ်ရှိတယ်လို့ အစောပိုင်းက  ပြောဆိုခဲ့ဖူးသည်။ ပြင်သစ်သမ္မတ မက်ခရွန်က အနောက် အုပ်စုနိုင်ငံများသည် ရုရှားနိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံနိုင်မည့် မဟာဗျူဟာကို ချန်လှပ်မထားသင့်ကြောင်း၊ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံ အနိုင်ရစေရန် အရာရာတိုင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်း တွင် ထုတ်ဖော်ပြောဆိုထားသည်။ 

ပြီးခဲ့သောရက်ပိုင်းတွင် ရုရှား နှင့် ယူကရိန်းကြားဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်ပြီးနေတိုးအုပ်စုနိုင်ငံများကြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရအဖွဲ့က အမေရိကန်နိုင်ငံသည် ယူကရိန်းသို့တပ်ဖွဲ့ဝင်များ စေလွှတ်မည့်အစီအစဉ်မရှိသလို ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်မည့် နေတိုးအဖွဲ့နှင့်ပူးပေါင်းရန်အတွက်လည်း တပ်ဖွဲ့ဝင်များစေလွှတ်မည်မဟုတ်ကြောင်းပြောသည်။ ရုရှားကိုရင်ဆိုင်ရန်အတွက် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရေးနှင့်ပတ်သက်ပြီး နေတိုးအုပ်စုဝင်နိုင်ငံများကြား အငြင်းပွားမှုများရှိနေကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

PDF (၇၀)ဦးခန့်က ထားဝယ်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာမ(၃)ဦးကို ဖမ်းဆီးမှု ထပ်မံဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved